



ဗုဒ္ဓဝါဒဘာကြောင့်မှန်သလဲ
4500 (ကျပ်)
ဗုဒ္ဓဝါဒ ဘာကြောင့်မှန်သလဲ စာအုပ်သည် ၂၀၁၇ ခုနှစ်တွင် ထွက်ရှိခဲ့သည့် စာအုပ်ဖြစ်ပြီး ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ စိတ်ပညာရှင်နှင့် ဂျာနယ်လစ်တစ်ဦးဖြစ်သူ ရောဘတ်ရွိုက်မှ ရေးသားခဲ့သည်။ ၂၀၁၇ ဩဂုတ်လတွင် နယူးယော့ခ်တိုင်းက ရောင်းအားအကောင်းဆုံး သုတစာပေစာအုပ်အဖြစ် ဖော်ပြခြင်းခံရသည်။
ယခုစာအုပ်တွင် ကမ္မဋ္ဌာန်းတရားအားထုတ်ခြင်းနည်းသည် သန့်ရှင်းစင်ကြယ်မှုနှင့် လွတ်မြောက်မှု၏ အခြေခံအုတ်မြစ်အဖြစ် မည်သို့ အထောက်အကူပြုနိုင်သည်ကို စိတ်ပညာ၊ ဒဿန၊ သိပ္ပံအမြင်ဖြင့် နက်နက်ရှိုင်းရှိုင်းဖော်ထုတ်ရေးသားပြီး ဗုဒ္ဓဝါဒအပေါ် အနောက်တိုင်းပညာရှင်တစ်ဦး၏ အမြင်များ ဖော်ပြထားပါသည်။
ဗုဒ္ဓဝါ၏ အခြေခံအကျဆုံးအယူအဆများကို ဆင့်ကဲဖြစ်စဉ်ဆိုင်ရာစိတ်ပညာ၊ ခေတ်မီအာရုံကြောသိပ္ပံပညာတို့ဖြင့် တိုက်ဆိုင်လေ့လာဆန်းစစ်ထားသည့် ပထမဆုံးစာအုပ်ဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းနှင့် ဉာဏ်ပညာကို ဆုပ်ကိုင်ထားခြင်းအားဖြင့် ဗုဒ္ဓဝါဒသည် မှန်ကန်ကြောင်း၊ “ငါ” ၏ လှည့်စားမှုမှ လွတ်မြောက်ရန် နည်းလမ်းတစ်ခုဖြစ်သည်သာမက၊ လူတစ်ဦးချင်းမှသည် လူသားမျိုးစိတ်တစ်ခုလုံးကို “မောဟ” အမှောင်တိုက်မှ ကယ်တင်ပေးနိုင်သည့် အလင်းရောင်အဖြစ် ဗုဒ္ဒဝါဒ၏ မှန်ကန်မှုကို မှတ်ကျောက်တင်ဆန်းစစ်ထားပါသည်။
စာမျက်နှာ | 248 |
---|---|
စာအုပ်အရွယ်အစား | 5.5 × 0.5 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ နိုဝင်ဘာလ (ပ-ကြိမ်) |
60 in stock
ညီညီနိုင် စာအုပ်များ
-
ညီညီနိုင်
ဗုဒ္ဓဝါဒဘာကြောင့်မှန်သလဲ
4500 (ကျပ်)Rated 4.80 out of 5 based on 5 customer ratings( 5 မှတ်ချက်) -
ညီညီနိုင်
ဘလူးအိုးရှင်းမဟာဗျူဟာ
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
မားကက်တင်းဖိုးပွိုင့်ဇီးရိုး
4000 (ကျပ်)Rated 3.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ညီညီနိုင်
သူဌေးဖေဖေ ဆင်းရဲဖေဖေ
1200 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
အာရှတိုက်၏ရတနာများ
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
မီလျံနာစိတ်ဓာတ်
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
လူတိုင်းပါဝင်သင့်တဲ့ ၂၁ ရာစု ပုံစံသစ်စီးပွားရေး
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
လျှို့ဝှက်ချက်နှင့်လျှို့ဝှက်ချက်ကိုဖွင့်တဲ့သော့
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
မျက်နှာကဲခတ်အတတ်ပညာ
1500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ငါ့ဒိန်ခဲကို ဘယ်သူနေရာပြောင်းပစ်သလဲ
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
လူတိုင်းတက်သင့်တဲ့ စီးပွားရေးပညာသင်ကျောင်း
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ချမ်းသာတဲ့ကလေး ပါးနပ်တဲ့သူငယ်
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
မေတ္တာအပြုံးများ ကရုဏာနှလုံးသား
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ငွေချမ်းသာတဲ့ အစ်ကို စိတ်ချမ်းသာတဲ့ ညီမ
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
လူ့စွမ်းအားရင်းမြစ်စီမံခန့်ခွဲမှု
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ယခုပဲပစ္စုပ္ပန်မှာနေလိုက်ပါ
