ယာကူဇာ
4500 (ကျပ်)
” ယာကူဇာ” သည် သေသေချာချာ စနစ်တကျဖွဲ့စည်းထားသော ဂျပန်ပြည်မှ လူဆိုးဂိုဏ်းကြီးဖြစ်ပြီး ” ဂိုကုဒို” ဟုလည်းခေါ်သည်။ ယာကူဇာတွင် “ယာမာဂူချီ – ဂူမိ”၊ “ဆူမိယိုရှိ – ကိုင်” ၊ “အင်နာဂါဝါ – ကိုင်” ၊ထိုဂိုဏ်းများက ၁၇ရာစုမှစ၍ ဂျပန်ပြည်တွင် ပေါ်ထွန်းခဲ့သည်။ တဖြည်းဖြည်းကြီးထွားလာကာ နောက်ပိုင်းတွင် ဂိုဏ်းသားသောင်းချီရှိလာသော လူဆိုးဂိုဏ်းများဖြစ်လာ၏။ ယာကူဇာတို့တွင် ထိန်းရသော ကျင့်ဝတ်ရှိ၏။ “ယိုဘစ်ဆုမိ” ခေါ်လက်ဝဲဘက်လက်သန်းဖြတ်ရသော အစဉ်အလာမျိုးရှိကြသည်။ ခန္ဓာကိုယ်အနှံ့ ဆေးမင်ကြောင်(တက်တူး)တွေထိုးလေ့ရှိ၏။ ဆံပင်ပုံစံက ဆံထုံးဆံတောက်။ ဂိုဏ်းကိုသစ္စာစောင့်သိပြီး အမိန့်ပေးသမျှကို တစ်သဝေမတိမ်း နာခံတတ်ကြသော အစဉ်အလာလည်းရှိ၏။ အချို့ယာကူဇာများက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွင် ငြိစွန်းနေကြသလို၊ အချို့ကလည်း လူကုန်ကူးမှုများ လုပ်ကြ၏။။ ယာကူဇာအချို့က တရားဝင်စီးပွားရေးကို အကြီးအကျယ်လုပ်တာလည်းရှိ၏။ ထို့အပြင် မြန်မာပြည်မှ တိုင်းရင်းသူအမျိုးသမီးငယ်များသည် ယာကူဇာတို့၏ လက်ချက်ဖြင့် ဂျပန်နိုင်ငံ၏ ဂင်ဇာရပ်ကွက်တွင် ပြည့်တန်ဆာအဖြစ် လွတ်လမ်းမရှိ အသက်မွေးရှင်သန်နေကြသည်ကို ဂျပန်ရောက်မြန်မာနိုင်ငံသားတိုင်းလိုလို ရင်နင့်စွာ သိရှိထားကြပါသည်။ မြန်မာနိုင်ငံနှင့် ယာကူဇာက တိုက်ရိုက်ဆက်စပ်မှုနည်းပါးသော်လည်း လိင်ကုန်ကူးမှုတွင် မြန်မာတိုင်းရင်းသား အမျိုးသမီးငယ်အချို့ကတော့ ယာကူဇာဖြားယောင်းသွေးဆောင်မှုအောက်ကျရောက်ခဲ့ရသည်။
စာမျက်နှာ | 260 |
---|---|
စာအုပ်အရွယ်အစား | 5.4 x 0.5 x 8.5 inches |
ပုံနှိပ်မှတ်တမ်း | တကောင်းစာအုပ်တိုက်၊ 2021 အောက်တိုဘာလ၊ (ပ-ကြိမ်) |
2 in stock
Aung Kaung Kyaw –
I like it