သင်သည်သာ သင့်ရဲ့စကြ၀ဠာ

( 24 မှတ်ချက်)

9000 (ကျပ်)

– Universe ရဲ့ သဘောတရားတွေဆိုတာ ကိုယ်အပါအ၀င် ..ကိုယ့်ပတ်၀န်းကျင်က လူတွေ .. အဖြစ်အပျက်တွေ .. အခြေအနေတွေနဲ့ Reflect လုပ် .. ထင်ဟပ်ကြည့်လိုက်တိုင်း ဘာနဲ့မှ မလွတ်ဘဲ တည့်ကြီးတွေ တိုးနေတဲ့ .. ရှာဖွေလေ.. တွေ့ရှိလေ သဘောတရားတွေပါပဲ။
Universe ဆိုတာ တကယ်တော့ Infinite Wisdom အနှိုင်းမဲ့ ပညာဥာဏ် ရတနာသိုက်ကြီးတစ်ခုပဲဖြစ်ပါတယ်။

– မိမိတို့ရဲ့ Innerworld မှာ စကြ၀ဠာရဲ့ ရိုးရှင်းတဲ့ လျှို့ဝှက်ချက်တွေဟာ ဆန်းကြယ်စွာ တည်ရှိနေပါတယ်။ကိုယ်တိုင်ရှာဖွေတတ်ဖို့သာ လိုပါတယ်။

– စကြ၀ဠာရဲ့ လှို့ဝှက်ချက်၊ အလှတရား၊ ရတနာတွေဆိုတာက ကိုယ်ရဲ့အတွင်းစိတ်ကိုပြောင်းလဲကြည့်လိုက်တာနဲ့ ကိုယ့်စိတ်ထဲမှာပဲ ဘွားကနဲတွေ့ မြင်လိုက်ရတာမျိုးပါ။
ကိုယ်က Universe ထဲမှာနေတယ်။ Universe ဟာ ကိုယ့်ရင်ထဲမှာလည်း ရှိနေတယ်။

ကိုယ်တိုင်က ကိုယ့်ရဲ့ Universe ပဲ ဖြစ်ပါတယ်။
ကိုယ်လိုချင်တဲ့အရာတွေအကုန်လုံးဟာ ကိုယ့်ဆီမှာပဲ ရှိနေပါတယ်။
မိမိကိုယ်သာ ကိုးကွယ်ရာပဲ ဖြစ်ပါတယ်။

စာမျက်နှာ

264

စာအုပ်အရွယ်အစား

4.3× 0.7×7 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2024 မတ်လ (ပထမအကြိမ်)

