ရွက်လှေလမ်း

( 0 မှတ်ချက်)

3500 (ကျပ်)

‘ရွက်လှေ’ဆိုတာ လေကို အမှီပြုပြီး ကြမ်းတမ်းလှတဲ့ လှိုင်းလုံးတွေကြားမှာ နိမ့်တစ်ခါ၊ မြင့်တစ်လှည့်နဲ့ လိုရာပန်းတိုင်ဆီကို ခရီးနှင်ရတဲ့ လှေတစ်မျိုးပါပဲ။ပင်လယ်ပြင်ကတော့ လှိုင်းတွေ ကြမ်းမယ်၊ မုန်တိုင်းတွေ ထန်မယ်၊ မာယာတွေ များမယ်၊ တစ်ခါတလေ ရွက်လှေတစ်စင်းလုံးကို ကြေမွပျက်စီးသွားစေမယ့် ထိုးနှက်တိုက်ခိုက်မှုတွေ ရှိမယ်။ ဒါက ပင်လယ်ရဲ့ သဘာဝပါပဲ။အဲဒီလိုဒဏ်တွေကို ကြောက်ရွံ့ပြီး ရွက်လှေတစ်စင်းအနေနဲ့ ပင်လယ်ပြင်ခရီးကြမ်းကို မနှင်ခဲ့ဘူးဆိုရင် ရွက်လှေရဲ့ ဖြစ်တည်မှုဆိုတာ အဓိပ္ပာယ် မဲ့လွန်းလှပါတယ်။ တန်ဖိုးမဲ့လွန်းလှပါတယ်။လှိုင်းတွေ၊ မုန်တိုင်းတွေ၊ မာယာတွေနဲ့ ထိုးနှက်တိုက်ခိုက်မှုဆိုတဲ့ဒဏ်တွေကိုမကြောက်မရွံ့ ၊ မတုန်မလှုပ်ဘဲ ခရီးနှင်နိုင်မှသာလျှင် ရွက်လှေရဲ့ ဘဝက ပိုပြီး သန်မာလာမှာဖြစ်သလို ပိုပြီးတော့လည်း အဓိပ္ပာယ် ရှိလာပါလိမ့်မယ်။ကြမ်းတမ်းတဲ့ပင်လယ်ပြင်ကို ဖြတ်ကျော်တဲ့အခါ ရွက်လှေတစ်စင်းရဲ့လမ်းက လှချင်မှ လှလိမ့်မယ်။ ထင်ရှားချင်မှ ထင်ရှားလိမ့်မယ်။ ဒါပေမဲ့ အချိန်တစ်ခုကိုရောက်တဲ့အခါမှာ ဘယ်လောက် ခရီးရောက်ခဲ့ပြီး ဘယ်လောက် လမ်းကြောင်းမှန်ခဲ့သလဲဆိုတာကသာ အရေးကြီးတာ ဖြစ်ပါတယ်။

စာမျက်နှာ

128

စာအုပ်အရွယ်အစား

5.5 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

မိုးကောင်းမြေစာပေ၊ 2022 အောက်တိုဘာလ (ပထမအကြိမ်)

8 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရွက်လှေလမ်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

စာရေးဆရာစုံ စာအုပ်များ