လူငယ်နဲ့ပရဟိတ

( 0 မှတ်ချက်)

2500 (ကျပ်)

ကမ္ဘာတစ်ဝှမ်းသာမက မြန်မာနိုင်ငံမှာလည်း ကပ်ဆိုးတွေ တစ်မျိုးပြီးတစ်မျိုး ကျရောက်တတ်တာကို အားလုံး မျက်ဝါးထင်ထင် တွေ့မြင်ရပါလိမ့်မယ်။ ကပ်ဆိုးတွေကျရောက်လာပြီဆိုရင် ပြည်သူတွေရဲ့ ကျန်းမာရေး၊ စီးပွားရေးကိစ္စရပ်တွေအားလုံး အဘက်ဘက်က ယိုယွင်းပျက်စီး တတ်တာကိုလည်း သိကြပါလိမ့်မယ်။ ဒီလိုဖြစ်လာပြီဆိုရင် ပြည်သူတွေအတွက် ပထမဆုံး ဖြည့်ဆည်းပေးရမယ့်အရာဟာ စိတ်ခွန်အားပါပဲ။ စိတ်ခွန်အားရဲ့ရင်းမြစ်အစစ်အမှန်ကလည်း ပြည်သူတွေထဲကနေ ပြန်လည်သက်ဆင်းလာတာပါပဲ။ ပြောရရင် ပြည်သူအချင်းချင်း အပြန်အလှန်ထားရှိကြတဲ့ ပရဟိတအခြေခံစိတ်ဓာတ်ပါပဲ။

ဒီအကြောင်းအရာလေးကို စိတ်ကူးမိလို့ ဆရာမောင်မင်းစိုးရဲ့ယခင်ထွက်ရှိခဲ့တဲ့ “လူငယ်နဲ့ ပြဿနာ၊ လူငယ်နဲ့ လူမှုရေး၊ လူငယ်နဲ့ ထွက်ပေါက်” အိတ်ဆောင် စာအုပ်ငယ်လေးတွေထဲက ပရဟိတဆိုင်ရာ လူမှုရေးဆောင်းပါးများကို သီးသန့်ရွေးချယ်စုစည်းပြီး “လူငယ်နဲ့ ပရဟိတ” စာအုပ်လေး ထုတ်ဝေလိုက်ပါတယ်။ အထူးသဖြင့် လူ့စွမ်းအားအရင်းအမြစ်မှာ အဓိကအခရာ ကျတဲ့ လူငယ်တွေ ပရဟိတစိတ်ရင့်သန်လာစေဖို့ ရည်ရွယ်ပါတယ်။

စာအုပ်မှာ ဆောင်းပါးပေါင်း(၂၃)ပုဒ် ပါဝင်ပြီး လူငယ်တွေ ပရဟိတလုပ်ရာမှာ ထားရှိရမယ့် အခြေခံစိတ်နေစိတ်ထားလေးတွေကို ကွင်းဆက်မိအောင် တစ်ပုဒ်နဲ့တစ်ပုဒ် ချိတ်ဆက် ရေးသားတင်ပြထားပါတယ်။

စာမျက်နှာ

144

စာအုပ်အရွယ်အစား

5.5 x 0.3 x 8.3 inches

ပုံနှိပ်မှတ်တမ်း

Pica၊ 2020 မေလ၊ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လူငယ်နဲ့ပရဟိတ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မောင်မင်းစိုး စာအုပ်များ