78 in stock

သင်သည်သာ သင့်ရဲ့စကြ၀ဠာ အား ဝေဖန်သုံးသပ်မှု 24 ရှိပါသည်။

  1. Htet Htet Tin Zar (verified owner)

    🌌 သင်သည်သာ သင့်ရဲ့စကြဝဠာ (You Are Your Universe) ဆိုတဲ့ ဆရာမမွန်ဟော်စီရဲ့ စာအုပ်လေးမှာ universe နဲ့ ပတ်သက်တာတွေကို သေချာလေး လေ့လာရမှာ ဖြစ်ပါတယ်။
    🌌 ပါဝင်တဲ့ အကြောင်းအရာတွေက ~
    ✨ Universe
    ✨ Spiritual
    ✨ Manifestation
    ✨ Energy
    ✨ Vibration
    ✨ Healing
    ✨ Mindful Eating
    ✨ Visualization
    ✨ Awareness
    ✨ Reflection
    ✨ Gratitude
    ✨ Co-creation
    စသဖြင့် အကြောင်းအရာအများကြီး ဖတ်ရှုရပါတယ်။
    🌌 Vibration လို့ ခေါ်တဲ့ energy ဟာ ကူးစက်တတ်တယ်လို့ စာအုပ်ထဲမှာ ပြောထားသလိုပဲ။ စာအုပ်ထဲက စာလေးတွေရဲ့ energy ကြောင့် ကိုယ်ကတော့ ဖတ်နေရင်းနဲ့ positive vibes ကို ခံစားရပြီး စိတ်အေးချမ်းနေမိပါတယ်။ စာအုပ်ထဲမှာ ဆရာမပြောပြထားတဲ့ နမူနာတွေဆိုရင်လည်း ကိုယ်ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်တွေနဲ့ ချိန်ထိုးတွေးဆကြည့်ဖြစ်တယ်။
    🌌 ရိုးရိုးရှင်းရှင်းနဲ့ သာမန်လူ နားလည်လွယ်စေအောင် ရေးသားထားတာမို့ အခုမှ Spiritual အကြောင်း၊ Universe အကြောင်း လေ့လာချင်သူတွေလည်း ဖတ်လို့ အဆင်ပြေပြီး သိပြီးသားသူတွေလည်း ပိုပြီးကွဲကွဲပြားပြား ရှင်းလင်းသွားစေမယ့် စာအုပ်လေးပါ။
    __________________________
    ❝Introduction❞
    🌌 Spirituality မှာ လွတ်မြောက်မှုကို ဦးစားပေးတယ်။ စိတ်အတွင်း ငြိမ်းချမ်းမှု Inner Peace & Joy ကို အခြေခံထားတယ်။ ပန်းတိုင်ကို လမ်းကြောင်းတစ်ခုတည်းကနေ သွားနေတာ မဟုတ်ဘဲ လမ်းတွေ အများကြီးကနေ ခွဲဖြာထွက်ပြီး သွားနိုင်တယ်။
    🌌 အရာရာကို လက်ခံနိုင်တဲ့ Open Minded နှလုံးသားကိုဖွင့်ထားတဲ့ စိတ်မျိုးရှိတယ်။ ဆုတောင်းလို့ရတယ်ဆိုတာ Spiritual Path မှာ မရှိဘူး။ ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာတွေအတွက် ကိုယ်တိုင်ပဲ ဖန်တီးတည်ဆောက် ယူရမယ်လို့ ယုံကြည်မှုရှိတယ်။ ဘယ်သူမဆို Spiritual လမ်းကို လျှောက်လှမ်းနိုင်ပါတယ်။
    🌌 Universe ဆိုတာကိုတော့ God လို့လည်း တင်စားပြောဆိုကြတာ ရှိတယ်။ ဒါပေမဲ့ Universe ဟာ ကိုယ်လိုချင်တဲ့ အရာရာတိုင်းကို ဖန်တီးပေးနိုင်တဲ့ ဖန်ဆင်းရှင်တော့ မဟုတ်ဘူး။ တကယ်တော့ ကိုယ်လိုချင်တဲ့ အရာတွေကို ဖန်တီးနိုင်တာက ကိုယ်ကိုယ်တိုင်သာ ဖြစ်တယ်။
    🌌 Universe ရဲ့ဘာသာဗေဒဟာ သိပ္ပံပညာ ရူပဗေဒသဘောတရားတွေနဲ့လည်း ဆက်စပ်နေတယ်။ စွမ်းအင် Energy ဆိုတဲ့ သဘောတရားဟာ Universe ရဲ့ အခြေခံကျတဲ့ သဘောတရားတစ်ခုပဲဖြစ်ပါတယ်။ Universe အတွင်းမှာ လူ၊ တိရစ္ဆာန်၊ သဘာဝပတ်ဝန်းကျင်၊ မြေ၊ ရေ၊ လေ၊ မီး၊ ဓာတ် သဘောတရားတွေဟာ ချိတ်ဆက်နေတယ်။ Universe ဟာ တုန်ခါမှုကြိမ်နှုန်းတွေ Vibrational Frequency တွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်တယ်။
    __________________________
    🌌 You Are Your Universe
    သင်သည်သာ သင့်ရဲ့စကြဝဠာ 🌌
    ကိုယ့်ရဲ့လိုအင်ဆန္ဒတွေပြည့်ဝခဲ့တာ၊ ကိုယ့်ရည်ရွယ်ချက် အောင်မြင်ခဲ့တာ၊ ကိုယ်လိုချင်တာလေးတွေရခဲ့တာ၊ တစ်စုံတစ်ယောက်ရဲ့ စောင့်ရှောက်ပေးခြင်းကို ခံရတာ၊ ရုတ်တရက်ကြီး မမျှော်လင့်ထားဘဲ သိတောင်မသိတဲ့သူတစ်ယောက်ဆီက အကူအညီရလိုက်တာတွေဟာ Universe က အလုပ်လုပ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
    Universe ကြီးက ကိုယ့်ရှေ့တည့်တည့် ရောက်လာပြီး လိုချင်တာတွေ လာပေးတာ မဟုတ်ဘဲ သူနဲ့တူသော သူများက ပေးကမ်းကူညီစောင့်ရှောက်ဖို့ ကျွန်မတို့ဆီ ပုံစံမျိုးစုံနဲ့ နေရာမျိုးစုံကနေ ရောက်လာကြတာပဲ ဖြစ်ပါတယ်။
    ကိုယ်ဟာ Universe ထဲမှာနေတယ်။ Universe ဟာ ကိုယ့်ရင်ထဲမှာပဲ ရှိတယ်။ ကိုယ်တိုင်က ကိုယ့်ရဲ့ Universe ပဲ ဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ အရာတွေ အကုန်လုံး ကိုယ့်ဆီမှာပဲ ရှိတယ်။ ကိုယ်တိုင်သာလျှင် ဖန်တီးရယူနိုင်တယ်။
    🌌 Vibration
    တုန်ခါခြင်း 🌌
