လူငယ်နဲ့ခေါင်းဆောင်မှု

( 7 မှတ်ချက်)

2500 (ကျပ်)

အရွယ်ရောက်လာတဲ့ လူငယ်တိုင်းလိုလို ကိုယ်ကျရာအဖွဲ့အစည်းတစ်ခုခုမှာ ခေါင်းဆောင်ဖြစ်ချင်ကြတာ မဆန်းပါဘူး။ ဒါပေမယ့် တကယ့်လက်တွေ့မှာကျတော့ ပြောသလောက်မလွယ်တဲ့ကိစ္စရပ်တွေ များစွာရှိတတ်ပါတယ်။ ခေါင်းဆောင်ဆိုတာ ခေါင်းဆောင်ဖြစ်ချင်စိတ်တစ်ခုတည်းနဲ့ ဆင်ကန်းတောတိုး ဇွတ်တရွတ်လုပ်ချင်လို့ မရနိုင်ပါဘူး။ နောက်ပြီး ဘဝင်ဟပ်ပြီး လေချွန်လမ်းလျှောက်နေလို့ မဖြစ်နိုင်ပါဘူး။
ခေါင်းဆောင်ဆိုတာ ဘာလဲ?
‘‘ခေါင်းဆောင်ဆိုတာ အစေခံပဲ။ မိမိကိုယ်ကိုယ် အစေခံလို့ မသိဘဲ အထက်စီးကနေပြီး တစ်မိန့်တစ်အာဏာနဲ့ဆိုရင်တော့ အဲဒီလူဟာ ခေါင်းဆောင် မဟုတ်တော့ဘူး။ အခွင့်အရေးသမားမျှသာ ဖြစ်တယ်’’ လို့ စာရေးသူက အကြမ်းဖျဉ်းဆိုထားပါတယ်။
ဒီတော့ ဒီစာအုပ်ထဲမှာ ခေါင်းဆောင်ဖြစ်လိုသူလူငယ်တွေအတွက် ခေါင်းဆောင်ကောင်းတစ်ယောက်ထားရှိရမယ့်စိတ်ထား၊ ကျင့်သုံးရမယ့်စည်းမျဉ်း၊ ကျွမ်းကျင်ရမယ့်စီမံခန့်ခွဲမှု၊ နှံ့စပ်ရမယ့်ဗဟုသုတ၊ ပါးနပ်ရမယ့်စွမ်းရည် …စတဲ့အကြောင်းအရာတွေကို အခန်းလိုက်ခွဲပြီး ရေးပြထားပါတယ်။

စာမျက်နှာ

120

စာအုပ်အရွယ်အစား

5.5 × 0.2 × 7.5 inches

ပုံနှိပ်မှတ်တမ်း

pica စာပေ၊ 2020 နိုဝင်ဘာလ၊ (ပ-ကြိမ်)

22 in stock

လူငယ်နဲ့ခေါင်းဆောင်မှု အား ဝေဖန်သုံးသပ်မှု 7 ရှိပါသည်။

  1. Aung khant oo (verified owner)

    နာမည်လေးကြိုက်လို့ပါ

  2. Kyaw Zin Oo

    လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် စာအုပ်ပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

မောင်မင်းစိုး စာအုပ်များ