မာနကင်းမဲ့ဇုန်

( 0 မှတ်ချက်)

8500 (ကျပ်)

…

လူတစ်ယောက်အပေါ် ထားလို့ရနိုင်တဲ့
မာန နဲ့ မေတ္တာတရားတို့
အပြိုင်တိုက်ရတဲ့ အချိန်ရောက်တိုင်း
ငါကတော့ မေတ္တာတရားကိုပဲ အနိုင်ပေးလိုက်တယ်

မာနသမားတွေကတော့
မာနကို အနိုင်မပေးရကောင်းလားဆိုပြီး
ငါ့ကို ကဲ့ရဲ့ချင် ကဲ့ရဲ့ကြလိမ့်မယ်
အထင်သေးချင် အထင်သေးကြလိမ့်မယ်

အဲဒါ သူတို့ခံယူထားတဲ့ သူတို့ခံယူချက်မို့
သူတို့ကိုလည်း ငါ မကန့်ကွက်

ငါ ယုံကြည်လက်ခံထားတဲ့
“သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်”ဆိုတာ သူက မာနထားလို့
ကိုယ်က မာနပြန်ထားရတာမျိုး မဟုတ်ဘဲ
ကိုယ်က မေတ္တာပေးလို့
သူ့က မေတ္တာပြန်‌ပေးလာတာမျိုး

တစ်ခါတစ်ခါ
မာနတွေ ထားလိုက်ချင်ရဲ့
သူတို့ထက်တောင် ပိုပြီး ထားနိုင်ပါရဲ့
ဒါပေမဲ့ ငါ ချစ်ခင်ရတဲ့သူတွေကို
ငါ့မာနထက်တောင် ငါက ပိုချစ်ခင်နေသလို

နေ့မြင် ညပျောက် ဆိုတာထက်
အခုမြင် အခုပျောက် ခေတ်ကြီးထဲ
ငါ ချစ်ခင်ရတဲ့သူတွေအပေါ် မာနမထားနိုင်တာ
အပြစ်ဆိုဖွယ် ရှိ‌နေနိုင်မလား

အပြစ်ဆိုမယ် ဆိုရင်လည်း
ငါကတော့ မငြိုမငြင် လိုလိုချင်ချင်ပါပဲ

အားလုံးအပေါ် မာန မကင်းနိုင်ရင်တောင်
ငါ ချစ်ခင်ရတဲ့သူတွေအတွက်တော့
မာနကင်းမဲ့ဇုန်လေး ဖြစ်ချင်တယ်…။ ။

စာမျက်နှာ

165(Woodfree paper)

စာအုပ်အရွယ်အစား

5.3× 0.2× 8.2 inches

ပုံနှိပ်မှတ်တမ်း

Book Case By Saw၊ 2025 ဇန်နဝါရီလ (ပထမအကြိမ်)

8 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မာနကင်းမဲ့ဇုန်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒေါ်ဟေ(အညာမြေ) စာအုပ်များ