    Universe နဲ့ ပတ်သက်ရင် Vibration အကြောင်းကိုလည်း တခုတ်တရ ပြောတတ်ကြပါတယ်။ နေရာလေးတစ်ခုကိုရောက်လို့ Good Vibe ဖြစ်တယ်လို့ ပြောတာဟာ Vibration ဆိုတဲ့ စကားလုံးရဲ့အတိုကောက်ပဲ ဖြစ်ပါတယ်။ မြန်မာလိုဆိုရင်တော့ Vibration ကို တုန်ခါတယ်လို့ အဓိပ္ပါယ်ပြန်လို့ ရပါ တယ်။
    လူတွေအနေနဲ့ ပြောရမယ်ဆိုရင်တော့ Vibration ဆိုတာ ကိုယ်တွေးတောနေတဲ့ အတွေးတွေ၊ ကိုယ်ခံစားနေရတဲ့ စိတ်ခံစားမှု Emotions တွေပဲ ဖြစ်ပါတယ်။ လူတစ်ယောက်က ဝမ်းနည်းနေမယ်ဆိုရင် Negative Vibration တွေ ဖြစ်နေပါတယ်။ ဝမ်းသာပျော်ရွှင်နေတယ်ဆိုရင်တော့ Positive Vibration တွေ ဖြစ်နေပါတယ်။
    Universe ရဲ့ ဘာသာစကားဟာ အဲဒီ Vibration တွေ Frequency တွေပဲ ဖြစ်ပါတယ်။ တုန်ခါမှုတွေ၊ ကြိမ်နှုန်းတွေလို့ ပြောရမယ်ပေါ့။ ဒေါသကြောင့် တုန်ခါနေတဲ့ဘလှိုင်းတစ်ခုကို Universe က ဒေါသအနေနဲ့ပဲ လက်ခံယူလိုက်ပါတယ်။ အဲဒီအတိုင်းပဲ ပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။ ထုတ်လွှတ်ပေးလိုက် ပါတယ်။ မေတ္တာကြောင့် အေးမြနေတဲ့လှိုင်းတစ်ခုကို Universe က မေတ္တာဆိုတဲ့ Positive Energy အနေနဲ့ပဲ အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။
    🌌 Vibrational Frequency
    တုန်ခါမှုကြိမ်နှုန်းများ 🌌
    လျှပ်စစ်သံလိုက်လှိုင်း Electromagnetic waves တွေ ရှိနေတဲ့ ဒီစကြဝဠာ Universe ကြီးထဲမှာ သက်ရှိသက်မဲ့ အရာအားလုံးဟာ တုန်ခါမှု လှိုင်းတွေ ရှိနေကြပါတယ်။ ဒီလှိုင်းတွေကို ထုတ်လွှင့်နေကြပါတယ်။ ဒီလှိုင်းတွေကပဲ အချင်းချင်း ချိတ်ဆက်သွားတတ်ကြပါတယ်။
    ဒါတွေကို ကျွန်မတို့က တနည်းအားဖြင့် Energy တွေလို့လည်း ခေါ်ကြပါတယ်။ လူတွေရဲ့ စိတ်ခံစားမှုတွေကို ဒီလိုတုန်ခါမှုကြိမ်နှုန်း Vibrational Frequency တွေနဲ့ တိုင်းတာနိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လူတွေရဲ့ တုန်ခါမှုနှုန်းတွေ၊ Energy တွေဟာလည်း အချင်းချင်း ကူးစက်မှု၊ ရိုက်ခတ်မှု ရှိပါတယ်။
    ဒေါသဖြစ်နေတဲ့ သူတစ်ယောက်အနားမှာ နေတာနဲ့ တရားထိုင်နေတဲ့သူ တစ်ယောက်အနားမှာ နေရတဲ့ခံစားချက် မတူတာဟာ ကိုယ်ရောက်ရှိနေတဲ့ အဝိုင်းအဝန်းမှာ ဖြန့်ကျက် လွှမ်းမိုးထားတဲ့ Energy တွေ မတူတဲ့အတွက် ဖြစ်ပါတယ်။ Energy ဆိုတာ အဲဒီသဘောပါပဲ။ အနားနီးရင် ကူးစက်လာတတ်ပါတယ်။
    🌌 Energy Usage
    Energy အသုံးပြုပုံများ 🌌
    လူတွေမှာ Energy တွေက စက်ကွင်းတွေလိုမျိုး ရှိတယ်။ Energy Field လို့ ခေါ်တယ်ပေါ့။ ဒါတွေက Exchange ဖြစ်နေတတ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အလဲအလှယ်လုပ်၊ ကူးလူးချိတ်ဆက်နေတတ်တယ်။ ကိုယ်နဲ့ ကိုက်ညီတဲ့သူ တွေ့ရင်လည်း အားတွေပြည့်တယ်။
    တစ်နေရာရာကို သွားပြီး ပင်ပန်းလာတယ်ဆိုတာက ကိုယ်နဲ့ မကိုက်ညီတဲ့၊ မတူညီတဲ့ Energy တွေအများကြီးနဲ့ ထိတွေ့လာရတဲ့အတွက်ကြောင့် ဖြစ် တယ်။ ချိတ်ဆက်ဖလှယ်လာရတာတွေကြောင့် ဖြစ်တယ်။ Energy ဆိုတာ အလျားအနံမရှိ၊ အတားအဆီးမရှိ၊ စီးဆင်းတတ်တဲ့ သဘာဝမျိုးရှိတယ်။
    ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ဆက်ဆံနေမိပြီဆိုရင် ကိုယ့်ရဲ့ Energy ကို သူရသလို သူ့ရဲ့ Energy ကလည်း ကိုယ့်ကို လာပြီး ရိုက်ခတ်နေတာမျိုး ဖြစ်တတ်တယ်။ တချို့ သိသာတယ်၊ တချို့ မသိသာဘူး။
    ကိုယ်က ရှေ့ကနေ Negative Energy နဲ့ သွားနေတယ်ဆိုရင် အနောက်က လူတွေကလည်း အဲဒီ အတိုင်း လိုက်ပါလာတာမျိုး ဖြစ်တယ်။ ကိုယ်က အလင်းရောင်ရှိနေတယ်ဆိုရင် ကိုယ့်ဘေးက၊ နောက်က ပါလာတဲ့လူကလည်း ကိုယ့်အလင်းရောင်ကို အလိုအလျောက် ခံစားနိုင်တာပဲဖြစ်ပါတယ်။
    🌌 Law of Relativity
    နှိုင်းယှဉ်ခြင်းနိယာမ 🌌
    နှိုင်းယှဉ်တယ် Compare လုပ်တယ်ဆိုတာ လူ့သဘာဝ Human Nature ပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Social Comparison လို့ ပြောနိုင်ပါတယ်။
