ရုက္ခမုဆိုး

( 0 မှတ်ချက်)

3000 (ကျပ်)

စာရေးသူသည် ကမ္ဘာကျော်ဗြိတိသျှလူမျိုး ရုက္ခဗေဒပါရဂူ ကင်းဒန်း ဝါ့ဒ်တို့ ဇနီးမောင်နှံ နှင့်အတူ ၁၉၅၃ ခုနှစ် မတ်လ ၆ ရက်နေ့မှ ၁၉၅၄ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိကချင်ပြည်နယ် တြိဂံနယ်မြေသို့ ရုက္ခဗေဒ သုတေသနပြုစုရေး ခရီးထွက်ခဲ့ပါသည်။ နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး တြိဂံ နယ်မြေရှိ တောင်းများပေါ်သို့ အခေါက်ခေါက်တက်ရောက်၍ ရုက္ခဗေဒသုတေ သနပြုခဲ့ပါသည်။

ကင်းဒန်းဝါ့ဒ်သည် ကချင်ပြည်နယ်မြောက်ပိုင်းရှိ ရေခဲတောင်မြင့်ကြီး များပေါ်၌သာပင်ခြောက်ကြိမ်တိုင်တိုင် ရုက္ခဗေဒသုတေသနပြုလုပ်ခဲ့ဖူးသော် လည်း တြိဂံနယ်မြေကိုမူယခင်က မရောက်ခဲ့ဘူးပေ။
ကင်းဒန်းဝါ့ဒ်သည် စာရေးသူနှင့်ပူးပေါင်းမိမှသာ တြိဂံနယ်မြေတွင် အတော်ပင်နှံ့နှံ့စပ်စပ်ရူက္ခဗေဒသုတေသနလုပ်ငန်းများကို ပြုလုပ်နိုင်ခဲ့သည်။
ယခုစာအုပ်သည် ကင်းဒန်းဝါ့ဒ်နှင့်အတူ တြိဂံနယ်မြေသို့လိုက်သွားရစဉ်ရရှိခဲ့ရသော စာရေးသူ၏ အတွေ့အကြုံများကို မူတည်၍ ရေးသားပြုစုထားခြင်းဖြစ်ပါသည်။

ဤစာအုပ်ကိုဖတ်ရှုရသောကြောင့် နောင်တခေတ်တွင်ကင်းဒန်းဝါ့ဒ် ကဲ့သို့သော မြန်မာ့ရုက္ခဗေဒသုတေသီများပေါ်ပေါက်လာပြီး မြန်မာနိုင်ငံအနှံ့ ၌ ရုက္ခဗေဒသုတေသီလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်လာကြမည်ဆိုလျှင် ပြုစုရကျိုးနပ်ပြီဖြစ်ကြောင်း စာရေးသူမှ မှတ်ချက်ပြုထားပါသည်။

စာအုပ်အရွယ်အစား

5.2 × 0.3 × 8.1 inches

စာမျက်နှာ

130

ပုံနှိပ်မှတ်တမ်း

ကိုနေ(မန်း)စာပေ၊ 2021 ဒီဇင်ဘာလ (ပ-ကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရုက္ခမုဆိုး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ချစ်ကိုကို စာအုပ်များ