ကြောင်တွေမရှိတဲ့ကမ္ဘာ
3000 (ကျပ်)
ကြောင်လေးတစ်ကောင်နဲ့ အတူနေတဲ့ စာပို့သမားတစ်ယောက်က ဘရိန်းကျူမာ (ဦးနှောက်အကြိတ်) ဖြစ်နေပြီး အများဆုံး ခြောက်လပဲ အသက်ရှင်ရတော့မှာကို သိသွားပါတယ်။ သူ အိမ်ပြန်ရောက်တော့ သူနဲ့ချွတ်စွပ်တူတဲ့ လူတစ်ယောက်က သူ့အိမ်ထဲ ရောက်နေပြီး ကမ္ဘာပေါ်က အရာတစ်ခုခုကို ပျောက်ကွယ်သွားအောင် လုပ်ပေးတိုင်း အသက်တစ်ရက် ပိုတိုးပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်။ ဘယ်အရာလည်း ဆိုတာကို အဲ့ဒီလူက သူ့စိတ်ခံစားချက်အရ ရွေးချယ်ပါတယ်။ အဲ့ဒီလူက တခြားမဟုတ်ပါဘူး။ မာရ်နတ်ပဲ ဖြစ်ပါတယ်။
If Cats Disappeared From The World စာအုပ်ဟာ ဂျပန်တစ်နိုင်ငံတည်းမှာ အုပ်ရေ ၂သန်း ကျော် ရောင်းကုန်သွားခဲ့ပြီး ဘာသာစကားပေါင်း ၁၅ မျိုး ပြန်ဆိုခံထားရတဲ့ International Best Selling စာအုပ် ဖြစ်ပါတယ်။၂၀၁၆ ခုနှစ်မှာ ဤဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းခဲ့ရာ နာမည်ကြီး ဂျပန်မင်းသား Takeru Satoh ရဲ့သရုပ်ဆောင်မှုနဲ့အတူ အလွန်လူကြိုက်များခဲ့တယ်။
ကျွန်တော်တို့ရဲ့ဘဝမှာ ဘယ်အရာတွေက လိုအပ်တာလဲ၊ ဘယ်အရာတွေက မလိုအပ်တာလဲ၊ ကိုယ့်အသက်နဲ့ လဲရလောက်အောင် အဖိုးတန်တာက ဘယ်အရာတွေဖြစ်ပြီး နှမ်းတစ်စေ့လောက်တောင် တန်ဖိုးမရှိတာက ဘယ်အရာတွေ ဖြစ်မလဲ၊ ကျွန်တော်တို့ ရှင်သန်ခဲ့တဲ့ ဘဝက ပျော်စရာ ကောင်းခဲ့သလား၊ အဓိပ္ပါယ်ရော ရှိခဲ့သလား၊ အသက်ရှင်နေစဉ်မှာ လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ခဲ့ရလို့ နောက်ဆုံးခရီးကို နောင်တတွေ တပွေ့တပိုက်နဲ့ သွားကြမလား။ ကျွန်တော်တို့ကော အသက်တစ်ရက် ရှင်သန်ခွင့်ရဖို့ တစ်ခုခုကို စွန့်လွှတ်ရမယ်ဆိုရင် ဘာကို စွန့်လွှတ်မလဲ။
မာရ်နတ် ရွေးချယ်တဲ့ အရာတွေဟာ သူချစ်မြတ်နိုးတဲ့ အရာအများစု ဖြစ်နေတာကြောင့် သူ့အသက်ကိုပဲ ရွေးချယ်မလား၊ အဲ့ဒီအရာတွေကိုပဲ ရင်နာနာနဲ့ စွန့်လွှတ်မလားဆိုတာကို ရင်တထိတ်ထိတ်၊ ဝမ်းတနည်းနည်းနဲ့ ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။
စာမျက်နှာ | 156 |
---|---|
စာအုပ်အရွယ်အစား | 5.6 x 1.2 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ဇလပ်နီစာပေ၊ 2020 မေလ၊ (ပ-ကြိမ်) |
Out of stock
Salai moong Sham –
Ye Yint Hein –
စာအုပ်နာမည်လေးကို ပထမဆုံးတွေ့လိုက်ရကတည်းက ကိုယ်တွေလို ကြောင်ချစ်သူတွေအတွက်ပိုပြီး ဖတ်ချင်လာအောင်ဆွဲဆောင်နေတာအမှန်ပဲ။ကြောင်မချစ်တတ်တဲ့ လူတွေလည်းဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်းလေးပါ??
Ok စာအုပ် reviewလေးလာပါပြီ။
ဘရိန်းကျူမာ(ဦးနှောက်အကြိတ်)ရောဂါခံစားနေရတဲ့ အသက်၃၀အရွယ်ကောင်လေးတစ်ယောက်၊ လောကမှာ ရှင်သန်ဖို့ရက်ပေါင်း ဘယ်လောက်မှမကျန်တာကို သိလိုက်ရတဲ့အခါ၊ မာရ်နတ်ဆိုသူတစ်ယောက်ပေါ်လာပြီး အသက်တစ်ရက်ရှင်သန်ခွင့်ရဖို့ ကမ္ဘာပေါ်ကအရာတစ်ခုကို ဖယ်ရှာခိုင်းတဲ့အခါ………
ဘာတွေဆက်ဖြစ်မလဲဆိုတာ စာအုပ်လေးထဲမှာပဲ ဖတ်ကြည့်လိုက်ကြပါ???