    Human Nature အရ ဒုက္ခကို ဒုက္ခလို့ မထားနိုင်သလို သုခကိုလည်း သုခအနေနဲ့ မထားနိုင်ကြပါဘူး။ ဒုက္ခရောက်နေတဲ့အချိန်မှာ သုခနဲ့ နှိုင်းယှဉ်ခံစားလိုက်တယ်။ အဲဒီအခါ ဒုက္ခရဲ့သဘောသဘာဝတွေဟာ ပိုပြီးပီပြင်သွားတယ်။ သုခရဲ့အရသာကလည်း ဒုက္ခနဲ့နှိုင်းယှဉ်လိုက်ရင် ပိုပြီး ထင်ရှားပေါ်လွင်လာတတ်တယ်။
    လောကမှာ အကောင်းနဲ့အဆိုး၊ အဖြူနဲ့အမဲဟာ အမြဲအတူ တွဲနေတတ်ပါတယ်။ ဒါဟာ ဆန့်ကျင်ဘက်နှစ်ခု အတူရှိနေတဲ့ သဘောတရား Dualistic Concept ပဲ ဖြစ်ပါတယ်။
    ဒါကြောင့် အဖြူကို အမဲနဲ့ နှိုင်းယှဉ်နေမယ့်အစား အဖြူအတိုင်း လက်ခံထားလိုက်တယ်။ အမဲအတိုင်း လက်ခံထားလိုက်တယ်ဆိုရင် ဒါဟာ Neutrality ဆိုတဲ့ စိတ်အခြေအနေကို ရောက်နေတာဖြစ်ပါတယ်။
    သူ့နေရာနဲ့သူ သူ့အရှိအတိုင်းသူ လက်ခံထားလိုက်တဲ့အခါမှာ စိတ်က ကြိုက်ခြင်း မကြိုက်ခြင်း ဆိုတာတွေနောက်လိုက်ပြီး ပင်ပန်းခြင်း မဖြစ်တော့ပါဘူး။ လွတ်မြောက်မှု ရပါတယ်။
    သဘောပေါက်ထားရမှာက အမဲထဲမှာလည်း အဖြူရှိနိုင်သလို အကောင်းထဲမှာလည်း အဆိုးရှိနိုင်တဲ့သဘောပါပဲ။
    🌌 Law of Gestation
    တဆင့်ချင်း တိုးတက်ဖြစ်ပေါ်မှု နိယာမ 🌌
    Everything takes time to manifest. တဲ့။
    Manifest ဖြစ်တယ်ဆိုတာ ကောင်းတာတွေချည်းပဲ မဟုတ်ဘဲ ဆိုးတာတွေကလည်း ပေါင်းစုံပြီးဖြစ်လာတတ်ကြပါတယ်။ ပြုလုပ်ခဲ့တဲ့ ကံအကြောင်း တရားတွေ စုပေါင်းလာပြီး ဘဝတွေ၊ အခြေအနေတွေ၊ အဖြစ်အပျက်တွေ ဖြစ်တည်လာကြတာပဲ ဖြစ်ပါတယ်။
    ဒီဘဝမှာ ဒီရုပ်ဒီနာမ် ဒီအခြေအနေတွေနဲ့ လူလာဖြစ်တာလည်း အဲလို ဖြစ်ဖို့ Frequency တွေ၊ Energy တွေ၊ ကံသတ္တိ အစွမ်းတွေနဲ့ Manifest လာဖြစ်နေတာပဲ ဖြစ်တယ်။
    Law of Gestation အရ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် ဖြစ်ဖို့ဆိုရင် အချိန်တစ်ခုလိုတယ်။ ချက်ချင်းထမဖြစ်ဘူး။
    🚨 လိုချင်တဲ့အချိန်မှာ လိုအပ်တဲ့အရာတွေ Right Timming အချိန်ကိုက် ရောက်လာဖို့ဆိုတာ ကိုယ်က ဒီအတိုင်း ထိုင်စောင့်မနေဘဲ ကိုယ်တိုင်လုပ်ဖို့တော့ လိုအပ်ပါတယ်။
    🚨 Vibration ဆိုတာ ကိုယ်တွေးတောနေတဲ့ အတွေးတွေ၊ ကိုယ်ခံစားနေရတဲ့ စိတ်ခံစားမှု Emotions တွေပဲ ဖြစ်ပါတယ်။
    🚨 ကိုယ် ရည်ရွယ်လိုက်တဲ့ နေရာတစ်ခုမှာ ကိုယ့်ရဲ့ Energy ဟာ စီးဆင်းသွားတာပဲ ဖြစ်ပါတယ်။ Where your attention goes, your energy flows. ပါပဲ။ ကိုယ်အာရုံပြုလိုက်တဲ့ နေရာမှာ ကိုယ့်ရဲ့ Energy ဟာ ရောက်ရှိသွားပါတယ်။ အဲဒီအရာဟာလည်း ပိုပြီးကြီးထွားလာတတ်ပါတယ်။
    🚨 လူတွေမှာ Energy တွေက စက်ကွင်းတွေလိုမျိုး ရှိတယ်။ Energy Field လို့ ခေါ်တယ်ပေါ့။ ဒါတွေက Exchange ဖြစ်နေတတ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အလဲအလှယ်လုပ်၊ ကူးလူးချိတ်ဆက်နေတတ်တယ်။
    🚨 ကိုယ့်ကိုယ်ကိုယ် မသိစိတ် Subconscious Mind မှာ ဒီလိုဖြစ်လိုက်စမ်း၊ ဒီလိုဖြစ်စမ်းဟဲ့နဲ့ Programming လုပ်နေတဲ့ သဘောပါပဲ။ မသိစိတ်ဆိုတဲ့အတိုင်း မသိဘဲ စိတ်ထဲ ရောက်နေခဲ့တဲ့ အတွေးတွေ၊ ပုံရိပ်တွေကပဲ အခုလက်ရှိ ဖြစ်တည်နေတဲ့ ဘဝရဲ့၉၅ ရာခိုင်နှုန်းကို ပုံဖော်တည်ဆောက်ထားပါတယ်။ လူတွေဟာ Subconscious Mind ထဲမှာလည်း ကိုယ်တကယ်မလိုချင်၊ မဖြစ်ချင်တာတွေနဲ့ Manifest သွားဖြစ်နေမိတတ်ကြတာ။
    🚨 Universe ရဲ့ ဥပဒေသ၊ နိယာမတွေထဲမှာ Law of Attraction ဆိုတာ လူသိအများဆုံးတစ်ခု ဖြစ်ပါတယ်။ What you feel, you attract. လို့ဆိုတဲ့အတွက်ကြောင့် ကိုယ်ရချင်တဲ့ အရာတွေ၊ အခြေအနေတွေ၊ ကိုယ့်ဆီ ရောက်လာအောင် ဆွဲယူဖို့အတွက် ကိုယ့်ရဲ့ခံစားတွေးတောနေမှုတွေကို ပြင်ဖို့လိုပါတယ်။
    🚨 Negative Energy ဆိုတာ ကိုယ်လက်ခံလိုက်မိပြီ။ ကိုယ့်ထဲ ရောက်လာပြီဆိုတာနဲ့ အရင်ဆုံး ကိုယ်ကစပြီး ပူလောင်သွားရတယ်။ ပြီးရင် ကိုယ့်မိသားစုကို ကူးစက်သွားစေတယ်။ ပြီးရင် ကိုယ့်ရဲ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းထိ ရောက်သွားတတ်ပါတယ်။ ကိုယ့်ရဲ့အလုပ်က လူတွေပါမယ်။ သွားရင်း လာရင်းတွေ့တဲ့သူတောင် လွတ်ချင်မှလွတ်မယ်။ ဒေါသက နေရာမရွေး လူမရွေး ထွက်နေမယ်။ သတိမထားမိရင် မထားမိသလို အဲဒီစက်ကွင်း Energy Circle တွေဟာ ကျယ်ပြန့်နေတတ်ပါတယ်။ (~ Energy ရွှေ့ပြောင်းခြင်း)
    🌌🌌🌌🌌🌌

