ရိုးရာနှင့်အညာဓလေ့၀တ္ထုတိုများ

( 0 မှတ်ချက်)

4500 (ကျပ်)

ကျွန်တော်ဖန်တီးသမျှ စာအလှတို့တွင် ရှေးရိုးစွဲအညာသူ အညာသားကြီးများ၏ ဇာတိစွဲ ပုဂ္ဂလစွဲကြီးကြပုံ၊ ဘိုးစဉ်ဘောင်ဆက် အလေးထားလိုက်နာခဲ့ကြသည့် ဖိရိုးဖလာရှေးရိုးရာများကို တမြတ်တနိုးယုံကြည်ကိုးကွယ်ကြပုံ၊ တတိယအရွယ်ဇရာအိုကြီးများ၏ သံဝေဂ ရစေဖွယ်ဆည်းဆာချိန်၊ ငါးရာနှစ်ဆယ့်ရှစ်မေတ္တာဖွဲ့ဇာတ်အိမ်တို့သာ တခုတ်တရပါရှိ၏။ ပွင့်လင်းသည့် အညာသံ၊ ရိုးရှင်းသည့် အညာဟန်တို့ကိုလည်း ရှုမြင်နိုင်ကြ၏။ ကျွန်တော်၏ဇာတ်ကောင်များသည် ထူးထွေဆန်းပြားခြင်းအလျဉ်းမရှိ။ ဂုဏ်ပကာသန ထည်ပခြင်းလည်းမရှိ။ ရိုးရှင်းသည်။ အေးချမ်းသည်။ ရောင့်ရဲနိုင်သည်။ မေတ္တာကြီးကြသည်။

အညာကျေးလက်၏ရိုးရာဓလေ့အရိပ်အောက်ဝယ် ခိုလှုံမွေ့လျော်ခဲ့ကြသူများဖြစ်သည့်အားလျော်စွာ အရှင်စွဲ၊ သခင်စွဲ၊ ရိုးရာစွဲတို့ကြီးကြ၏။ ရပ်စွဲ၊ ရွာစွဲ၊ ဒေသစွဲတို့ပြင်းပြ၏။ မေတ္တာအားကောင်းသူများပီပီ အာဃာတကင်း၏။ မာန်မာနရှင်း၏။ ပြေလွယ်ကျေလွယ်သူများဖြစ်ကြ၏။ ဤသည့်အတွက်ကြောင့်လည်း ဤစာအုပ်ခေါင်းစီးအား ” ရိုးရာ နှင့် အညာဓလေ့ဝတ္ထုတိုများ ” ဟု အမည်ပေးခဲ့ခြင်းဖြစ်ပါသည်။

အညာ့ရိုးရာများစွာအနက်မှ ကျွန်တော်အထူးတလည်မြတ်နိုးရသော ရိုးရာတစ်ခုလည်းရှိ၏။ အခါမုန့်(မုန့်ဆီကြော်)ကြော်ကာ ပုန်းမကြည်နတ်တင်မြှောက်ရသည့်ရိုးရာပင်ဖြစ်သည်။ ကျွန်တော်တို့ဒေသဝယ် တစ်နှစ်လျှင် အခါငယ်(သီတင်းကျွတ်လပြည့်)၊ အခါကြီး(တပေါင်းလဆန်း)ဟူ၍ နှစ်ကြိမ်တင်မြှောက်ကြသည်။ ကျွန်တော်ငယ်စဉ်က အမေကြီးပုန်းမကြည်နတ်တင်မြှောက်သည်ကိုမြင်လျှင် အလွန်သဘောကျပြီး၊ ရှင်ကြီးအိုးဖော်ရသည်ကို အလွန်ပျော်၏။ ခန်းနေချထားသည့် ပုန်းမကြည်ရှင်ကြီးအိုးကို ချောင်းရမြောင်းရတာအမော။

ထို့ကြောင့်လည်း ဤစာအုပ်တွင် ထည့်သွင်းဖော်ပြထားသည့် ဝတ္ထုတိုဆယ့်သုံးပုဒ်၌ ပုန်းမကြည်နတ်တင်သည့်ရိုးရာနှင့်ဆိုင်သော ဝတ္ထုတိုသုံးပုဒ်ပင် ထည့်သွင်းထားသည်။ ” ရိုးရာ၊ ရှင်ကြီးအိုး၊ ခြေတော်စုံ ဆံပုံလို့ခင်းချင်ရဲ့ ” တို့ပင်ဖြစ်သည်။ ယင်းသုံးပုဒ်သည် ရိုးရာတူသည်ဆိုသော်ငြား ဇာတ်အိမ်ကား ကွဲပြား၏။ ရှေးရိုးစွဲအညာသူအညာသားကြီးများ၏ မြန်မာ့ဟန်မြန်မာ့စရိုက်တစ်စွန်းတစ်စကို မြင်နိုင်မည်ဖြစ်သကဲ့သို့ အညာဟန် အညာသရုပ်ကိုလည်း ထိတွေ့ခံစားရမည်ဖြစ်ပါသည်။ အခြားသောဆယ်ပုဒ်သည်လည်း အညာရိပ်၊ အညာ့ရိုးရာ၊ အညာ့အငွေ့အသက်တို့ ရောယှက်စီးဝင်နေကြသည်။

စာမျက်နှာ

207

စာအုပ်အရွယ်အစား

5.5× 0.3×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2022 စက်တင်ဘာလ ၊ ပထမအကြိမ် ၊

10 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရိုးရာနှင့်အညာဓလေ့၀တ္ထုတိုများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

လင်းရောင်နီ(စဘေ) စာအုပ်များ