စာအုပ်လေးထဲက အကြိုက်ဆုံးစာသားလေးတစ်ခုရှိတယ် “လူတွေဟာ ကိုယ့်အတွက် ဘယ်အရာတွေက အရေးကြီးလဲဆိုတာကို အဲ့ဒီအရာတွေကို ဆုံးရှုံးရတော့မှသိကြတယ်”
ဟုတ်ပါတယ် ကျွန်တော်တို့တွေဟာ ချစ်ရခင်ရတဲ့လူတွေကို ဆုံးရှုံးပြီးမှသာ နောင်တရတတ်ကြပါတယ်။ ကျွန်တော်တို့မသေခင် အချိန်လေးမှာပဲ
မိသားစု၊ချစ်သူ၊မိတ်ဆွေသူငယ်ချင်းတွေကို ချစ်ခြင်းမေတ္တာလေးတွေ အချိန်ပေးပြီး မျှဝေကာ နောင်တကင်းရှင်းတဲ့ ဘ၀လေးဖြစ်အောင် နေထိုင်ကြစေလိုကြောင်း ဆန္ဒပြုရင်း…
#Y
Mon Mon Aung –
#ကြောင်တွေမရှိတဲ့ကမ္ဘာ
“#အသက်တစ်ရက်ရှင်သန်ခွင့်ရဖို့တစ်ခုခုကိုစတေးရမယ်ဆိုရင်သင်ဘာကိုရွေးချယ်#မလဲ?”
စာအုပ်နောက်ကျောဖုံးကတွေ့လိုက်ရတဲ့စာသားလေးကစလို့စိတ်ဝင်စားခဲ့မိတယ်။မကြာခင်မှာ
သေရတော့မယ့်လူတစ်ယောက်အတွက်
သူအသက်ရှင်သန်ခွင့်ရဖို့တစ်ခုခုကိုစွန့်လွှတ်ရမယ်ဆိုရင်သူဘာကိုရွေးချယ်မလဲ။ကမ္ဘာမြေပေါ်ကအရာတစ်ခုခုကိုပျောက်အောင်လုပ်ပေးရင်
အသက်တစ်ရက်ပိုရှင်ခွင့်ပေးမယ်လို့မာရ်နတ်ကလာကမ်းလှမ်းတဲ့အခါ သူဘာကိုရွေးချယ်သွား
မလဲ။သက်ရှိဟူသရွေ့တစ်နေ့တော့သေကြရမှာပဲ။သေပျော်လား၊မပျော်လားဆိုတာကတော့ ကိုယ့်ဘဝရှင်သန်ခဲ့တဲ့ပုံစံအပေါ်မူတည်တယ်မဟုတ်လားလေ။ကိုယ့်မိသားစု၊ကိုယ့်ပတ်ဝန်းကျင်၊ကိုယ့်မိတ်ဆွေတွေအပေါ် ဘာတွေ အမှတ်ရအောင်
လုပ်ခဲ့ပြီးပြီလဲ။
‘အရေးပါတဲ့ကိစ္စတွေကိုလုပ်ရမယ့်အစားအရေးမပါတဲ့ကိစ္စသေးသေးလေးတွေနဲ့တစ်နေ့တစ်နေ့အချိန်တွေကုန်သွားခဲ့တယ်။အဲဒီလိုတန်ဖိုးရှိတဲ့အချိန်တွေကုန်ဆုံးသွားတာကိုသတိမထားလိုက်မိတာက
တော်တော်ကြောက်ဖို့ကောင်းတယ်’။
တကယ်ပဲ လူတွေဟာကိုယ့်အတွက်
တကယ်အရေးကြီးတဲ့အရာတွေကဘာဖြစ်သလဲ
ဆိုတာ မေ့လျော့နေတတ်ကြတယ်။သေခြင်းတရားနဲ့ နဖူးတွေ့ ဒူးတွေ့ကြုံတဲ့အခါမှ ဘဝကဘယ်လောက်ပျော်စရာကောင်းမှန်း ဘယ်သူတွေကအရေးကြီးတယ်၊ဘယ်အရာတွေကတန်ဖိုးရှိတယ်၊ဘယ်အရာတွေက အစားထိုးမရဘူးဆိုတာတွေကို သိရရင်တော့ တကယ်ပဲနောင်တရစရာပါ။
သားသမီးနဲ့မိဘကြားပွင့်လင်းမှုမရှိဘဲ ပြောရမယ့်အချိန်မှာပြောသင့်တဲ့စကားလေးတွေမပြောခဲ့မိဘဲ စိတ်ထဲမှာပဲ နားလည်မှုလွဲတာလေးတွေကြုံဖူးကြမှာပါ။အဲဒီလိုဖြစ်ခြင်းရဲ့ အကျိုးဆက်ကတော့
မိဘနဲ့သားသမီး တဖြည်းဖြည်းအနေဝေးလာခြင်း
ပါပဲ။အသက်ရှင်နေတဲ့အချိန်တိုလေးမှာ
