ယောကျ်ားငါးယောက်နဲ့ မိန်းမ
3500 (ကျပ်)
လွန်ခဲ့သော နှစ် (၂၀၀၀) ခန့်က အမှန်တကယ် ဖြစ်ခဲ့သော ဖြစ်ရပ်တစ်ခု….
ချောမောလှပသော အမျိုးသမီတစ်ယောက်… သူမ နာမည် က ဖောတဲင်း….
ကံကြမ္မာဆိုးကြောင့် လို့ပြောရမလား၊ ဘဝပေး အခြေအနေ မကောင်းတာလို့ ပြောရမလား ….
အခက်အခဲပေါင်း များစွာ နဲ့ ရင်ဆိုင် ဖြတ်သန်းရင်း သူမ ရဲ့ဘ၀၊
မတူညီသော ပေါင်းစပ်မှုတွေ အဖြစ် အမျိုးသား (၅) ယောက် နဲ့ ဖြတ်သန်းခဲ့ရပါတယ်။
ဒါပေမဲ့လည်း ငြိမ်းချမ်းတဲ့ဘ၀၊ တည်ငြိမ်အေးဆေးတဲ့ ဘ၀ တစ်ခုကို တော့ ပိုင်ဆိုင်ခွင့်မရခဲ့ပါဘူး။
သူမ သောက်သုံးနေရတဲ့ ရေဟာ ရေငတ်ခြင်းဘေးကနေ အမြဲ ကင်းဝေးစေတဲ့ ရေတော့ မဟုတ်ခဲ့ဘူး။
ဘယ်လို အရာတွေကြောင့် သူမ ဘ၀ဟာ အခက်အခဲပေါင်းများစွာ နဲ့ ရင်ဆိုင်ခဲ့ရတာလည်း ….
သူမ အတွက် ဘယ် အရာက ဘ၀ အတွက် ထွက်ပေါက် ဖြစ်စေခဲ့လဲ၊
သူမ ဘ၀ တစ်ဖန် အပြောင်းအလဲ ဖြစ်စေခဲ့တဲ့ အရာက ဘာများ ဖြစ်ခဲ့သလဲ…. စတဲ့
အကြောင်းအရာတွေကို အစ္စရေး နိုင်ငံ ရာဇ၀င် နောက်ခံ လှုပ်ရှားမှုအဖြစ်အပျက်တွေ နဲ့ ချိတ်ဆက်ရေးသားထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
သခင်ယေရူ လူဇာတိခံယူပြီး လောက မှာ ရှိနေချိန်ကာလ အတွင်း ၊ ရှိမာရိ ပြည်ရောက်ချိန် မှာ သူမ နဲ့ တိုက်ရိုက်စုံတွေဖြစ်ခဲ့ပါတယ်။
သူမ နဲ့ ပတ်သက်တဲ့ အဖြစ်အပျက် တစ်ချို့ကို သမ္မာကျမ်းစာ ရဲ့ ရှင်ယောဟန် ခရစ်၀င်ကျမ်း မှာ ဖော်ပြထားပြီး သူမ ကို ရှမာရိ အမျိုးသမီး အဖြစ် အများက သိရှိထားကြပါတယ်။
ခရစ်တော် နဲ့ မတွေ့ ခင်မှာ သူမ ဖြတ်သန်းခဲ့တဲ့ ဘ၀ ဖြတ်သန်းမှု အဖုံဖုံကို ဒီစာအုပ်အတွင်းမှာ ရင်သက် ရူမောဖွယ်လေ့လာဖတ်ရူရမှလည်း ဖြစ်ပါတယ်။
စာမျက်နှာ | 261 |
---|---|
စာအုပ်အရွယ်အစား | 5.4 x 0.7 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | Northen Book Publication၊ 2021 ဇန်နဝါရီလ (ပ-ကြိမ်) |
7 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