ကမ္ဘာဖျက်စစ်ဆင်ရေး

( 0 မှတ်ချက်)

8000 (ကျပ်)

ပထမပိုင်း – မုဆိုး
ကွန်မန်ဒါ ​ရောဘတ် ဘယ်လာမီ၊
ရေတပ်မ​တော် ​ထောက်လှမ်း​ရေး ဌာနချုပ်။
သူ့ကို ထိပ်တန်း လျှို့ဝှက် အထူးတာဝန် တခု ​ပေးအပ်သည်။ ဆွစ်ဇာလန် နိုင်ငံ အဲလ်ပ် ​တောင်တန်း​ပေါ်တွင် ​နေတိုး အဖွဲ့မှ လွှတ်တင်ထားသည့် ​ထောက်လှမ်း​ရေး ​ဘောလုံးကြီး ပျက်ကျခဲ့သည်။ ထိုသို့ ပျက်ကျမှုကို မြင်​တွေ့ခဲ့သည့် သက်​သေများ ရှိ​နေသည်။ ထိုသက်​သေများကို လိုက်လံ ရှာ​ဖွေရန် ​ရောဘတ် ဘယ်လာမီကို တာဝန်​ပေးသည်။ သူ့တာဝန်က သက်​သေများကို ရှာ​​​ဖွေရန်သာ ဖြစ်သည်။ ရှာ​ဖွေ ​တွေ့ရှိ​သော သက်​သေများကို အထက်သို့ အစီရင်ခံရမည်။ သူက ​ကောက်ရိုးပုံထဲ အပ်​ပျောက် ရှာသလို ကမ္ဘာတဝှမ်း ဆွစ်ဇာလန်၊ ဂျာမနီ၊ ရုရှား၊ အ​မေရိကန် ပြည်​ထောင်စု၊ က​နေဒါ၊ အင်္ဂလန်၊ အီတလီ၊ ဟန်​ဂေရီ နိုင်ငံများ အထိ သက်​သေများကို လိုက်လံ ရှာ​ဖွေခဲ့သည်။ ဤတွင် သူ့တာဝန် ပြီးဆုံးပြီ။ သို့ရာတွင် သူ့စိတ်ထဲမှာ မတင်မကျ ဖြစ်​နေသည်။ ​နောက်ထပ် သက်သေ တ​ယောက် ကျန်​နေ​သေးသလား။ ထို ၁၁ ​ယောက်​မြောက် သက်​သေ တကယ် ရှိသလား။

ဒုတိယပိုင်း – သား​ကောင်
ထိုသက်​သေကို ရှာ​ဖွေ အတည်ပြုရန် ပထမဆုံး သူ ရှာ​တွေ့ခဲ့သူထံ ပြန်လာသည်။ ထိုသူမှာ မ​တော်တဆ ​သေဆုံးသွားသည်။ ​နောက်တ​ယောက် ​​နောက်တ​ယောက် ​နောက်တ​ယောက် ..သူ လိုက်လံ ရှာ​ဖွေခဲ့သူများ အားလုံး သေဆုံးခဲ့ပြီ။ သူ့ အသိဉာဏ်က သူ့ကို သတိ​ပေး​နေသည်။ သူကိုယ်တိုင် သား​ကောင် ဖြစ်​နေပြီလား။ သူ့​နောက်ကို လူ​တွေ လိုက်​နေကြသည်။ သူ့မိတ်​ဆွေ ​ရောင်းရင်း အ​ပေါင်းအသင်း၊ လုပ်​ဖော်ကိုင်ဘက်များ အားလုံး သူ့​နောက် လိုက်နေကြသည်ကို သူ သိလိုက်ရ​သော အခါ …

စာမျက်နှာ

458

စာအုပ်အရွယ်အစား

5.2 x 0.5 x 8 inches

ပုံနှိပ်မှတ်တမ်း

ဘဝတက္ကသိုလ်စာပေ၊ 2022 မေလ (တ-ကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကမ္ဘာဖျက်စစ်ဆင်ရေး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

စာအုပ် မိတ်ဆက်ခြင်း

 

 

မောင်မြင့်ကြွယ် စာအုပ်များ