ဆရာ့ဇာတ်လမ်းစုံ
8000 (ကျပ်)
စာရေးဆရာ ဆရာမောင်သင်၏ အထင်ရှားဆုံးလက်ရာ ဆရာ့ဇာတ်လမ်းစုံများ တစ်ပေါင်းတည်းထုတ်ဝေထားခြင်းဖြစ်ပါသည်။ မူလပထမအကြိမ်ထုတ်ဝေစဥ် အတွဲ(၅)တွဲ ခွဲ၍ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး စာအုပ်အမှတ်(၅)ဖြင့် အမျိုးသားစာပေဝတ္ထုပေါင်းချုပ်ဆုကို ရရှိခဲ့ပါသည်။
ယခု ဆရာ့ဇာတ်လမ်းစုံပေါင်းချုပ်ကို ၀တ္ထုအဖြစ် သတ်မှတ်ကြမည်သာဖြစ်ပါ၏။ စာပေဗိမာန်ဆု၊ အမျိုးသားစာပေဆုတို့ရရှိခဲ့သည်မှာလည်း ၀တ္ထုပေါင်းချုပ်ဆုသာလျှင်ဖြစ်ပါသည်။ ဇာတ်လမ်း ဇာတ်ကွက်များဖြင့် တန်ဆာဆင်ရေးသားရသည်ဖြစ်၍ ၀တ္ထု၊ ထိုထက်တစ်ဆင့်တက်ရလျှင် ဆေး၀တ္ထုဟု သတ်မှတ်သည်မှာ မမှားသော်လည်း စာရေးသူ၏ အဓိကရည်ရွယ်ရင်းမှာ ဆေးပညာပြန့်ပွားရေး ဖြစ်ပါသည်။ ဖတ်ချင့်စဖွယ်သော ဖတ်၍မှတ်၍လွယ်သော ဆေးပညာကျမ်းတစ်ခုဟူသော ခံယူချက်ဖြင့် ရေးသားခဲ့သော ဆရာမောင်သင်၏ ယခုစာအုပ်မှာ ထင်ရှားကျော်ကြားလှသောလက်ရာ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
စာမျက်နှာ | 569 |
---|---|
စာအုပ်အရွယ်အစား | 6 x 0.9 x 9.5 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2017 ဩဂုတ်လ (ဒု-ကြိမ်) |
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