အနှစ်ချုပ်ကမ္ဘာ့သမိုင်း
4500 (ကျပ်)
ယခုစာအုပ်သည် ကမ္ဘာဦးကာလမှ အစချီကာ ဒုတိယကမ္ဘာစစ်ပြီးကာလအထိ လူ့သမိုင်းအဖြစ်အပျက်၊ ကမ္ဘာ့သမိုင်းပုံရိပ်များကို ကာလစဉ်အတိုင်း ကျစ်ကျစ်လစ်လစ်နှင့် ပြည့်ပြည့်စုံစုံ ပြုစုရေးသားထားသည့် အနှစ်ချုပ်ကမ္ဘာ့သမိုင်းစာအုပ်ဖြစ်ပါသည်။ သမိုင်းစိတ်ဝင်စားသူများနှင့် အထွေထွေစာဖတ်ပရိသတ်တို့အတွက် သမိုင်းသုတတိုးပွားစေရန်နှင့် ကမ္ဘာ့သမိုင်းဘာသာရပ်ကို မြန်မာဘာသာဖြင့် လေ့လာဖတ်ရှုနိုင်သည့် စာအုပ်တစ်အုပ်ဖြစ်စေရန် ရည်ရွယ်ပါသည်….
သမိုင်းဟူသည် လူသားတို့၏အတိတ်ခရီးပင်။ ထိုအတိတ်ခရီးကို ပြန်လှည့်ကြည့် ဆန်းစစ်သည့်အခါ … လူ့ယဉ်ကျေးမှုများ၊ လူတို့ကိုးကွယ်ရာဘာသာတရားများ၊ လူတို့တိုက်ခိုက်ခဲ့သည့် စစ်ပွဲများ၊ ယုံကြည်ရာအယူဝါဒများ၊ သူရဲကောင်းများနှင့် မင်းဧကရာဇ်များ၊ လူ့ယဉ်ကျေးမှုကို ပြောင်းလဲတိုးတက်စေခဲ့သည့် တော်လှန်ရေးများ၊ တီထွင်ဖန်တီးမှုနှင့် သုခုမအနုပညာများ… စသည့် လူ့သမိုင်းပုံရိပ်လွှာများကို စာတစ်အုပ်ဖြင့် အနုစိတ်မြင်တွေ့ ဖတ်ရှုရပေမည်….
စာမျက်နှာ | 288 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.4 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2020 ဖေဖော်ဝါရီလ (ပ-ကြိမ်) |
7 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