အခက်အခဲလား…လာထား
6000 (ကျပ်)
ဒီစာအုပ်ဖြစ်လာဖို့ ရခိုင်ပြည်မှာရှိတဲ့စီးပွားရေးအသင်းအဖွဲ့အားလုံးနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ထိပ်တန်းရခိုင်လူမှုရေးအသင်းအဖွဲ့တွေမှာပါဝင်ကြတဲ့ ရခိုင်စီးပွားရေးလုပ်ငန်းရှင်တွေ၊ တကယ့် Business Ground မှာ Fight နေကြတဲ့ Business Fighter တွေကိုသုတေသနလုပ်ပြီး စစ်တမ်းတစ်ခုကေါက်ယူခဲ့ပါတယ်၊Business Fighter တွေရဲ့အကြံပြုထောက်ခံပေးမှုအရ ရခိုင်စီးပွားရေးလုပ်ငန်းရှင် အယောက် ၁၀၀ ထဲကမှ ထောက်ခံမှုအများဆုံး ၁၂ ယောက်ကိုရွေးချယ်ခဲ့ပြီး ဒီစာအုပ်ကိုရေးသားထုတ်ဝေလိုက်ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းရှိ တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲမှာမှ ရခိုင်ပြည်ဟာ ဒုတိယအဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်ပါတယ်၊ဒုတိယအဆင်းရဲဆုံးပြည်နယ်ထဲကမှ စီးပွားရေးလောကမှာထူးချွန်အောင်မြင်နေကြတဲ့စီးပွားရေးလုပ်ငန်းရှင်တွေ၊တစ်နည်းပြောရရင် ဒုတိယအဆင်းရဲဆုံးပြည်နယ်ဆိုတဲ့ခြုံကြားမှာ လူဖြစ်လာကြပေမယ့် ခြုံကြားကဖောက်ထွက်ပြီး အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင် မြန်မာနိုင်ငံရဲ့ပညာရှင်တွေအဖြစ် ဘုံဖျားကိုဘယ်လိုအရောက်သွားခဲ့ကြသလဲ ဆိုတာတွေ၊အတိတ်က အရိပ်ဆိုးကြီးတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ကြသလဲ၊လက်ရှိပစ္စုပ္ပန်မှာ ဘာတွေလုပ်ဆောင်နေပြီး အနာဂါတ်ကိုဘယ်လိုပုံဖော်ကြမလဲဆိုတာတွေ အထူးသဖြင့်နေ့စဥ်ပြည်ပကိုထွက်ခွါပြီး အလုပ်လုပ်နေကြရလို့ လူသားအရင်းအမြစ်ဆုံးရှုံးနေတာကြောင့် ဘယ်လိုလုပ်ငန်းတွေလုပ်သင့်သလဲဆိုတာတွေ၊ပြည်တွင်း Business Landscape များ ဖွံ့ဖြိုးတိုးတတ်ဖို့ဘာတွေလုပ်ဆောင်ရမလဲဆိုတာတွေကို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ရခိုင်ပြည်ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေအတွက် ဒီစာအုပ်က တစ်ဒေါင့်တစ်နေရာကနေ နည်းပြလမ်းညွှန်ပေးသွားမှာဖြစ်သလို မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတတ်ဖို့အတွက်အထောက်အကူဖြစ်စေဖို့ရည်ရွယ်ရေးသားထားတာဖြစ်ပါတယ်။
စာမျက်နှာ | 232 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.3 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2022 ဒီဇင်ဘာလ (ပထမအကြိမ်) |
10 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