ကိုယ်ချစ်ရတဲ့ ကိုယ့်ကိုချစ်တဲ့ အဖေနဲ့အမေအတွက် အချိန်ပေးခြင်းက ဘာမှခက်ခဲတဲ့အရာမဟုတ်ဘူးမလား။
‘#လူတွေဟာကိုယ့်အတွက်ဘယ်အရာတွေကအရေးကြီးလဲဆိုတာကိုအဲဒီအရာတွေကိုဆုံးရှုံးရတော့မှသိကြတယ်’တဲ့။မွန်မွန်တို့ဘဝမှာရော
ဘာတွေလုပ်ခဲ့ပြီးပြီလဲ။ဘဝကအဓိပ္ပါယ်ရောရှိခဲ့ရဲ့လား။လုပ်ပိုင်ခွင့်ရှိရက်နဲ့ လုပ်သင့်တဲ့အချိန်မှာ
မလုပ်ခဲ့မိတဲ့အတွက် သေခြင်းတရားနဲ့ကြုံတွေ့မှ နောင်တတွေတသီကြီးနဲ့ နောက်ဆုံးခရီးကို ဖြတ်သန်းမှာလား။
ဒီစာအုပ်လေးကိုတော့
Genki Kawamura (ဂန်ကိကာဝါမူရာ)က
ရေးသားခဲ့ပြီး ‘ကြောင်တွေမရှိတဲ့ကမ္ဘာ’ဆိုတဲ့
ခေါင်းစဥ်လေးနဲ့ ဆရာမျိုးဇော်ဝင်းက
ဘာသာပြန်ထားတာပါ။ဂျပန်တစ်နိုင်ငံထဲ
နှစ်သန်းကျော်ရောင်းကုန်ပြီး ဘာသာစကားပေါင်း (၁၅) မျိုးပြန်ဆိုခံထားရတယ်လို့သိရပါတယ်။
ဖတ်ပြီးရင် ကိုယ့်ဘဝရဲ့ ဖြစ်တည်ခြင်းလေးကို တန်ဖိုးထားမိစေပြီးရှင်သန်ခြင်းဆိုတဲ့
တစ်ခဏလေးမှာကိုယ့်ဘဝအတွက်
တကယ်အရေးကြီးတာတွေကို
အတွေးပေါင်းများစွာ ပေးနိုင်တဲ့
စာအုပ်ကောင်းလေးဖြစ်လို့ ဖတ်ကြည့်ကြဖို့
ညွှန်းပါရစေရှင်။
#Mon
yehtet aung –
ဆရာမျိုးဇော်ဝင်းရဲ့ ကြောင်စာအုပ် နှစ်အုပ်ထဲက တစ်အုပ်ဖြစ်တဲ့ ကြောင်တွေ မရှိတဲ့ ကမ္ဘာ စာအုပ်လေးကလည်း ဖတ်လို့ကောင်းတဲ့ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါပဲ
လူဘဝရဲ့ နောက်ဆုံးအချိန်ရောက်လာပြီဆိုရင် ဘဝတစ်လျှောက်လုံး အရေကြီးတယ်ဆိုပြီးထင်လာခဲ့တဲ့ အရာတွေ မရှိရင်မဖြစ်ဘူးလို့ သတ်မှတ်ထားတဲ့အရာတွေ တန်ဖိုးထားသင့်ပေမယ့် မထားခဲ့တဲ့ အရာတွေကို သေချာ သိမြင်လာစေမှာဖြစ်တဲ့အကြောင်းကို စာအုပ်လေးထဲမှာ ရေးထားတာ ခံစားရစေပါတယ်
ကိုယ့်အသက်တစ်ရက် ပိုနေရဖို့ အတွက် အခြား သက်ရှိတစ်ကောင်ကို စွန်လွှတ်သင့်လား ဆိုတဲ့ ခံစားမှုမျိုးကိုလည်း ခံစားရစေပါတယ်
အသက်ရှင်ဖို့ ဘယ်လောက်မှ မကျန်တော့တဲ့ စာပို့သမားလေးတစ်ယောက်နဲ့ သူ့ အသက်တစ်ရက်ပိုရှင်ဖို့ စွန်လွှတ်မယ့်အရာတွေ သူ့ဘဝနောက်ဆုံးအချိန်မှာ တန်ဖိုးထားရမယ့်အရာတွေ သူ့အသက်အတွက် သူ့အိမ်မွေးကြောင်လေးကို စွန်လွှတ်သင့် မလွှတ်သင့် စတာတွေကို ဆရာ မျိုးဇော်ဝင်းရဲ့ ဘာသာပြန်အရေးအသား က ထင်းထင်းလင်းလက်း မြင်စေပြီး ဖတ်လို့ကောင်းတဲ့ စာအုပ် တစ်အုပ်ပါပဲ။