  2. Channmyae Hlaing Hlaing (verified owner)

    🌌🍀YOU ARE YOUR UNIVERSE🍀🌌
    #MONHALSEY
    🌌Universeလို့ဆိုရာမှာ Universeဆိုတာဘာလဲ….
    Covidကာလအလွန်မှာ ချမ်း Universeဆိုတဲ့စကားလုံးကို Spiritualityကိုလေ့လာနေကြတဲ့ အသိမိတ်ဆွေတွေဆီကနေတစ်ဆင့် အကြိမ်ကြိမ်ရင်းနီးစွာကြားသိလာခဲ့ပါတယ်။
    ထို့အတူ Social mediaဖြစ်တဲ့ Facebook pageတွေgroupတွေကနေ universe , energy ,vibration,manifest, frequency , healing ဆိုတဲ့ အသုံးအနှုန်းတွေ သဘောတရားလေးတွေကို ဖတ်မိပေမယ့် သေချာစွာ သိနားလည်မှုတော့ မရှိသေးပါဘူး။
    ဆရာမ မွန်ရဲ့ You are your universeဆိုတဲ့စာအုပ်လေးထွက်မယ့်အကြောင်း သိရတုန်းက Universeနဲ့အတူ Spiritualityပညာရပ်အကြောင်းတွေကို ဘာသာပြန်စာအုပ်လိုမျိုး ဖတ်ရလိမ့်မယ်ထင်မိပေမယ့် မှားသွားပါတယ်။
    ကိုယ်ထင်ထားသလိုမဟုတ်ပဲ ဆရာမမွန်က သူမရဲ့ရေးဟန် လေးအတိုင်း သူမနေ့စဥ်တွေ့ရတဲ့ လူမှုဘဝထဲက အကြောင်းအရာလေးတွေနဲ့ချိတ်ဆက် ပြီး ပေါ့ပေါ့ပါးပါးနဲ့နားလည်လွယ်အောင် ရေးသားထားပါတယ်။
    🌌Universeအကြောင်းကို ပြောပြဖို့အတွက် Spiritualityအကြောင်းကို အရင်Introductionအနေနဲ့ ပြောပြပေးထားပါတယ်။
    Spiritualityနဲ့ပတ်သတ်တဲ့ ဆရာမမွန်ရဲ့ ခံယူချက်ဖွင့်ဆိုချက်လေးတွေက သဘောပေါက်နားလည်လွယ်စေပြီး ချစ်စရာလည်းကောင်းပါတယ်။
    Spiritual လမ်းစဥ်ဆိုတာ ကိုးကွယ်မှုဘာသာတရားတစ်ခုမဟုတ်ဘဲ မိမိကိုယ်ကိုယ်ပြန်ရှာဖွေရတဲ့ စိတ်အတွင်း ငြိမ်းချမ်းမှုကို ရှာဖွေရတဲ့ လူသားဆန်မှု(Humanity)ကို ဦးတည်တဲ့ လမ်းစဥ်လို့ ဖွင့်ဆိုပေးထားပါတယ်။
    🌌Universeကိုတော့Godလို့ တင်စားပြောဆိုလေ့ရှိကြပေမယ့် ကိုယ်လိုချင်တာကို ဖန်တီးပေးနိုင်တဲ့ဖန်ဆင်းရှင်တော့မဟုတ်ပါဘူး။တကယ်တော့ ကိုယ်လိုချင်တဲ့ အရာတွေကို ဖန်တီးနိုင်တာက ကိုယ်ကိုယ်တိုင်သာဖြစ်ပါတယ်တဲ့။
    🌌Universeဆိုတာဘာလဲ….🌌
    🌌တစ်စုံတစ်ယောက်ရဲ့ ဆုတောင်းလေးကိုပြည့်အောင် လုပ်ပေးဖူးရင်….
    🌌တစ်စုံတစ်ယောက်ရဲ့လိုအင်ဆန္ဒလေးကို ဖြည့်ပေးဖူးရင်……
    🌌တစ်စုံတစ်ယောက်ရဲ့ ရည်ရွယ်ချက်ကို အောင်မြင်အောင် ကူညီပေးဖူးရင်….
    🌌တစ်စုံတစ်ယောက်ကို ကိုယ့်ကြောင့် စိတ်ပျော်ရွှင်အောင်လုပ်ပေးဖူးရင်….
    🌌ဒုက္ခရောက်နေသူကို ကူညီပေးခဲ့ဖူးရင်…..ကျွန်မတို့ကိုယ်တိုင်ဟာ အဲ့ဒီသူအတွက် Universeပဲ ဖြစ်ပါတယ်……တဲ့။
    💜💜သင်ကော တစ်စုံတစ်ယောက်အတွက် Uinverseဖြစ်ဖူးပါသလား…။
    💜💜 သင့်အတွက်ကော ဘယ်သူက Universeအဖြစ်ရှိဖူးပါသလဲ။ ကျွန်မကတော့ ဒီလိုလေး တွေးမိပြီး ကိုယ့်ရဲ့Universeကိုရှာဖွေမိပါတယ် တစ်စုံတစ်ယောက်ကကော ကိုယ့်ကိုယ်Universeအဖြစ် တွေးထင်မိတာရှိမလား လည်း သိချင်မိသွားပါတယ်……
    💜💜ဒီစာအုပ်လေးကို ကျွန်မအရမ်းဖတ်ခွင့်ရချင်တဲ့အချိန်မှာ ချစ်ရတဲ့တစ်စုံတစ်ယောက်က မွေးနေ့လက်ဆောင်အဖြစ် ပေးလာပါတယ် ဆိုတော့ သူက ကျွန်မရဲ့Universeပါပဲ။
    💜💜လုပ်ငန်းခွင်မှာ အခက်အခဲတွေ့ချိန် ကူညီဖူးတဲ့ စီနီယာတွေရှိပါတယ် သူတို့ကလည်း ကျွန်မရဲ့Universeပါပဲ။
    💜💜အလုပ်မရှိခင်အချိန်မှာ မငြီးမငြူနဲ့ စားစရာနေစရာကို စိတ်အားမငယ်ရအောင် မျက်နှာမငယ်ရအောင်ထားပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ မိဘနှစ်ပါးရှိပါတယ် သေချာပါတယ် ကျွန်မဘဝရဲ့Universeပါပဲ။
    💜💜ဒီစာအုပ်လေးဖတ်ပြီး ကျွန်မတွေးမိ ခံစားမိတာလေးတွေပါ။ ကိုယ်နဲ့ချိတ်ဆက်နေရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ချစ်ရသူ၊မိဘဆွေမျိုး၊ကိုယ်နဲ့မသိပေမယ့် အခက်အခဲတစ်စုံတစ်ရာတွေ့ချိန်မှာ ကူညီဖူးသူတွေရှိပါတယ် သူတို့ဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကျွန်မဘဝရဲ့Universeတွေဖြစ်ဖူးပါလိမ့်မယ်။ ဒီ ကျွန်မရဲ့Universeတွေ အားလုံးကို ဒီစာလေးကနေတစ်ဆင့် ကျေးဇူးတင်ကြောင်း ပြောပြချင်ပါတယ်။
    🌌Universe အကြောင်းနဲ့အတူ ချိတ်ဆက် ဆက်နွယ်နေကြတဲ့energy ,vibration,manifest, frequency , healing တွေနဲ့ပတ်သတ်တဲ့အကြောင်းအရာများစွာကို ခေါင်းစဥ်ပေါင်း(၅၅)နှင့်တကွ ပါရှိသည့်အတွက် တစ်ခုချင်းစီမှာပါရှိသည့်အကြောင်းအရာတွေကိုသေချာစွာ ပြန်လည်မျှဝေမဖော်ပြပေးသည့်အတွက် စာအုပ်လေးကို ကိုယ်တိုင်ဖတ်ကြည့် လေ့လာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
    🌌ကိုယ့်ရဲ့ဦးနှောက်နဲ့ကိုယ်ခန္ဓာ Brain and Body၊စိတ်နဲ့နှလုံးသား Mind and Spirit ကိုအနားပေးပါ။သူများရဲ့ အကုသိုလ်ကို ကိုယ့်ထံဝင်ရောက်ခွင့်မပြုပါနဲ့။ကိုယ့်ရဲ့energyကို ကျမသွားအောင် ကိုယ်တိုင် ကာကွယ်ထားရမှာပါ။(page_234)
    လွန်ခဲ့တဲ့နှစ်တစ်ရာကျော်က ဂျပန်နိုင်ငံက Mikao Usui Senseiဆိုတဲ့ Spiritual Guruကြီးက Mount Kuramaပေါ်မှာ ၂၁ ရက်ကြာ တရားကျင့်ကြံရင်း စတင်ရှာဖွေတွေ့ရှိခဲ့တဲ့ ပညာရပ်တစ်ခုဖြစ်တဲ့ Reikiပညာအကြောင်းကိုလည်း Reiki/Universal Life Force Energyဆိုတဲ့ ခေါင်းစဥ်လေးအောက်မှာ မျှဝေဖော်ပြပေးထားပါတယ်။
    Reikiလို့ ပြောလိုက်ရင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို Energyစွမ်းအင်နဲ့ ကုသပေးတဲ့Energy Healingလို့ သိနားလည်ကြတာများပါတယ်။ဒါပေမယ့် တကယ်တမ်းမှာ Reikiဆိုတာက ကောင်းမွန်သော အပြစ်ကင်းစင်သော ဘဝနေထိုင်နည်းတစ်ခုဖြစ်ပါတယ် တဲ့။Spiritual Well Beingအတွက် လိုအပ်တဲ့Way of Livingပါပဲ တဲ့။
    Reiki မှာ လိုက်နာရမယ့် Principles (5)ခုရှိပြီး အဲ့တာတွေကတော့……
    ဒီနေ့အတွက် ငါဟာ ဒေါသမထွက်ဘူး။
    ဒီနေ့မှာ ဘာအကြောင်းကြောင့်မှ စိတ်မပူဘူး။
    ဒီနေ့ လုပ်ရမယ့် အလုပ်တွေကို ငါဟာ ရိုးသားဖြောင့်မတ်စွာ လုပ်မယ်။
    ငါဟာ အရာရာကို ကျေးဇူးတင်တယ်။
    မိမိ အပါအဝင် မိမိနဲ့ချိတ်ဆက်လာသမျှကို သိတဲ့သူ မသိတဲ့သူ အကုန်လုံး ပေါ်မှာ မေတ္တာတရားနဲ့ကြင်နာစွာ ဆက်ဆံမယ်။ ဆရာမမွန်ပြောပြတဲ့Universeရဲ့သဘောတရား အကြောင်းအရာတွေနဲ့အတူ Reiki ရဲ့Principlesလေးတွေကို ဖတ်ပြီး……..
    “ကမ္ဘာမှာအရေးကြီးဆုံးက မေတ္တာတရားပဲ မဟုတ်လား” ဆိုတဲ့စကားလေးလိုပါပဲ မေတ္တာစွမ်းအင်တွေရဲ့ ကူးဆက်မှုလေးတွေကိုပါ သတိရစေပါတယ်။
    ကိုယ့်ရဲ့universe ကိုရှာဖွေပြီး ကိုယ့်ဘဝကို တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတာ စာအုပ်ထဲမှာ ဆရာမက သူမရဲ့လုပ်ဆောင်မှုလေးတွေနဲ့အတူ ညွှန်ကြားပီး sharing လုပ်ပေးထားပါတယ်။
    အကြောင်းအရာ ခေါင်းစဥ်ပေါင်း(၅၅)ခုနဲ့အတူ Universeနဲ့ဆက်စပ်ပတ်သတ်တာလေးတွေကို သိနားလည်ရလွယ်ကူစွာ ဖတ်ရှူခွင့်ရလို့ ဆရာမကို ကျေးဇူးတင်မိပါတယ်။

