ယာဉ်ထိန်းရဲမြင်ရင် မထိတ်လန့်နဲ့ (15% Off)

( 0 မှတ်ချက်)

3000 (ကျပ်) 2550 (ကျပ်)

ဒီစာအုပ်ဟာ ပြည်သူ့အချစ်တော်ယာဉ်ထိန်းရဲတစ်ဦးဖြစ်တဲ့ ဆရာနေမျိုးသူရ(ခ)ဒုရဲအုပ်ဌေးလွင်ရေးသားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒါမျိုး မော်တော်ယာဉ်မောင်းနှင်မှုဆိုင်ရာသုတစာအုပ်ဟာ စာအုပ်ဆိုင်တိုင်းမှာ မရှိသလောက်ရှားပါးလှပါတယ်။ အဲဒီကွက်လပ်ကို ဖြည့်ပေးလိုတဲ့ဆန္ဒနဲ့ ဒီစာအုပ်ကို ထုတ်ဝေလိုက်ရတယ်လို့ ဆရာနေမျိုးသူရက ဆိုပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ မော်တော်ယာဉ်အစီးရေတွေများလာတာနဲ့အမျှ ယာဉ်ကိုစည်းကမ်းတကျမောင်းနှင်နိုင်တဲ့သူတွေ ရှားပါးလာပါတယ်။ တချို့ဆိုရင် သာမန်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအနည်းကျဉ်းကို သိရှိပြီး ယာဉ်မောင်းလိုင်စင်ကို အလွယ်တကူရအောင်ယူ၊ လမ်းပေါ်တက် အရဲစွန့်မောင်းနှင်ရာက မဖြစ်သင့်တဲ့အန္တရာယ်တွေ၊ ဖမ်းဆီးခံရမှုတွေ ကြုံတွေ့လာရတတ်ပါတယ်။ အဲဒီအခါမှာ သူမှန်တယ်၊ ကိုယ်မှန်တယ်…ဆိုတဲ့ အငြင်းပွားမှု ပြသနာတွေလည်း မကြာခဏဆိုသလို ကြုံတွေ့နေရပါတယ်။

ဆရာနေမျိုးသူရရဲ့ ဒီစာအုပ်က ယာဉ်မောင်းသူတွေအတွက် ဒီလိုမျိုးပြသနာတွေ၊ အငြင်းပွားမှုတွေ မဖြစ်ခင်ကြိုတင်ကာကွယ်လို့ရအောင် တစ်ဘက်တစ်လမ်းက ကူညီပေးပါလိမ့်မယ်။ မြေပြင်ပေါ်မှာ တကယ့်လက်တွေ့ကြုံနေရတဲ့ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ အသေးစိတ်အချက်လက်တွေကို ဇာတ်လမ်းတိုသဘောမျိုးရေးသားထားတာကြောင့်လည်း ဖတ်ရှုမိသူအတွက် မငြီးငွေ့စေဘဲ ပျော်ပျော်ကြီးဖတ်ရမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

Promotion ကုန်ဆုံးရက်

30.9.2020

စာမျက်နှာ

184

စာအုပ်အရွယ်အစား

5.6 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

Pica၊ 2020 မတ်လ (ပကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ယာဉ်ထိန်းရဲမြင်ရင် မထိတ်လန့်နဲ့ (15% Off)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

နေမျိုးသူရ စာအုပ်များ