လုပ်ငန်းခွင်ထဲက ငချွတ်ကလေး

( 1 မှတ်ချက်)

4000 (ကျပ်)

သင်ဟာ လုပ်ငန်းခွင်ထဲမှာ စိတ်ညစ်စရာတွေ ၊ အဆင်မပြေမှုတွေနဲ့ ကြုံနေရတဲ့သူလား သင်ဟာ အလုပ်တစ်ခုလျှောက်ဖို့ကို မဝံ့မရဲ ဖြစ်နေတဲ့သူလား ..

ဒီစာအုပ်လေးဟာ လုပ်ငန်းခွင်တစ်ခုထဲကို ၀င်ရောက်ဖို့ကြိုးစားနေသူတွေ ၊ လုပ်ငန်းခွင်ထဲမှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရတဲ့သူတွေ ဖတ်သင့်တဲ့ စာအုပ်လေး တစ်အုပ်ဖြစ်ပါတယ် ..

အလုပ်စလျှောက်တဲ့အခါ စပြီး ပြင်ဆင်ရမယ့် Cover Letter, CV form က စလို့ ကိုယ့်ရဲ့ CV ကို လုပ်ငန်းရှင်ဘက်က သဘောကျသွားလို့ အလုပ်အင်တာဗျူးခေါ်တဲ့အခါမှာလည်း လုပ်ငန်းခွင်နဲ့ ကိုက်ညီတဲ့ ပုံစံဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ပြောဆိုဖော်ပြတတ်စေဖို့ Tacts(ပရိယာယ်)တွေ ၊ မေးလာတတ်တဲ့ မေးခွန်းတွေနဲ့ ပြန်ဖြေသင့်တဲ့ အဖြေတွေ၊ အင်တာဗျူးအတွက် ပြင်ဆင်နည်း ဖြေဆိုနည်းတွေကို ဆွေးနွေးပြထားပါတယ်။

ဝန်ထမ်းလောကထဲကို လောလောလတ်လတ် ရောက်နေတဲ့ လူငယ်တွေ၊ လူလတ်ပိုင်းတွေအတွက် လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ Image ပိုလှစေဖို့၊ လူတိုင်းရဲ့အမြင်မှာ ကောင်းတဲ့ပုံစံနဲ့ ထူးခြားနေစေဖို့၊ အလုပ်စဝင်တဲ့ Newbies (ငချွတ်ကလေးတွေ) ဖြစ်တတ်တဲ့ လုပ်ငန်းခွင်ထဲက အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ Idea လေးတွေကိုလည်း ဆွေးနွေးထားပါသေးတယ် ..

ဒီစာအုပ်ထဲက အကြောင်းအရာတွေဟာ လုပ်ငန်းခွင်ရှုထောင့်ကနေ သီးသန့်ကြည့်ပြီး ရေးထားတာ ဖြစ်တဲ့အတွက် လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေတဲ့၊ လုပ်ငန်းခွင်မှာ ရာထူးမြင့်မြင့်ကို တက်လှမ်းဖို့ ရည်ရွယ်ထားတဲ့ သူတွေအတွက် သေချာပေါက် အကျိုးရှိမယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

104

စာအုပ်အရွယ်အစား

5.2× 0.2×7.3 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2024 ဖေဖော်ဝါရီလ (ပထမအကြိမ်)

17 in stock

လုပ်ငန်းခွင်ထဲက ငချွတ်ကလေး အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Htet Htet Tin Zar

    💼 အစက ဒီစာအုပ်လေးကို မြင်မိတော့ ထင်လိုက်တာက အလုပ်ကို စဝင်တဲ့ လူငယ်လေးတစ်ယောက်အကြောင်းများလားပေါ့။ ပြီးတော့မှ ခုမှ လုပ်ငန်းခွင်ထဲ ဝင်မယ့် လူငယ်တွေအတွက် ရှောင်ရန် ဆောင်ရန် ရေးထားတဲ့ စာအုပ်လေးဖြစ်နေတယ်။ အလုပ်ထဲမဝင်ခင် လုပ်ဆောင်ရမှာတွေနဲ့ ပြုမူရမှာတွေ၊ အလုပ်ထဲ ရောက်ပြီးတော့လည်း ထားရှိသင့်တဲ့ စိတ်နေသဘောထားတွေကို အတော်လေးမှ စုံစုံလင်လင် ရေးသားထားလို့ လူငယ်တွေ ဖတ်ကြည့်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်တွေ အလုပ်စလုပ်တုန်းက စမ်းတဝါးဝါး ထင်ရာမြင်ရာတွေ လုပ်ခဲ့ရတာတွေ ရှိခဲ့လို့ ဒီစာအုပ်လေး ဖတ်ဖြစ်ရင်တော့ အတော်လေးကို အလုပ်နဲ့ပတ်သက်တာတွေ နားလည်သွားမယ် မြင်မိပါတယ်။

