ဇာတ်ပျက်နိုင်ငံတော်ရေ ငါ့ကိုတရားစွဲပါ

( 2 မှတ်ချက်)

2000 (ကျပ်)

အွန်လိုင်းပေါ်မှာ ပရိသတ်အကြိုက်တွေ့ခဲ့ကြတဲ့ ကဗျာဆရာညီမင်းညိုရဲ့‘‘ဇာတ်ပျက်နိုင်ငံ တော်’’နဲ့ ကဗျာဆရာညီလင်းနိုင်ရဲ့‘‘ငါ့ကိုတရားစွဲပါ’’ကဗျာရှည်နှစ်ပုဒ် စုစည်းမှုဖြစ်ပါတယ်။ ကိုယ့်နိုင်ငံအရေးနဲ့ပတ်သက်လာရင် ရဲရဲဝံ့ဝံ့ရေးသားတတ်တဲ့ ကဗျာဆရာနှစ်ယောက်ရဲ့စကားလုံးအပြင်းစားတွေကို ခံစားဖတ်ရှုရမှာဖြစ်ပါတယ်။ မျက်နှာဖုံးပန်းချီရေးဆွဲသူ ကဗျာဆရာလင်းသဏ်ညီက မျက်နှာဖုံးအပြင်းစားအကြောင်း ပါဝင်ရေးပြထားသလို စီစဉ်သူကဗျာဆရာလူဇော်သစ်ကလည်း ‘‘ဒီစာအုပ်မှာပါဝင်တဲ့ ကဗျာတွေဟာ ရုတ်တရက်ထိခတ်လာတဲ့ ခေတ်ရဲ့ယိုယွင်းမှုနဲ့ ကဗျာနိုးထစိတ် ပါဝါရှောခ့်ဖြစ်ချိန်မှာ အလိုလိုပွင့်ထွက်လာတတ်တဲ့ကဗျာမျိုး’’လို့ ဆိုထားပါတယ်။

‘‘အဆိုတော်လေးG-Fatt က
သူ ကြယ်တစ်ပွင့်ဖြစ်ချင်ကြောင်း လှစ်ဟတယ်
နိုင်ငံတော်က သူ့မှာရှိသမျှ လူငယ်ကြယ်တွေ
အနိုင်ကျင့်ဖျက်ဆီးခံလိုက်ရကြောင်း
အံကြိတ်ပြီး ပြောတယ်’’ – ညီမင်းညို

‘‘အဘထိဓားကြည့်ဆိုတဲ့ ကောင်တွေ
ငါ့ကို တရားစွဲပါ
ငါ့ကို တရားစွဲလိုက်ကြစမ်းပါ’’ – ညီလင်းနိုင်

စာမျက်နှာ

60

စာအုပ်အရွယ်အစား

5.5 × 0.3 × 8.3 inches

ပုံနှိပ်မှတ်တမ်း

Pica၊ 2020 စက်တင်ဘာလ၊ (ပ-ကြိမ်)

ဇာတ်ပျက်နိုင်ငံတော်ရေ ငါ့ကိုတရားစွဲပါ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. PICA MEDIA

    အပြင်းစားစကားလုံးတွေပါ။

  2. Me Me Kyaw

    Me Me Kyaw ဆရာညီလင်းနိုင်ရဲ့ အရေးအသားကို ကြိုက်လို့ပါ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ညီမင်းညို စာအုပ်များ