ရေးလိုက်ပြီဒေါင်းရေ့

( 0 မှတ်ချက်)

2500 (ကျပ်)

ကိုယ့်အိတ် ဖောင်းဖို့ထက် တိုင်းပြည်နဲ့လူမျိုးအကျိုးက ပိုအရေးကြီးတယ်လို့ မြင်လာတဲ့ လူတော်လူကောင်းတွေရဲ့ ခေတ်မှာ အစိတ်သားဆိုတာမှိန်သွားမှာပါ။ ရာထူးက ထွက်စရာမလိုဘဲ လွှတ်တော်ထဲဝင်ထိုင်ပြီး တစ်ယောက်တည်းရဲ့ဆန္ဒကို ခေါင်းညိတ်ပြနေရတာ ရှက်စရာအလုပ်လို့ မြင်လာကြမှာပါ။

#ရေးလိုက်ပြီဒေါင်းရေ့ (၈) မှ

ကျွန်တော် အကုန် ထုတ်မရေးပါဘူး။ ရေးပြီး သိမ်းထားတာတွေ ရှိပေမဲ့ စာမျက်နှာတွေပေါ် ထုတ်ရေးပြနေတာက ရာခိုင်နှိုန်း ၂၀ တောင် မရှိပါဘူး။ မြန်မာ့နိုင်ငံရေးမှာက အုပ်စိုးသူရဲ့ ညစ်ကွက်တွေ သိလွန်းရင် အသက်တိုတက်ပါတယ်။ ကျွန်အသက်ရှည်ချင်လှလို့ မဟုတ်ပါ။ ရေးထိုက်တာတွေ ရေးနေရအောင်လို့ အသက်ရှင်နေမှ ဖြစ်မယ် ဆိုတဲ့မူအရ နေထိုင်သူမျှာသာပါပဲ။

#ရေးလိုက်ပြီဒေါင်းရေ့ (၁၁) မှ

ကျွန်တော်တို့ဟာ ကိုယ့်တိုင်းပြည် ရှေ့ရေး၊ ကိုယ့်သားမြေးမြစ်တွေ ရှေ့ရေးအတွက် စဉ်းစားကြရမှာပါ။ အဲဒီလို စဉ်းစားပြီး (နေစရာ သိပ်မကျန်တော့တဲ့ ကျွန်တော်တို့လို လူမျိုးက) ပြောစရာရှိတာတွေ ပြောရတော့မှာပါ။ နားခါးရင်လည်း နေ။ ဒါပေမဲ့ တိုင်းပြည်ရှေ့ရေးအတွက် ပြောနေပြီလို့ သိရင် ကျေးဇူးတင်ပါတယ်။

#ရေးလိုက်ပြီဒေါင်းရေ့ (၁၂) မှ

စာမျက်နှာ

161

စာအုပ်အရွယ်အစား

5.2 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

Wisdom House၊ 2020 စက်တင်ဘာလ(ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရေးလိုက်ပြီဒေါင်းရေ့” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကြည်မင်း စာအုပ်များ