ဇာဘုရင့်နန်းတော်ထဲက ရင်ငွေ့လှုံဆရာကြီး ရပ်စ်ပြူတင်

( 0 မှတ်ချက်)

3500 (ကျပ်)

-သာမာန်ဝတ္တုဇာတ်လမ်းမဟုတ်ပဲ သမိုင်းနောက်ခံ အထ္တုပတ္တိဖြစ်သလို သမိုင်းမှတ်တမ်းတစ်ခုလည်းဖြစ်တာကြောင့် လူသားများအနေနှင့် သိရှိဆင်ခြင်နိုင်ရန်ရည်ရွယ်ရေးသားထားသောစာအုပ်ဖြစ်ပါတယ်။
-ဆန်းကြယ်လျှို့ဝှက်သော ဖြစ်ရပ်မှန်ဇာတ်လမ်းတွင် ရုရှားနိုင်ငံမှနောက်ဆုံးဘုရင်၏တော်ဝင်မိသားစုနှင့်ယှက်နွယ်နေတာကြောင့်လည်း အထူးစိတ်ဝင်စားခြင်းခံခဲ့ရသည်။ မိဖုရားကြီးကို အယုံသွင်းပြီး မယားကြောက်ဇာဘုရင်၏ ခေါင်းပေါ်တက်ကာ တစ်တိုင်းပြည်လုံး၏လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊စစ်ရေးများပါမကျန် ဝင်ရောက်ခြယ်လှယ် သြဇာပေးခဲ့ရာမှပက်သက်မိသူအားလုံး ကမောက်ကမချောက်ကျ၍ အဖြစ်ဆိုးခဲ့ရပုံ၊ ဝါဝါမြင်တိုင်းရွှေထင်အထူးအဆန်း ဖန်တီးမျက်လှည့်ပြနိင်လျှင်တန်ခိုးရှင်ဟုသတ်မှတ်ကာ၊ စုန်းယောင်ယောင် နတ်ယောင်ယောင် ဟောကိန်းထုတ်ပြပါက ရှိသမျှပုံအော၍ဘဝပါပေးအပ်ယုံစားတတ်ကြရာမှ ကိုယ်ကျိုးနည်းကြရပုံများကို သင်ခန်းစာယူဖွယ် အချက်ပြ သတိပေးထားသည့် စာအုပ်ကောင်းပဲ ဖြစ်ပါတယ်။
-ရုရှားတော်ဝင်သမိုင်းကြောင်းနှင့် ဖြစ်ရပ်မှန်အကြောင်းအရာတို့ကို ရသဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်များဖြင့် စိတ်ဝင်စားဖွယ်ရေးသားထားတာပဲ ဖြစ်တာကြောင့် စာဖတ်ပရိတ်သတ်တို့အတွက် ဖတ်ရှုရကျိုးနတ်စေမယ့် စာအုပ်ကောင်းဖြစ်ပါတယ်။

စာမျက်နှာ

247

စာအုပ်အရွယ်အစား

5.5 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

အိမ်မက်အသစ်စာပေ ၊ 2019 မတ်လ၊ (ဒု – ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဇာဘုရင့်နန်းတော်ထဲက ရင်ငွေ့လှုံဆရာကြီး ရပ်စ်ပြူတင်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ညီညီနိုင် စာအုပ်များ