စာရေးဆရာ

( 1 မှတ်ချက်)

5000 (ကျပ်)

ဤစာအုပ်သည် စာဖတ်သမားလူငယ်များ၊
စာဂျပိုးများနှင့်
စာအုပ်တစ္ဆေကြီးများသို့
စာရူးပေရူးဖြစ်ရန်
စာပေဇာတ်သွင်းပေးသော စာအုပ်တစ်အုပ်
ဖြစ်မည်ဟု မျှော်လင့်ပါသည်။
စာပေဖြင့် လူမှုတော်လှန်ရေးသို့ ကျေးဇူးပြုပါစေ။

(ဆရာမင်းသေ့၏ ရည်ညွှန်းစာ)

စာပေနှင့် နိုင်ငံရေးအတွေးအမြင်တွေကို ထိထိရှရှစကားလုံးများ၊ နက်နက်ရှိုင်းရှိုင်း လေ့လာသုံးသပ်မှုများဖြင့် စာရေးကောင်းလှသည့် စာရေးဆရာမင်းသေ့၏ အသစ်ထွက်စာအုပ်ဖြစ်ပြီး စာသမားများ၊ စာဖတ်ဝါသနာပါသူတို့အတွက် မညွှန်းမဖြစ် ညွှန်းရမည့် စာအုပ်တစ်အုပ်ဆိုလည်း မမှားပါ။

စာဖတ်ခြင်းဆိုင်ရာအကြံပြုချက်တွေ၊ စာပေဝေဖန်ရေးဆိုင်ရာ ဆောင်းပါးတွေ၊ စာပေနှင့်ပညာဆက်နွယ်မှု ရှုမြင်ချက်တွေ ဖတ်ရှုရမှာဖြစ်သလို စာကောင်းပေကောင်းတွေကို အညွှန့်ခူးခပ်ပေးထားတဲ့ စာအုပ်စာညွှန်းဆောင်းပါးတွေကိုလည်း ဖတ်ရှုရမှာပါ။

စာပေရဲ့အာနိသင်ကို ဉာဏ်ပညာအထောက်အကူနဲ့ တူးဆွနိုင်ဖို့တော့ စာဖတ်သူရဲ့ တာဝန်သာဖြစ်ပါတယ်။

စာမျက်နှာ

273

စာအုပ်အရွယ်အစား

5.9 x 0.8 x 8.4 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ ၂၀၂၀ ဒီဇင်ဘာလ၊ (ပ-ကြိမ်)

12 in stock

စာရေးဆရာ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Su Yee Yamin Ko

    စာအုပ်ကတော့ နာမည်နဲ့လိုက်အောင်ကို စာရေးဆရာ ဖြစ်ချင်သူတွေ စာပေအရူးအမူးသမားတွေ အတွက်တော့ အာဟာရအပြည့်နဲ့ ဟင်းလေးအိုးကြီးလို့ပြောရမယ်။စာရေးဆရာဖြစ်ချင်သူတွေ အတွက် လေ့ကျင့်မူက ဘယ်လောက် အရေးပါကြောင်း။ စာရေးဆရာတစ်ယောက်ဟာ စာအုပ်ကောင်းတစ်ခု ရေးနိုင်ဖို့ ဦးနှောက်ရဲ့လုပ်အား၊ နှလုံးသားရဲ့ သက်ဝင်ခံစားမူအပြည့်နဲ့ စေတနာဗလပွထားကာ ရေးရမယ့် အကြောင်း မီးမောင်းထိုးပြသွားတဲ့ စာအုပ်။

    စာရေးဆရာဖြစ်ချင်သူတွေ အတွက်တင်ပဲလားဆိုတော့ မဟုတ်ပြန်ဘူး စာဖတ်သမားတွေ၊စာဂျပိုးတွေအတွက်လည်း လမ်းညွန်မြေပုံ။ စာအုပ်အမျိုးအစားအလိုက် ကွဲထွက်သွားတဲ ဖတ်ပုံ ဖတ်နည်းတွေ၊ စာအုပ်ကို မျက်စိနဲ့တင် မဟုတ် လက်နဲ့ပါ ဖတ်တက်လာအောင် သင်ပေးသွားတဲ့ စာအုပ်။

    စာအုပ်တွေများလာပြီး စာအုပ်ကောင်းရှားလာတဲ့ ခေတ်ကြီး၊ စာရေးသူတွေများလာပြီး စာရေးဆရာ စစ်စစ်ရှားလာတဲ့ ခေတ်ကာလမှာ စာတောထဲ မျက်စိလည်နေရင်းက သင်ယူရမယ့် အကြောင်းကို “ဖိုးသူတော် မျက်စိလည်ရင် ဆန်များများရတယ်..တဲ့ စာတောထဲ မျက်စိလည်ကြပါစေ။” ဆိုပြီး သတိပေး လက်တို့သွားတဲ့ စာအုပ်။

    သုတဆိုပေမယ့် မငြီးငွေ့သွားဘူး ရသ စာအုပ်တစ်အုပ်ဖတ်ရသလို တစ်မျက်နှာပြီး တစ်မျက်နှာ၊ တစ်ရွက်ပြီးတစ်ရွက် အငမ်းမရ ဖတ်လိုက်ရတဲ့ စာအုပ်…။?ပေးရတဲ့ အချိန်နဲ့ တန်အောင်ကို အကျိုးရှိလွန်းတဲ့ စာအုပ်ဖြစ်လို့ သိပ်အားရပါတယ်?

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မင်းသေ့ စာအုပ်များ