ဝတ္ထုတိုပေါင်းချုပ်-၁ (၁၉၄၉-၁၉၆၁)

( 0 မှတ်ချက်)

4000 (ကျပ်)

ဆရာမြသန်းတင့်လို့ ဆိုတာနဲ့ မျက်စိထဲ ပြေးမြင်လိုက်တာက “လေရူးသုန်သုန် ” ၊ “စစ်နဲ့ငြိမ်းချမ်းရေး ” ၊ “ခန်းဆောင်နီအိမ်မက် ” စတဲ့ နာမည်ကြီး ဘာသာပြန်စာအုပ် အထူကြီးတွေပါ။ ဘာသာပြန် ကဝိတစ်ဆူရယ်လို့ ဆရာမြသန်းတင့်ကို အမည်ပေးကြပေမယ့် စာပေလောကကို စတင် ခြေချစဉ်က ပင်ကိုယ်ရေး ဝတ္ထုတိုလေးတွေနဲ့ ဖြစ်ပါတယ်။

၁၉၄၉ ၊ တာရာမဂ္ဂဇင်းမှာ စတင် ရေးသားခဲ့တဲ့ “ဒုက္ခသည် ” ဝတ္ထုတိုလေးက ဆရာမြရဲ့ ပထမဆုံးလက်ရာပါ။ ဒုတိယကမ္ဘာစစ်အပြီး မြန်မာပြည်သူလူထုအများစု ဒုက္ခ ပင်လယ်ဝေကြရတယ်။ အဲဒီထဲက ဒုက္ခသည်တစ်ယောက်ရဲ့ဘဝကို ရေးဖွဲ့ထားတဲ့ “ဒုက္ခသည် ” ဝတ္ထုတိုက ဘယ်လိုထူးခြားပါသလဲဆိုရင်၊ စစ်အစိုးရခေတ် တစ်ခေတ်လုံး ထုတ်ဝေခွင့်မရခဲ့ဘူး။

တာရာမဂ္ဂဇင်းမှာ ပွဲဦးထွက် ပါခဲ့တယ်။ နိုဝင်ဘာလ ၊ ၁၉၇၂ က သစ္စာစာပေကထုတ်တဲ့ မြသန်းတင့် _ဝတ္ထုတိုပေါင်းချုပ် (၁)ထဲမှာပါခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ စာအုပ်စျေးတိုက်က ထုတ်တဲ့ အချိန်မှာ ပါမလာခဲ့ဘူး။

အခု စတုတ္ထအကြိမ်အဖြစ် မဟာစာပေက ထုတ်ဝေမယ့် စာအုပ်မှာ ပထမအကြိမ်မူအတိုင်း အပြည့်အစုံ ပြန်လည်ဖြည့်ဆည်းထားတဲ့အပြင် အတွင်းသရုပ်ဖော်ပုံများနဲ့ ဝေဝေဆာဆာနဲ့ ဖတ်လို့ကောင်းမယ့် စာအုပ်တစ်အုပ်ပါ။ စာအုပ်အမှာစာတွေထဲမှာ နာမည်ကြီးလှတဲ့ ဆရာဒဂုန်တာရာရဲ့ အမှာစာလဲ ပါပါတယ်။

ဒီစာအုပ်မှာ ၁၉၄၉ ခုနှစ် ကနေ ၁၉၆၁ အထိ တာရာမဂ္ဂဇင်း၊ စာပေသစ်မဂ္ဂဇင်းနဲ့ ရှုမဝမဂ္ဂဇင်းတွေမှာ ဆရာမြသန်းတင့် ရေးသားခဲ့တဲ့ ဝတ္ထုတို (၁၀) ပိုဒ် ပါပါတယ်။ ဆရာမြသန်းတင့် ရှေးဦးပိုင်းရေးခဲ့တဲ့ဝတ္ထုတိုတွေရဲ့ ဖြတ်သန်းမှုကို သိမြင်နိုင်ကြမှာ ဖြစ်ပါတယ်။

လူမှုဘဝတွေကို သရုပ်ဖေါ်ရေးဖွဲ့ရာမှာ ပိုင်နိုင်တဲ့ ဆရာမြသန်းတင့်ရဲ့ ဝတ္ထုတိုတွေ ဖတ်ပြီး ၁၉၅၀ ဝန်းကျင်က လူတွေရဲ့ဘဝတွေကို အတိတ်ရဲ့အရိပ်အဖြစ် ပြန်လည်ငဲ့စောင်း ကြည့်ရှုခံစား ကြည့်ကြပါစို့လား…

စာမျက်နှာ

237

စာအုပ်အရွယ်အစား

5.6 x 0.7 x 8.2 inches

ပုံနှိပ်မှတ်တမ်း

မဟာစာပေ 2022 ဇန်နဝါရီလ (စတုတ္ထ-ကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဝတ္ထုတိုပေါင်းချုပ်-၁ (၁၉၄၉-၁၉၆၁)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မြသန်းတင့် စာအုပ်များ