ချစ်ခြင်းမေတ္တာသေဆုံးခြင်း

( 0 မှတ်ချက်)

4000 (ကျပ်)

”ပထမဆုံးအတူရှိဖူးတဲ့နေရာလေးမှာပဲ လမ်းခွဲခဲ့ကြတယ်။ အမှတ်တရတွေစတဲ့နေရာနဲ့ အမှတ်တရတွေအဆုံးသတ်သွားတဲ့နေရာဟာ တစ်နေရာထဲဖြစ်နေခဲ့တယ်”

ဒီဇာတ်လမ်းလေးရဲ့နာမည်ကို ”ချစ်ခြင်းမေတ္တာသေဆုံးခြင်း” လို့
နာမည်ပေးထားပါတယ်။ ကျွန်တော်တို့ဟာ ဘဝမှာ နွေးနွေးထွေးထွေးရှိလှတဲ့ ချစ်ခြင်းမေတ္တာကိုပဲ အလိုရှိခဲ့ကြတာပါ။ ဒါပေမဲ့ကံဆိုးစွာနဲ့ပဲ ဝေးကွာစေမဲ့ဖူးစာတွေနဲ့ဆုံရတဲ့အခါ ကျွန်တော်တို့ရဲ့ချစ်ခြင်းမေတ္တာတွေဟာ လွယ်လင့်တကူ သေဆုံးသွားခဲ့ကြဖူးမှာပါ…။

အသည်းကွဲတယ်ဆိုတာ ချစ်ခြင်းမေတ္တာငတ်မွတ်သူတွေ အများဆုံး ကြုံကြိုက်ရတာမျိုးပဲမဟုတ်လား…..။

ဒီစာအုပ်လေးထဲမှာ ချစ်ခြင်းမေတ္တာသေဆုံးရခြင်းတွေနဲ့အတူ အမြဲတမ်းတလွဲတချော်ဖြစ်တတ်တဲ့လူတစ်ယောက်ဟာ သူ့ဘဝမှာ ချစ်ခြင်းမေတ္တာအစစ်မှန်ကိုတော့မလွဲခဲ့တဲ့အကြောင်းတွေအပြင် တခြားသောဇာတ်လမ်းတိုလေးတွေလည်းပါဝင်ပါတယ်….။

အသည်းကွဲဖူးတဲ့သူတွေ ချစ်ခြင်းမေတ္တာကိုလက်လွှတ်ခဲ့ရဖူးသူတွေအပြင် ချစ်ခြင်းမေတ္တာရဲ့အနွေးဓာတ်ကိုခံစားရသူတွေလည်း ဖတ်ရှူလို့အဆင်ပြေမယ်လို့ ကျွန်တော်မြင်မိပါတယ်….။

စာမျက်နှာ

110

စာအုပ်အရွယ်အစား

5.1×0.2 7.3 inches

ပုံနှိပ်မှတ်တမ်း

Book Case By Saw၊ 2023 စက်တင်ဘာလ

15 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ချစ်ခြင်းမေတ္တာသေဆုံးခြင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Tristan Pyne စာအုပ်များ