    💼 စာအုပ်ထဲမှာ အပိုင်း (၂) ပိုင်း ခွဲပြီး ပြောပြထားတယ်။
    အပိုင်း (၁) လုပ်ငန်းခွင်အတွက် ပြင်ဆင်ခြင်းမှာ ပါတဲ့အချက်တွေက အလုပ်မဝင်ခင် လုပ်ဆောင်ရမယ့် သတိထားရမယ့် အချက်တွေကို ပြောပြထားတယ်။
    (၁) Cover Letter က ဘာကြီးလဲ
    Cover Letter ဆိုတာကို အလုပ်ဝင်တာ အတော်ကြာတဲ့အထိ မသိတဲ့လူတွေ အများကြီးရှိနေတာ မြင်ဖူးတယ်။ Cover Letter ကလည်း ကိုယ့်ကို အလုပ်ခန့်စေဖို့ အရေးကြီးတဲ့ အရာတစ်ခုဖြစ်တာမို့ cover letter အကြောင်း သိထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒီထဲမှာ cover letter ရေးပုံရေးနည်းတွေ အဆင့်ဆင့်နဲ့ နမူနာတွေပါ ထည့်ပေးထားပြီး အသေးစိတ် ရှင်းပြထားပါတယ်။

    (၂) ရေလည်စမတ်ကျတဲ့ CV
    CV ဆိုတာကတော့ လူတိုင်းသိပါတယ်။ ဒါပေမဲ့ ခုခေတ်က ပုံမှန် CV ရေးနည်းတွေနဲ့ အလုပ်မဖြစ်တော့ပါဘူး။ ဒါကြောင့် အလုပ်ရှင်ကို ဆွဲဆောင်နိုင်မယ့် CV တစ်စောင်‌ ရေးနည်းကို ပြောပြထားပါတယ်။

    (၃) အင်တာဗျူးဖြေဖို့ ဘာတွေပြင်ဆင်မလဲ။
    ဒီကဏ္ဍမှာက အင်တာဗျူးရဲ့ သဘောသဘာဝ၊ လုပ်ငန်းနဲ့ ပတ်သက်တာတွေ၊ ကိုယ်တိုင်ပြင်ဆင်မှုတွေအကြောင်း အပိုင်းခွဲပြီး ပြောပြထားပါတယ်။

    (၄) အင်တာဗျူးမေးခွန်း အမျိုးအစား ၃ မျိုး
    – အချက်အလက်စုဆောင်းသော မေးခွန်း
    – ကိုယ်ရည်ကိုယ်သွေးကို ခန့်မှန်းသော မေးခွန်း
    – ပြဿနာဖြေရှင်းနိုင်စွမ်းကို အကဲခတ်သော မေးခွန်း
    ဆိုပြီး အင်တာဗျူးသူတွေ မေးလေ့ရှိတဲ့ မေးခွန်းတွေနဲ့ ဘယ်လိုဖြေသင့်တာ၊ ကိုယ့်အဖြေပေါ်မှာ သူတို့က ဘယ်လို ကောက်တတ်တယ်ဆိုတဲ့ သဘောတွေအကြောင်း ပြောပြထားပါတယ်။

