မိမိကိုယ်ကို ထိုးထွင်းသိမြင်ခြင်းအနုပညာ

Unknow Author
( 0 မှတ်ချက်)

5000 (ကျပ်)

🪔 ဝေဒကျမ်းတွေအားလုံးရဲ့ အနှစ်ချုပ်ဖြစ်တဲ့ “ ဘဂဝဒ် ဂီသာ “ ကျမ်းပါ အချက်အလက်တွေကို စာဖတ်သူတို့ အလွယ်တကူဖတ်ရှုလေ့လာနိုင်ဖို့ ထုတ်နုတ်ရေးသား ပြုစုထားတဲ့ စာအုပ်ဖြစ်ပါတယ်။ “ ဘဂဝဒ် ဂီသာ “ ကျမ်းမှာ ပါဝင်တဲ့ ဘုရားရှင် ကရိသျှ်ဏ ရဲ့ ရှင်းလင်းမိန့်မှာချက်တွေဟာ “လူ” ပေါ် အခြေခံပြီး ဟောကြားထားတာဖြစ်လို့ နောင်လာနောက်သား လူသားတိုင်းအတွက် ဘဝနေထိုင်နည်းဖော်မြူလာ ဖြစ်လာခဲ့ပါတယ်။ လူသားတိုင်း တွေဝေတတ်ကြပါတယ်။ ဆုံးဖြတ်ချက်ချရ ခက်တက်ကြပါတယ်။ မိမိကိုယ်မိမိ ဘာမှန်းမသိ ဖြစ်တတ်ကြပါတယ်။ ဘဝရဲ့ ရည်မှန်းချက် ဘာမှန်းမသိ မရေရာ၊ မသေချာ ဖြစ်တတ်ကြပါတယ်။ လူတွေ ကြုံတွေ့ခံစားရမယ့် ပြဿနာအလုံးစုံရဲ့ အဖြေတွေကို ဒီကျမ်းစာမှာ အဖြေပေးထားပေမဲ့ စာပေနဲ့ ဘဝကို ဆက်စပ်ဖို့ ခက်ခဲနေတာကိုလည်း စာရေးသူက တွေ့ရှိလေ့လာခဲ့ရတာကြောင့် နားလည်ရလွယ်ကူစေဖို့ ပြန်လည်စုစည်းပြီး ရေးသား ပြုစုပေးထားခြင်းဖြစ်ပါတယ်။

🪔ဒီစာအုပ်မှာပါဝင်တဲ့ ဆောင်းပါးအပုဒ် (၄၀)က ဘဂဝဒ် ဂီသာကျမ်းမှာ ပါဝင်တဲ့အကြောင်းအရာတွေဟာ လူသားတွေရဲ့ နိစ္စဓူဝကိစ္စတွေနဲ့ ဆက်စပ်နေတဲ့အကြောင်း၊ နေ့စဉ်ရင်ဆိုင်နေရတဲ့ ဘဝပြဿနာအားလုံးအတွက် အဖြေအားလုံးကို ဘဂဝဒ် ဂီသာကျမ်းက ဘက်ပေါင်းစုံကနေ ပေးနေတာဖြစ်ကြောင်း တင်ပြဖို့ စာရေးသူက ကြိုးစားပြီး ရေးသားပြုစုထားတာ ဖြစ်ပါတယ်။ အတွေးအခေါ် အယူအဆတွေပါဝင်တာကြောင့် ဖတ်ပြီးရင် တစိမ့်စိမ့် တွေးကြည့်ဖို့နဲ့၊ ကိုယ့်ဘဝရဲ့ပြဿနာတွေကို ရှုထောင့်အသစ်တွေကနေ ခံစားသိရှိနိုင်ဖို့ ရည်ရွယ်ထားတာကြောင့် ဖတ်ရှုလေ့လာသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

94

စာအုပ်အရွယ်အစား

5.5 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

Academic စာပေ 2023 ဒီဇင်ဘာလ (ပထမအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မိမိကိုယ်ကို ထိုးထွင်းသိမြင်ခြင်းအနုပညာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်