ရာထူးမရှိတဲ့ခေါင်းဆောင်

( 0 မှတ်ချက်)

8000 (ကျပ်)

ဘလိတ်ဆိုတဲ့လူငယ်တစ်ယောက်။သူက နယူးယောက်မြို့ရဲ့ နာမည်ကြီး စာအုပ်ဆိုင်တစ်ဆိုင်ရဲ့ အရောင်းဝန်ထမ်း။သူစိတ်ဓာတ်တွေကျနေတယ်။ လမ်းတွေပျောက်နေသလို သူခံစားနေရတယ်။သူ့ဘဝက အဓိပ္ပါယ်မဲ့နေသလို ခံစားရတယ်။သူ့ကိုယ်ပိုင်ဘဝ၊ သူ့ဘဝ ရှင်သန်နေရခြင်းအကြောင်းရင်းတွေ ပျောက်ဆုံးနေတယ်။စာအုပ်ဆိုင်ကြီးရဲ့ ထောင့်တစ်နေရာမှာ စိတ်ဓာတ်ကျ လမ်းပျောက်နေတဲ့ ဘလိတ်ဆီကို တော်မီဆိုတဲ့ လူတစ်ယောက် ရောက်လာတယ်။သူ့အဖေရဲ့ ငယ်သူငယ် ဖြစ်ကြောင်းသူသိခဲ့ရတယ်။တော်မီက ဘလိတ်ကို သူ့ရဲ့ ဆရာ လေးယောက်ဆီခေါ်သွားတယ်။ဒီဆရာကြီးလေးပါးက အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့၊ အဓိပ္ပါယ်ပြည့်ဝတဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့ နဲ့ လူတွေကို မစကူညီနိုင်ဖို့ ကိုယ့်မှာ ဘာရာထူးစည်းစိမ်မှ မလိုဘူး ဆိုတာကို မတူညီတဲ့ သင်ခန်းစာ လေးခု ပေးပြီးသင်ပြသွားတယ်။ဘလိတ်ရဲ့ဘဝ ပြန်လည်ရှင်သန်လာနိုင်ခဲ့တယ်။သူ့ဘဝကိုပြန်ရှာတွေ့နိုင်ခဲ့တယ်။ရာထူးမရှိတဲ့ ခေါင်းဆောင်ကောင်း ဖြစ်ခြင်းကို သူနားလည်သွားတယ်။သူသင်ယူခဲ့ရသမျှသင်ခန်းစာတွေကို ဒီ “ရာထူးမရှိတဲ့ခေါင်းဆောင်” ဆိုတဲ့ စာအုပ်လေးအားဖြင့် သူပြန်ပြီးမျှဝေခဲ့တယ်။ဖတ်လိုက်ရတဲ့ သူတစ်ယောက်ယောက်က ဘလိတ်လိုပဲ ဘဝတစ်ခု ပြန်လည်ရှင်သန်ခွင့် ရခဲ့မယ်ဆိုရင် ကျွန်တော်ကျေနပ် ပျော်ရွှင်နေမှာပါ။

စာမျက်နှာ

320

စာအုပ်အရွယ်အစား

5.7 x 0.6 x 8.2 inches

ပုံနှိပ်မှတ်တမ်း

2022 ဩဂုတ်လ (ပထမအကြိမ်)

14 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရာထူးမရှိတဲ့ခေါင်းဆောင်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

စောဒေးဗစ် စာအုပ်များ