  3. Cho Tan Lwin (verified owner)

    “You are Your Universe” 🪐Review 💯
    Mon Halseyရဲ့နောက်ဆုံးထွက်ထားတဲ့”You are Your Universe”စာအုပ်လေးက Spiritual လမ်းစဉ်လျှောက်
    လှမ်းနေတဲ့သူတွေအတွက်ကော အခုမှစပြီးလျှောက်
    လှမ်းကြမယ့် သူတွေအတွက်ပါ ဖတ်သင့်တဲ့စာအုပ်ကောင်းတစ်အုပ်ပါ..
    တချို့ကိုယ်မသိသေးတဲ့အရာတွေ အသေးစိတ် သိခွင့်ရတယ် Energy,Vibration,Frequency Manifestation,Visualization,Healing ,Gratitude & Chakra အစုံအစုံပါပဲ ခေါင်းစဉ်(၅၅)ခုပါပီးတော့ တစ်ပုဒ်ချင်းဖတ်လိုက် ရတာအနှစ်တွေချည်းပါပဲ အရေးကြီးတဲ့အရာတွေ တစ်အုပ်ထဲတင် စုပီးထည့်ရေးထားတာမို့ အရမ်းတန်ဖိုးထားမိတဲ့အထိပဲ..
    စာအုပ်ရဲ့အပုဒ်တိုင်းကိုသဘောကျမိတဲ့ထဲက
    “ကုသိုလ်အရ ရလာတဲ့ခန္ဓာအိမ်ကို ကောင်းကောင်းမွန်မွန်လေးသုံးပီး အချိန်တန်တဲ့အခါ ပြန်အပ်ပေးခဲ့တာကောင်းပါတယ်”
    သေးသေးလေးကအစကျေးဇူးတင်တတ်တဲ့စိတ်နဲ့ကြည့်ရင် ကျေးဇူးတင်စရာတွေအပြည့်ပါပဲ
    “အမျှမဝေဘဲ နိဗ္ဗာန်ကိုဆုမတောင်းဘဲ အလှူပြုတယ်ဆိုတာဟာ ပေးကမ်းလိုက်ခြင်းသဘောမျှသာဖြစ်ပါတယ်”
    အရင်ကအမျှသေချာမဝေတတ်တဲ့သူက အမျှသေချာလေးဝေပေးတတ်ဖို့သိလာတယ်
    “Abundance ဆိုတိုင်း ရတာတွေချည်း တွေးမနေစေချင်ဘူး။ပေးနိုင်တာကလည်းAbundance ဖြစ်တာပါပဲ”
    ကိုယ့်ရဲ့Abundance ကလည်းအမြဲပေးနိုင်ကျွေးနိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့
    စသဖြင့် ဒီစာအုပ်ကနေ တန်ဖိုးရှိတဲ့ အသိတွေ ရလာတာအများကြီးပါပဲ …
    Universe ဆိုတာ ကိုယ်ကိုယ်တိုင်ပါပဲ 🪐
    ကိုယ်ဟာ ကမ္ဘာကြီးထဲမှာ ကိုယ့်တည်ရှိနေမှုရဲ့ ဆန်းကြယ်မှုတွေ သိရှိဖို့လိုအပ်နေရင် ဒီစာအုပ်လေးက လမ်းပြပေးနိုင်ပါလိမ့်မယ်🪐📚

