ရန်ကုန်တွင်သေဆုံးနိုင်သောနည်းပေါင်းတစ်ထောင် (20% OFF)

( 0 မှတ်ချက်)

4000 (ကျပ်)

ကြည်နုသော လျှပ်စစ်မီးတိုင်များက ရန်ကုန်၏ ရွှေရည်လောင်းခဲ့သည့် နံနက်ခင်းနှင့် နေပြင်းကျခဲ့သော ခေတ်တစ်ချို့အကြောင်းကို စုပ်တသပ်သပ် ပြောပြမည်။ သမိုင်းအဆက်ဆက် သွေးချောင်းစီးတိုက်ပွဲများမှာ ပါဝင်ခဲ့သော ရန်ကုန်၏သွေးစများက ညမီးကျည်များအောက် ယခုတိုင် ပေကျန်ဆဲ ရှိနေသည်။ တချို့သောဇာတ်လမ်းများက ဇာတ်လမ်းရှည်တစ်ပုဒ်ရေးသားဖို့ တိုတောင်းသလို ဇာတ်သိမ်းပိုင်းသည်လည်း မလှပခဲ့။
= = = = = = =
ဒီစာအုပ်ဟာ စာရေးသူ ကိတ်မုန့်ရဲ့ တတိယမြောက် လုံးချင်းဝတ္ထုဖြစ်ပါတယ်။ ကိတ်မုန့်ဟာ ဝတ္ထုရေးသားဖန်တီးမှုအားဖြင့် ၂၀၁၆ကစလို့ မဂ္ဂဇင်းစာမျက်နှာတချို့မှာ ဝတ္ထုတိုများနဲ့ ပါဝင်ရေးသားခဲ့ပါတယ်။

ရန်ကုန်တွင် သေဆုံးနိုင်သော နည်းပေါင်းတစ်ထောင်ဝတ္ထုဟာ သူ့မြင်ကွင်းထဲ ဖြတ်ခနဲ ဝင်လာတဲ့ သတ်ကွင်းတွေနဲ့ အန္တရာယ်ရောပြွန်းနေတဲ့ ရန်ကုန်မြင်ကွင်းကျယ်တွေကို ကြည့်ရင်း ခေါင်းထဲ ပေါ်လာတာများကို သူ့မှာရှိနေတဲ့ ဇာတ်ကောင်တွေနဲ့ ပေါင်းစပ်ဖန်တီးထားတာလို့ စာရေးသူက ဆိုလာပါတယ်။

ဒီဝတ္ထုမှာ သေဆုံးခြင်းနည်းပေါင်းတစ်ထောင်ကို မြင်တွေ့ရမယ် ဆိုပေမယ့် ပျော်စရာကောင်းတဲ့ ဇာတ်လမ်းများကိုလည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ် ခံစားရလိမ့်မယ်လို့ ထပ်လောင်းပြောချင်ပါတယ် ။

စာရေးသူကတော့ သူ့အမာခံပရိတ်သတ်နဲ့ သူ့ဝတ္ထုတိုများဖတ်ခဲ့ဖူးရင် သူဖွက်ထားတဲ့ ဥတွေကို ဒီဝတ္ထုမှာ တူးဖော်ရရှိလိမ့်မယ်လို့လည်း ဆိုထားပါတယ်။

စာမျက်နှာ

264

စာအုပ်အရွယ်အစား

5.2 × 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2021 ဒီဇင်ဘာလ၊ (ပ-ကြိမ်)

စာမြည်းဖတ်ရန်

https://drive.google.com/file/d/1_CndVJ2kNcZhtYigN-iGDt0kRh07SN3-/view?usp=sharing

10 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရန်ကုန်တွင်သေဆုံးနိုင်သောနည်းပေါင်းတစ်ထောင် (20% OFF)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကိတ်မုန့် စာအုပ်များ