    (၅) အင်တာဗျူးမှာ အခက်တွေ့စေမယ့် မေးခွန်းတွေရဲ့အဖြေ
    ဒီထဲက မေးခွန်းတွေက လွယ်မယောင်နဲ့ ဖြေဖို့ ခက်တဲ့ အင်တာဗျူးသူတွေ မေးလေ့ရှိတဲ့ မေးခွန်းတွေကို စုစည်းထားပြီး ဘယ်လိုဖြေသင့်တယ်ဆိုတဲ့ အကြံဉာဏ်တွေပါ ပြောပြထားပါတယ်။ တကယ်ကိုပါပဲ ကိုယ်လည်း ဒီမေးခွန်းတွေ အလုပ်အင်တာဗျူးတုန်းက အမေးခံခဲ့ရဖူးသလို စဉ်းစားရလည်း ကျပ်ခဲ့ဖူးတာကို ကြုံခဲ့ရဖူးတာကို မှတ်မိနေတယ်။ ဘာတွေလဲဆို ~
    – အားနည်းချက်
    – အားသာချက်
    – ဘဝမှာ အခက်ခဲဆုံး အခြေအနေ
    – အရင်အလုပ်က ထွက်ခဲ့ရတဲ့ အကြောင်းရင်း
    – ဒီကုမ္ပဏီမှာ ဘယ်လောက်ကြာအောင် လုပ်ဖို့ စိတ်ကူးရှိသလဲ။
    – ဒီကုမ္ပဏီက ဘာတွေလုပ်သလဲ။
    – ဒီအလုပ်ကို ဘာလို့ လာလျှောက်သလဲ။
    – ဒီအလုပ်နဲ့ပတ်သက်ပြီး ယုံကြည်မှု ဘယ်လောက်ရှိသလဲ။
    – အလုပ်အတွက် လိုအပ်လို့ လိမ်ရမယ်ဆို လိမ်ညာပေးနိုင်မလား။

    (၆) First Impression ကောင်းစေဖို့
    အလုပ်အင်တာဗျူးဆိုတာ အလုပ်တစ်ခုမှာ မဝင်ခင် ကိုယ့်ကို စတင်တွေ့ရတာမို့ First impression က တကယ်အရေးကြီးပါတယ်။ ဘယ်လို နေထိုင်ရမလဲဆိုတာ ဘာတွေ အကြံပေးထားသလဲဆိုရင် ~
    – အင်တာဗျူးမဖြေခင် တခြားလာဖြေသူတွေနဲ့ စကားပြောဖို့
    – လက်အငြိမ်နေဖို့
    – အင်တာဗျူးခန်းထဲ ရောက်တဲ့အခါ ပြုံးပြဖို့
    – မေးခွန်းဖြေတဲ့အခါ လုပ်ဆောင်သင့်တာတွေ
    – ကိုယ်အမူအရာ ဂရုစိုက်ဖို့
    – မေးခွန်းပြန်မေးဖို့
    – လစာအကြောင်း ဘယ်လိုပြောရမလဲဆိုတာ
    စတဲ့ အကြောင်းတွေကို တစ်ချက်ချင်း အသေးစိတ် ပြောပြထားပါတယ်။

    💼 အပိုင်း (၂) လုပ်ငန်းခွင်ထဲက အခြေခံအမူအကျင့်မှာတော့ အလုပ်ခွင်ထဲ ဝင်သွားပြီဖြစ်တဲ့ လူငယ်တွေ၊ လူလတ်ပိုင်းတွေအတွက် attitude ပိုင်း၊ manner ပိုင်းဆိုင်ရာတွေကို အဓိက ပြောပြထားပါတယ်။ ဒါတွေကို သိထားပြီး လိုက်နာရင် အလုပ်ခွင်ထဲမှာ ကိုယ့်ရဲ့ image လည်း ကောင်းစေမှာ ဖြစ်ပါတယ်။ ဒီအပိုင်းထဲမှာ ပါဝင်တဲ့ အချက်တွေက ~
    (၇) လုပ်ငန်းခွင်စိတ်ဓာတ်ဆိုတာ
    (၈) လုပ်ငန်းခွင် ကိုယ်ရည်ကိုယ်သွေးများ
    (၉) လုပ်ငန်းခွင်မှာ အဆူအငေါက်ခံရခြင်း ပြဿနာ
    (၁၀) ယုံကြည်မှု မလွန်ကဲစေဖို့
    (၁၁) လုပ်ငန်းခွင်ထဲက အတင်းအဖျင်းစကားများ
    (၁၂) လုပ်ငန်းခွင်ထဲက ညည်းညူသံများ

    💼 အစရှိသဖြင့် တစ်ချက်ချင်း ဆွေးနွေးပြောပြထားပါတယ်။ စာရေးသူကိုယ်တိုင်ကလည်း လက်ရှိ လုပ်ငန်းခွင်မှာ အမှန်တကယ် အလုပ်လုပ်နေသူဖြစ်တာမို့ အကြံပြုချက်တွေက တကယ်လက်တွေ့ကျပြီး အသုံးဝင်တာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ အလုပ်နဲ့ပတ်သက်ပြီး ပြင်ဆင်နေတဲ့ newbies လေးတွေ လေ့လာဖတ်ရှုသင့်ပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

Minn Khent (PYAY) စာအုပ်များ