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
မားကက်တင်းအမှားတွေပြင်ကြစို့
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
သူဌေးဖေဖေရဲ့ အောင်မြင်သူတို့ဇာတ်လမ်းများ
1500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ကမ္ဘာကိုကိုင်လှုပ်ခဲ့သော တွေးခေါ်ရှင် ၁၀၀
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
အဓိကလူ လူအဓိက
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
တိမ်မြင့်စံအတွေးများ
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
မားကက်တင်း သရီးပွိုင့်ဇီးရိုး
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
မားကတ်တင်းသိဖွယ် A-Z 80
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ချမ်းသာစေချင်လွန်းလို့ပါ
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ဒေးလ်ကာနယ်ဂျီသိသော လူကျော်လူတော်များ
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
လူဆိုတဲ့လူ အစွမ်းအစရှိတဲ့လူ
1500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ရွှေလှေကားဖြင့်တက်ခဲ့ပါ
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
သူဌေးဖေဖေရဲ့ စီးပွားရေးစီမံကိန်း ကကြီးခခွေး
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ဒေးလ်ကာနယ်ဂျီပြောပြသည့် တိုးတိုးတိတ်တိတ်ဖြစ်ရပ်များ
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ဒေးလ်ကာနက်ဂျီ၏ ၅မိနစ်အတ္ထုပ္ပတ္တိ
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
စီမံခန့်ခွဲရေးဆိုင်ရာစကားကြီးဆယ်ခွန်း
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ငါထရမ့် ဘယ်တော့မှအရှုံးမပေး
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ဘယ်ကျောင်းမှာနေ ဘယ်စာတွေသင်ကြမလဲ
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
A ကျောင်းသား Bကျောင်းသား Cကျောင်းသား (မိဘများအတွက် သူဌေးဖေဖေရဲ့ စီးပွားရေးပညာလမ်းညွှန်)
9000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ရွှေလက်ဖြင့်ထိ၍ ရွှေဖြစ်စေသတည်း
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
မီလျံနာမဖြစ်ချင်ဘူးလား
1500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
မြစ်ရေအလျဉ် တသွင်သွင်
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ဘာပဲဖြစ်ဖြစ်အကြောင်းမဟုတ်ဘူး
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
လုပ်ငန်းအောင်မြင်ရေး ယဉ်ကျေးဖွယ်ရာမှု
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
အုပ်ချုပ်ရေးနီတိများနှင့် ခေါင်းဆောင်မှုသဘောတရား
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ကမ္ဘာကျော်ရောဂါသည်ကြီးများ
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ဦးစီးဦးဆောင်မှုလမ်းညွှန်
1500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
အဖိုးတန်တဲ့လူ အဖိုးတန်တဲ့ဘဝ
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
အဆင့်မြင့်စွမ်းအားရှင်တို့၏ အမူအကျင့်
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ကြီးပွားချမ်းသာရေး ခေတ်သစ်သိုက်စာ
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
အောင်မြင်ရေးသော့ချက် A-Z 26
