အရေးကြီးတဲ့ပုစ္ဆာများအတွက် အဖြေများ
10000 (ကျပ်)
လူတွေဟာ မေးခွန်းတွေကို ဖြေနေရတယ်။ တချို့ အဖြေရှိပေမယ့် တချို့မေးခွန်းတွေမှာ အဖြေမရှိဘူး။ စာရေးသူ ငယ်ငယ်တုန်းက “ခလေးဂျာနယ် အပြေးသာဝယ်” ဆိုတဲ့ ခလေးဂျာနယ်မှာ တရုတ်ပညာရှိကြီး ရှီဝှမ်တီရဲ့ အမေးအဖြေတွေ ဖတ်ဖူးတယ်။
လူတွေဟာ မနက်လင်းတာနဲ့ အရပ်တစ်ဘက်တည်း မသွားဘဲ အရပ်ရှစ်မျက်နှာ အနှံ့အပြား ဘာကြောင့်သွားရတာလဲ။
• လူတွေ တစ်ဘက်တည်းသွားရင် ကမ္ဘာကြီးစောင်းသွားမှာပေါ့။ စောင်းပြီးမှောက်မသွားအောင် တစ်ယောက်တစ်နေရာ သွားကြရတာ။
ပင်လယ်ရေ ဘာကြောင့်ငန်သလဲ။
• ရှေးလူကြီးတွေ ဆားခပ်ထားလို့ပေါ့။ ပင်လယ်ရေတွေ ပုပ်စော်နံမကုန်အောင်ပေါ့။
အဲ့သလို ပေါက်ကရ အဖြေတွေကို ငယ်သေးတဲ့ကလေးဆိုတော့ သဘောကျတယ်။ ယခု အသက်ကြီးလာတော့ အဖြေတွေ ဖတ်ရပြန်တယ်။ ဒီအဖြေတွေကိုတော့ နိုဘဲလ်ဆုရတဲ့သူတွေက ဖြေထားတာ။ Nobel Book of Answers ဆိုတဲ့ စာအုပ်ထဲမှာပဲ။ ပေါက်တတ်ကရတွေမဟုတ်ဘူး။ ကောင်းကင်ကြီး ဘာကြောင့်ပြာသလဲ။ သစ်ရွက်တွေ ဘာကြောင့် စိမ်းရသလဲ။ စစ်ဘာကြောင့် ဖြစ်သလဲ။ လူတွေဘာကြောင့် နာကျင်ရသလဲ။ ဘာကြောင့် ပူတင်းမုန့်ကပျော့ပြီး ကျောက်ခဲက မာရသလဲ။ အဲသလို မေးခွန်းတွေကို နိုဘဲလ်ဆုရသူတွေက ဖြေထားတယ်။ လေဘာတုန်း၊ အချစ်မေတ္တာက ဘာတုန်း။ အောင်မယ် တစ်နဲ့တစ်ပေါင်းရင် ဘာကြောင့်နှစ် ရတာတုန်း။ အဲသလိုဟာတွေတောင် ပါတယ်။ ကလေးတွေအတွက် ဖြေထားတာပါတဲ့။ နိုဘဲလ်ဆုရတဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ တစ်မူထူးတဲ့သူ၊ ဉာဏ်ကြီးတဲ့သူတွေ မဟုတ်လား။ သူတို့ဖြေတွေကို ဖတ်ကြည့်သင့်တယ်လို့ ကျွန်တော်ထင်တာပေါ့။
ဒီစာအုပ်မှာ နိုဘဲလ်ဆုရတဲ့ ပုဂ္ဂိုလ်ကြီးတွေက ဖြေထားတာမဟုတ်တဲ့ အဖြေအချို့လည်း ပါဝင်ပါတယ်။ “ငါတို့မှာ ဘာကြောင့် မူကြိုကျောင်းတွေ ရှိရသလဲ” ကို ယေးလ်တက္ကသိုလ်ကလုပ်တဲ့ ဆာဗေးတစ်ခုကဖြေထားတယ်။ ” ငါတို့ ဘာကြိုက်သလဲ၊ ငါတို့ဟာ ငါတို့ရှာရမှာ” ကတော့ အက်ပဲလ်ကွန်ပျူတာကုမ္ပဏီက စတိဗ်ဂျော့ရဲ့ စတင်းဖို့ တက္ကသိုလ်မှာ ဟောတဲ့ မိန့်ခွန်းပါ။ “ငါတို့ ယဉ်ကျေးမှုက ဘာလဲ” ကတော့ ဦးခင်ဇော် (ကေ) ရဲ့ အဖြေပါ။ …
| စာမျက်နှာ | 265 |
|---|---|
| စာအုပ်အရွယ်အစား | 5.9 x 0.4 x 8.8 inches |
| ပုံနှိပ်မှတ်တမ်း | Aww Kyuu Mediaစာပေ၊ 2024 ဇူလိုင်လ (ဒုတိယအကြိမ်) |
20 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