ဇာစ်မြစ်

( 0 မှတ်ချက်)

8500 (ကျပ်)

“စနေည ဒီကို အရောက်လာပါ၊ ကျွန်တော့်ကို ယုံ” ဟူသော ဖိတ်ကြားလွှာ စာတိုလေးကြောင့် စပိန်နိုင်ငံ ဘီလ်ဘာအိုမြို့ရှိ ဂူဂန်ဟိုင်ပြတိုက်ကြီးဆီ ရောက်ရှိလာသော ရောဘတ်လန်ဒင်။ ဖိတ်ကြားသူက ဟားဗတ်တက္ကသိုလ်တွင် သင်္ကေတဗေဒကို လာရောက်သင်ကြားဖူးခဲ့သူ၊ ယခုအချိန်တွင် ကမ္ဘာကျော် အနာဂတ်ရေးရာပညာရှင်၊ ကွန်ပျူတာသိပ္ပံပညာရှင်၊ ဘီလျံနာသူဌေး ဘာသာမဲ့ကြီး အက်ဒ်မန်ခါးရှ်။

“ဒီည ဟောကိန်းသစ်တစ်ခု ထပ်ထုတ်ပါမယ်”
“ဘာသာရေးကိုးကွယ်ယုံကြည်မှုတွေ နေဝင်တော့မယ်၊ သိပ္ပံတစ်ခေတ်ဆန်းပြီ”

ရုပ်သံတိုင်းမှာ Live လွှင့်ပြသနေစဉ်မှာ အက်ဒ်မန့် နဖူးတည့်တည့်ကို ဖောက်ဝင်သွားတဲ့ ကျည်တစ်တောင့် နောက်ကွယ်က လုပ်ကြံသူ၊ လွှင့်နေဆဲ အစီအစဉ်ရဲ့ အဓိက အကြောင်းအရာကို ဖော်ထုတ်ဖို့ Dan Brown ရဲ့ ဇာတ်လိုက်ကျော်ကြီး ရောဘတ်လန်ဒင်။ သူနဲ့အတူ နောင်လာမယ့် အနာဂတ်ကမ္ဘာရဲ့ ပဲ့ကိုင်ရှင် AI နည်းပညာ၊ သမိုင်းနောက်ခံကို သင်္ကေတတွေ၊ စကားဝှက်တွေနဲ့ ဘယ်လို ရက်ရှယ် ဆွဲဆောင်သွားမလဲ ဆိုတာ အသည်းတထိတ်ထိတ် ရင်တမမနဲ့ ဖတ်ရှုရမယ့် ဒန်ဘရောင်းရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ စာအုပ်။

စာမျက်နှာ

690

စာအုပ်အရွယ်အစား

6 x 0.6 x 8.7 inches

ပုံနှိပ်မှတ်တမ်း

ဆုရောင်စဉ်စာပေ၊ 2019 နိုဝင်ဘာလ၊ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဇာစ်မြစ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

လင်းတင့်သီတ စာအုပ်များ

သင့်အတွက်ရွေးချယ်ပေးထားသည့်စာအုပ်များ