  4. Woo Au (verified owner)

    🟣 You are your universe 🟣
    🪐သင်သည်သာ သင့်ရဲ့စကြ၀ဠာ🪐
    🪐Universe ဆိုတာ ဘာလဲလို့ မေးရင် သာမန်
    လူတစ်ယောက် အကြမ်းဖျင်း ဖြေလိုက်မယ့်
    အဖြေက စကြ၀ဠာဆိုတာပဲ ဖြစ်ပါလိမ့်မယ် ။
    ဒါဆို Universe (စကြ၀ဠာ) ရဲ့ အဓိပ္ပါယ်ကို
    မတူညီတဲ့ ရှုထောင့်ကနေ ပြန်လေ့လာရင် ဘယ်လောက်အတိုင်းအတာထိ ကျယ်ပြန့်ပါသလဲ …
    Universe ဆိုတာကိုတော့ God လို့လည်း တင်စားပြောဆိုကြတာ ရှိတယ်။ ဒါပေမဲ့ Universe ဟာ ကိုယ်လိုချင်တဲ့ အရာရာတိုင်းကို ဖန်တီးပေးနိုင်တဲ့ ဖန်ဆင်းရှင်တော့ မဟုတ်ဘူး။ တကယ်တော့ ကိုယ်လိုချင်တဲ့ အရာတွေကို ဖန်တီးနိုင်တာက
    ကိုယ်ကိုယ်တိုင်သာ ဖြစ်တယ်။
    Universe ရဲ့ဘာသာဗေဒဟာ သိပ္ပံပညာ ရူပဗေဒသဘောတရားတွေနဲ့လည်း ဆက်စပ်နေတယ်။ စွမ်းအင် Energy ဆိုတဲ့ သဘောတရားဟာ Universe ရဲ့ အခြေခံကျတဲ့ သဘောတရားတစ်ခုပဲဖြစ်ပါတယ်။ Universe အတွင်းမှာ လူ၊ တိရစ္ဆာန်၊ သဘာဝပတ်ဝန်းကျင်၊ မြေ၊ ရေ၊ လေ၊ မီး၊ ဓာတ် သဘောတရားတွေဟာ ချိတ်ဆက်နေတယ်။ Universe ဟာ တုန်ခါမှုကြိမ်နှုန်းတွေ Vibrational Frequency တွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်တယ်။
    📖ဒီစာအုပ်ထဲမှာ ဘာအကြောင်းအရာတွေ ပါလဲ
    💫Universe
    💫Vibration
    💫Vibration Frequency
    💫Law of Relativity
    💫Law of Cause & effect
    💫Law of Gestation
    💫Law of Attraction
    💫Law of Echo
    💫Energy Transfer
    💫Energy Transformation
    💫Abundance Power
    💫Mindful Eating
    💫Manifestation
    💫Visualization
    💫Love Energy
    💫Reflection of Yourself ,….နဲ့
    တခြား Spirituality , Energy , Universe ဆိုင်ရာ အကြောင်းအရာတွေကို မျှဝေရေးသားထားပါတယ်။
    အကြောင်းအရာတွေများပြားလို့ ငါနားမလည်လောက်ဘူး ၊ ပျင်းစရာကောင်းမယ့်စာအုပ်လို့တွေးမိရင်တော့ ခဏဖယ်ထုတ်ထားလိုက်ပါ။
    * စကြ၀ဠာနဲ့ ချီပြီး ပေးထားတဲ့ စာအုပ်နာမည်ကြောင့် အကြီးအကျယ်တွေ ရေးထားတယ်လို့မထင်စေချင်ပါဘူး။ ဒီစာအုပ်ထဲက အကြောင်းအရာတွေဟာအင်မတန်ရိုးရှင်းပါတယ်။ * လို့ ဆရာမ မွန်ဟော်စီ
    က ပြောထားပါတယ်။
    ဒီမျှဝေခြင်းမှာ စာအုပ်ရီဗျူးဆိုတာထက် သာမန်
    လူတစ်ယောက်အနေနဲ့ ဒီစာအုပ်ကို ဖတ်တဲ့အခါ နားလည်လွယ်စေဖို့ နားလည်သလောက် အမြင်နဲ့ ထုတ်နုတ်မျှဝေထားပါတယ် ။
    🪐 Universe ဆိုတာ ဘာလဲ… ဘယ်သူလဲ…ဘယ်ကလဲ
    စာဖတ်သူဟာ တစ်စုံတစ်ယောက်ရဲ့ ဆုတောင်းလေးကို ပြည့်စေခဲ့ဖူးရင်…တစ်စုံတစ်ယောက်ရဲ့ လိုအင်ဆန္ဒလေးကို ဖြည့်ပေးခဲ့ဖူးရင်… တစ်စုံ တစ်ယောက်ရဲ့ ရည်ရွယ်ချက်ကို အောင်မြင်အောင် ပံ့ပိုးကူညီပေးခဲ့ရင်… တစ်စုံတစ်ယောက် ကို မိမိကြောင့် စိတ်ပျော်ရွှင်အောင် လုပ်ပေးခဲ့ဖူးရင်…ဒုက္ခရောက်နေတဲ့သူကို ကူညီပေးခဲ့ဖူးရင် စာဖတ်သူ ကိုယ်တိုင်ဟာ အဲဒီသူအတွက် Universe ပဲ ဖြစ်ပါတယ်။
    အရှင်းဆုံး နားလည်ရမယ်ဆိုရင် သင်ကိုယ်တိုင်က တခြားသူတွေအတွက် အပေါ်ကလို အရာတွေ ပြုလုပ်ခဲ့ဖူးရင် သင့်ရဲ့ လိုအင်ဆန္ဒတွေ ၊ ရည်ရွယ်ချက်တွေ ၊ လိုအပ်ချက်တွေ ၊ အကူအညီတွေ လိုအပ်ချိန်မှာ Universe က ပြန်ပြီး အလုပ်လုပ်ပေးပါလိမ့်မယ် ။
    🟣 Manifestation
