ရည်ရော်မှန်း အိုင်စမ်းရေပြာ

( 0 မှတ်ချက်)

7500 (ကျပ်)

စာရေးသူသည် ယခုဇာတ်လမ်းများကို ရေးသားရာမှာ စိတ်ကူးယဉ်သက်သက် ဇာတ်လမ်းများမဟုတ်ပါ။ သက်ကြီး ဝါကြီး လူကြီးများက ပြောပြခဲ့သည့် ရှေးဟောင်းနှောင်းဖြစ် တကယ့်အဖြစ်များ၊ စာရေးသူ ကိုယ်တွေ့အဖြစ်များ၊ ၁၉၄၄ ခုနှစ်မှ စပြီး ၁၉၆၅ခုနှစ်အထိ နှစ်ပေါင်း ၂၀ကျော်အချိန်အတွင်းမှာ ဗမာပြည်မထဲက နေရာဒေသ အနှံ့အပြားမှလည်းကောင်း၊ ရခိုင်တိုင်းမှာ သုံးနှစ်ကျော်နေထိုင်ခဲ့၍လည်းကောင်း၊ ရှမ်းပြည်မြောက်ပိုင်းမှာ နှစ်နှစ်ကျော်နေထိုင်ခဲ့၍လည်းကောင်း ၊ ကရင်ပြည်နယ် ဘားအံဘက်တွင် သုံးနှစ်မျှလည်းကောင်း၊ ကော့ကရိတ်ဘက်တွင် နှစ်နှစ်ကျော်မျှလည်းကောင်း နေထိုင်ခဲ့ရစဉ်က ထူးထူးဆန်းဆန်း တွေ့ကြုံခဲ့ရ၊ မှတ်ခဲ့ရ၊ ကြားခဲ့ရသည့် အဖြစ်များကို ပြန်လည်ရေးသားခြင်းဖြစ်ပါသည်။
ရေပြာအိုင်မှ ဇာတ်လမ်းများအမည်ဖြင့် ကနဦးထွက်ရှိထားပြီး ထိုစာအုပ်၏ နောက်ဆုံးဇာတ်လမ်းမှာ ကျောင်းဆရာမှလေး မခင်ရွှေသည် ရေပြာအိုင်ရွာနှင့်ပက်သက်သော ထူးဆန်းအံ့ဩဖွယ်ရာများ၊ ကြေကွဲလွမ်းဆွတ်ဖွယ်ရာများ၊ သတိသံဝေဂရဖွယ်ရာများ၊ မျိုးချစ် ဇာတိ မာန်ပျက်တော့မည် မောင်စိန်းမောင်ကို အစဉ်အလာကြီးစွာ ဇာတိမာန်စိတ်ဖြင့် အမျိုးကို စောင့်ရှောက်လာသော ရေပြာအိုင်ရွာအကြောင်းကို လွမ်းဆွတ်ကြေကွဲဖွယ် ဖွဲ့သီထားပါသည်။
ယခုစာအုပ်တွင် ရေပြာအိုင်ဇာတ်လမ်းကို လွမ်းရစ်သူ မောင်စိန်းမောင်နှင့် ရပ်ဆိုင်းမထားပဲ မခင်ရွှေ နောက်ထပ်ကြုံတွေ့ရမည့် ထူးဆန်းသော၊ အံ့ဩစရာကောင်းသော အဖြစ်များကို မောင်စိန်းမောင်၊ ကြင်ကြင်တို့နှင့် ပေါင်းစပ်ကာ ဆက်လက်ရေးသားထားပါသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

226

စာအုပ်အရွယ်အစား

5.3 x 0.5 x 8.5 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2024 မေလ (ပဉ္စမ-ကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရည်ရော်မှန်း အိုင်စမ်းရေပြာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မဝင်းမြင့် စာအုပ်များ