ငြိမ်းချမ်းရေးသာသနာနှင့် သူတို့အမြင်
4500 (ကျပ်)
ဆင်းရဲခပ်သိမ်း၊ ဒုက္ခခပ်သိမ်း၊ ကြောင့်ကြခပ်သိမ်း ငြိမ်းအေးရာဖြစ်သော အစ္စလာမ်၏တရားကို တိမ်သလ္လာမဖုံးသည့် အစွဲကင်းသော မြန်မာစာပေပညာရှင်တို့ အသိအမှတ်ပြုခဲ့ကြပုံကို ဒေါက်တာသန်းဝင်းအနေဖြင့် အကိုးအကား အထောက်အထား ခိုင်လုံစွာ တင်ပြထားပါသည်။ ဆရာမကြီး ဒေါ်စောရင်၏ ကမ္ဘာ့သမိုင်းပုံပြင်များ၊ ပထမပိုင်း (၁၉၆၃)တွင်လည်းကောင်း၊ ဗန်းမော်တင်အောင်၏ ရေးသားချက်တို့တွင်လည်းကောင်း၊ ဒေါက်တာသန်းထွန်း၊ မောင်ဆုရှင်၊ ဒဂုန်နတ်ရှင် စသည့် ပညာရှင်အသီးသီးတို့၏ တင်ပြချက်တွင်လည်းကောင်း ငြိမ်းချမ်းရေးဓမ္မကိုရေးသားဖော်ပြထားပါသည်။
အစ္စလာမ် ဓမ္မဗိမာန် ဦးဆောင်ဆော်ဩရေးမှူး အမှာစာမှ ကောက်နှုတ်ဖော်ပြချက်
ယခုစာအုပ်တွင် ကျမ်းတော်မြတ်ကုရ်အာန်နှင့် တမန်တော်မြတ် မုဟမ္မဒ်သခင်တို့၏ အဆုံးအမများကို အခြေခံ၍ အစ္စလာမ်အပေါ် မြန်မာစာပေပညာရှင်တို့၏အမြင်များကို ဆက်စပ်ကာ ပြုစုတင်ပြထားသည်။ အလ္လာဟ်အရှင်မြတ်၊ တမန်တော် မုဟမ္မဒ်သခင်၊ မြတ်တမန်မုဟမ္မဒ် ဦးဆောင်သော အာရပ်လူ့အဖွဲ့အစည်း၏ ကမ္ဘာကို အကျိုးပြုပုံ၊ ကျမ်းမြတ်ကုရ်အာန်၊ အစ္စလာမ့် ကိုယ်ကျင့်တရား၊ လူမှုရေးတရား၊ သေခြင်းတရားနှင့် ဘာသာတရားဆိုင်ရာ သွန်သင်ချက်များ၊ ပညာရှင်တို့၏အမြင်များကို တင်ပြထားပါသည်။ မြန်မာ့စွယ်စုံကျမ်းမှ အစ္စလာမ်နှင့် သက်ဆိုင်သည့်အချက်များလည်း ပါဝင်ပါသည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆိုင်ရာ အမြင်အတွေးများကိုလည်း ဆက်စပ်ဖော်ပြထားပါသည်။
| စာမျက်နှာ | ၁၀၂ |
|---|---|
| စာအုပ်အရွယ်အစား | 5.3x 0.1 x8.3 inches |
| ပုံနှိပ်မှတ်တမ်း | အမြွှာညီနောင်၊ ၂၀၂၄ ဧပြီလ (ပဉ္စမ-ကြိမ်) |
5 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