    လိုချင်တာရပါစေ.. ဆုတောင်းတွေပြည့်ပါစေ.. ရည်မှန်းချက်တွေ အောင် မြင်ပါစေဆိုပြီး Universe ဆီ ကလေးလေးတစ်ယောက်လို လက်ဖြန့်တောင်းကြတယ်။ ဒါကို Manifestation လို့ ဆိုကြတယ်။
    ဒီလို သူ့ကို တောင်းရင် လိုချင်တာအကုန် ရမယ်လို့ထင်ကြတယ်။ ကောင်းတာတွေ အကုန်လုံး သူက ပေးနိုင်တယ်လို့ ထင်ကြတယ်။
    တကယ်တော့ Manifestation ဆိုတာလည်း
    ကံအလုပ်ပါပဲ ။ ကျေးဇူး တရား.. မေတ္တာတရား.. ငြိမ်းအေးမှု.. ငြိမ်သက်မှု.. ယုံကြည်မှု သဒ္ဓါတရားနဲ့ ကုသိုလ်အလုပ်တွေပဲ ဖြစ်ပါတယ်။ ဒီအလုပ်တွေနဲ့ဆိုရင် ဘဝမှာ မတောင်းဘဲနဲ့ကို ပြည့်စုံနိုင်တဲ့
    ဆုတွေရှိပါတယ်။ အကျိုးကိုရလာဖို့ အကြောင်းကိုဖန်တီးလိုက်တဲ့အတွက်ကြောင့် ဖြစ်တယ်။
    မြန်မာအယူအဆနဲ့ယှဉ်ထိုးပြောရရင်
    ” ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်လာမည် ” ဆိုတဲ့ စကားအတိုင်းဖြစ်ပါတယ် ။ ကိုယ်ပြုလုပ်တဲ့ ကံအကြောင်းတရားဟာ ကိုယ့်ဆီကို အကျိုးသက်ရောက်မှုအနေနဲ့ ပြန်လည်ရရှိမယ်လို့ ပြောခြင်းဖြစ်ပါတယ်။
    🪐Universe ဆိုတာ ဘယ်နေရာမှာရှိလဲ ….သူ့ဆီက ဘာတွေတောင်းလို့ရလဲ…ဘယ်လိုတောင်းရလဲ … သူက ဘယ်လိုပေးမှာလဲ…
    Universe ဆိုတဲ့အရာကို အဝေးမှာ သွားရှာဖို့
    မလိုပါဘူး။ အဲဒီ Universe ဆိုတဲ့အရာဟာ မိမိရင်ထဲ နှလုံးသားထဲမှာ အနီးကပ်ဆုံးရှိနေတတ်ပါတယ်။ ကိုယ်တိုင်ဟာ ကိုယ့်ရဲ့ Universe ပါပဲ။
    Universe ဟာ ကောင်းတာတွေပေးနိုင်သလို ဆိုးတာတွေလည်း ပေးနိုင်ပါတယ်။ မိမိတို့ကိုယ်တိုင်က Universe ဆိုရင် ဘယ်သူမပြုမိမိမှုပါပဲ။ ကိုယ်လုပ်တဲ့အတိုင်း ကိုယ်ပြန်ရတဲ့အတွက် ဖြစ်ပါတယ်။
    🤝 We are all connected 🤝
    ” ငါတို့အားလုံးဟာ ချိတ်ဆက်နေကြတယ် ”
    ဒီစာစုလေးကို ဖတ်လိုက်တော့ We are all connected ဆိုတာဟာ Universe ရဲ့ သဘော တရားပါပဲတဲ့ ။
    လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်နေမိကြပါတယ် ။ ကိုယ်လည်း ရနိုင်သလို ပေးလည်းပေးနိုင်ကြတယ် ။ ရတယ်ဆိုတာ ပေးခဲ့လို့ဖြစ်ပြီး ပေးနိုင်ခဲ့တာကလည်း ရခဲ့လို့ ဖြစ်ပါတယ်တဲ့ ။
    ဒီအကြောင်းအရာလေးကိုတော့ ယုံလည်းယုံကြည်သလို လက်တွေ့လည်း ကျင့်သုံးဖြစ်ပါတယ် ။ ဥပမာအားဖြင့် ကိုယ်တိုင်က တစ်စုံတစ်ယောက်ကို စာအုပ်လက်ဆောင်ပေးတဲ့အခါ ကိုယ့်အတွက်လည်း Universe ကနေ ပြန်ပြီး အလုပ်လုပ်ပေးတာ (လက်ဆောင်ပြန်လည် လက်ခံရရှိတာ)တွေ ၊ ကိုယ်က မတောင်းပါဘဲနှင့် ကိုယ့်အပေါ် ကူညီခြင်းတွေ ကြုံတွေ့ရပါတယ်။
    စာဖတ်သူတို့ တစ်ယောက်နဲ့တစ်ယောက် အချိတ် အဆက်ရှိနေကြတယ်ဆိုတာ Universe ကြောင့်
    ဖြစ်ပါတယ် ။
    Universe ရဲ့ ဥပဒေသအရ ကိုယ်နဲ့ထိုက်တန်သမျှ …၊ ကိုယ်ပေးခဲ့သမျှ တစ်ခုမကျန် အကုန်
    ပြန်ရပါလိမ့်မယ်။ ဒါဟာ Universe ပါပဲ။
    You’re your universe …သင်ကိုယ်တိုင်သာ
    သင့်ရဲ့စကြ၀ဠာ ဖြစ်ပါတယ်။
    ၂၀.၄.၂၀၂၄
    🪐 You are your universe
    (သင်သည်သာ သင့်ရဲ့ စကြ၀ဠာ)
    🟣 စာရေးသူ – မွန်ဟော်စီ
    🟣တန်ဖိုး – ၉၀၀၀
    🟣စာမျက်နှာ – ၂၆၄
    🟣မျက်နှာဖုံးဒီဇိုင်း – ကိုအောင်
    🟣ပုံနှိပ်မှတ်တမ်း – ၂၀၂၄ ခုနှစ် ၊ မတ်လ
    ပထမအကြိမ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မွန်ဟော်စီ စာအုပ်များ