ရင့်ကျက်စွာသန်မာပါ

( 0 မှတ်ချက်)

5000 (ကျပ်)

အမြဲသန်မာနေဖို့ မလိုပါဘူး၊
လဲကျလို့ရတယ်၊ စိတ်ဓာတ်ကျလို့ရတယ်၊
ပြိုလဲပြီးတဲ့ အခါမှာတော့
ပြန်လည်ထနိုင်ဖို့၊
အသစ်တစ်ဖန် ပြန်စတင်ဖို့
အဆိုးတွေထဲကနေ
အကောင်းကိုရှာပြီး ရှင်သန်တတ်ဖို့လိုပါတယ်။

“သင့်ဆီကို ကောင်းကံတွေရောက်လာဦးမှာပါ”

ဘဝမှာ မဆုံသင့်တဲ့လူတွေနဲ့ဆုံရတဲ့အခါ သူတို့ပေးတဲ့စိတ်ဒဏ်ရာတွေကို သင်ခန်းစာအဖြစ်ပြောင်းလဲယူလိုက်ပါ။ ဘဝမှာ ဆုံသင့်တဲ့လူနဲ့ဆုံရတဲ့အခါကောင်းမွန်ဆုံး ချစ်ခြင်းမေတ္တာတွေပေးလိုက်ပါ။ တချို့သောဒုက္ခတွေဟာယူတတ်ရင် သင်ခန်းစာရပါတယ်။ နောက်ဒီလိုမဖြစ်အောင်ဆိုပြီးသင့်စိတ်ကို သတိပေးရာရောက်တာပေါ့။

သင့်အပေါ်ကောင်းတဲ့လူနဲ့ တွေ့ရင်လည်း သင့်ဘက်ကပြန်ကောင်းပေးဖို့ မေ့လျော့မနေပါနဲ့။ သင့်ဆီကို အဆိုးချည်းပဲရောက်လာမှာမဟုတ်ပါဘူး။ ကောင်းချိန်တန်တဲ့အခါ ကောင်းတဲ့အရာတွေလည်း သင့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါလိမ့်မယ်။ အဆိုးဘက်ချည်းပဲ အမြဲတွေးနေရင် အဆိုးတွေချည်းဖြစ်ကုန်မှာပေါ့။ ကောင်းတဲ့ဘက်ကနေတွေးပြီး ကောင်းတဲ့အရာလေးတွေနဲ့စိတ်ကို ဖြေသိမ့်တဲ့အခါ ခံစားနေရတဲ့စိတ်ဖိစီးမှုတွေ အနည်းငယ်စိတ်သက်သာရာရောက်တာပေါ့။ တချို့အသေးအဖွဲကိစ္စတွေအတွက်နဲ့ သင့်စိတ်ကို ဖိအားမပေးပါနဲ့။

လူဖြစ်လာမှတော့ ဒုက္ခ၏ဆင်းရဲခြင်း၊ သုခ၏ချမ်းသာခြင်းနဲ့  အမြဲကြုံဆုံနေရမှာပါပဲ။ ဘာမှမဟုတ်တဲ့အသေးအဖွဲကိစ္စတွေကိုတော့ ဒုက္ခလို့အမည်တပ်ပြီးငြီးငြူမနေပါနဲ့။ သင့်အတွက်လေးလံပြီး စိတ်ပင်ပန်းစေတယ်လို့ထင်တဲ့အရာမှန်သမျှကို သင့်ဘဝထဲကနေ တဖြည်းဖြည်းချင်းလွှတ်ချခဲ့ပါ။ ပိုင်ဆိုင်ရခြင်းတွေ၊ ဆုံးရူံးရခြင်းတွေက မမြဲတဲ့သင်္ခါရတွေပါပဲ။ ဖြစ်လာသမျှအရာတွေအပေါ် လက်ခံတတ်ဖို့နဲ့  စွန့်လွှတ်တတ်ဖို့ပဲလိုပါတယ်။

စာမျက်နှာ

114

စာအုပ်အရွယ်အစား

5.3 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊2024၊ မေလ(ပထမအကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရင့်ကျက်စွာသန်မာပါ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ခမ်း စာအုပ်များ