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
မီလျံနာမမ
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
သူဌေးတို့လျှောက်သောလမ်း
1500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ဆိုမာလီမှ အသက်လုပွဲ
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
အိုင် ၇ လုံးခေါင်းဆောင်
1500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ဇာဘုရင့်နန်းတော်ထဲက ရင်ငွေ့လှုံဆရာကြီး ရပ်စ်ပြူတင်
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ပြိုင်ပွဲဝင်စီးပွားရေးသမား
1500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
စကားလက်ဆောင်
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
အောင်ပွဲဝင်ခြေလှမ်းများ
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
သိုးကျောင်းသားနှင့် သိဒ္ဓိရှင်
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ညို့စွမ်းအား
7000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
လုပ်ငန်းရှင်သူဌေးအဖြစ် တစ်မိနစ်
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
မပြောသောစကားကိုနားလည်ရေး
1500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
၀မရှိဘဲ ဝိလုပ်မယ်
1500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
သူဌေးဖေဖေရဲ့ ငွေရှာနည်း
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
ကျွမ်းကျင်တဲ့ရင်းနှီးမြှုပ်နှံသူဖြစ်ဖို့
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
လူတွင်ကျယ်ဖို့ လူရည်လည်ဖို့
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
မှော်
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ညီညီနိုင်
သူတို့နှလုံးသား သူတို့စကား
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)
Thu Rein Moe –
Good
Lwyn Mole (verified owner) –
ကိုယ့်ဘာသာ အကြောင်းကို တော်တော်လေးသိရပါတယ်။ တကယ်ကောင်းတဲ့ စာအုပ်ပါ။
maythandar tun –
#Why_Buddhism_Is_True
#Robert_Wright
ဆရာညီညီနိုင်ဘာသာပြန်ထားတဲ့ ဒီဘာသာပြန်စာအုပ်လေးကို မူရင်းစာရေးသူကိုယ်တိုင် ဗုဒ္ဓရဲ့ဩဝါဒစာပေတွေကို အထောက်အထားပြုလို့ သူကိုယ်တိုင်သတိပဌာန်တရားအားထုတ်ပြီး ရလာတဲ့အတွေ့အကြုံတွေနဲ့ပေါင်းစပ်ရင်း စိတ်ပညာ ဇီဝဗေဒ neuroscience တွေနဲ့ချိတ်ဆက်ပြီး ရေးသားခဲ့တာပါ
ဗုဒ္ဓဝါဒဟာ စိတ်ကူးယဉ်ဝါဒ အတ္တဝါဒ နာမ်ဝါဒမဟုတ်ကြောင်း လက်တွေ့ကျကျရှင်းပြထားပြီး ဘာသာရေးအရဆွယ်ထားတာမျိုးမဟုတ်ဘဲ စာဖတ်နေရင်း မိရိုးဖလာလက်ဆင့်ကမ်းကိုးကွယ်လာတဲ့ယုံကြည်မှုမျိုးထက် ကိုယ်တိုင်ဉာဏ်နဲ့ယုတ္တိကျကျယှဥ်တွေးပြီး သိပ္ပံနည်းကျရိုးရိုးသားသား လက်ခံဖြစ်သွားတဲ့ယုံကြည်မှုမျိုးကိုပေးပါတယ်
အာရုံငါးပါးရဲ့လှည့်စားမှုကြောင့်ဖြစ်လာတဲ့ ဒုက္ခတွေ မောဟတွေ အတ္တတွေကို ရှင်းရှင်းလင်းလင်းပြထားပြီး တကယ်တမ်းဘာမှမပိုင်ဆိုင်ကြောင်း အနတ္တသဘောသာစစ်မှန်ကြောင်း ထောက်ပြထားပုံက ဘာသာတရားရဲ့အနှစ်သာရကို ဆင်ခြင်မိစေပါတယ်
ကမ္မဌာန်းဘာဝနာအားထုတ်မှုနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုပြောပြထားပြီး ဝိပဿနာအားထုတ်မှုက ကိုယ့်စိတ်ကိုအနီးကပ်စောင့်ကြည့်တာဖြစ်တဲ့အတွက် အနိမ့်ဆုံးစိတ်ဖိစီးမှုလျှော့ချပေးနိုင်တာကစလို့ ပကတိမှန်ကန်မှုအသိတရားတွေကို ကိုယ်တိုင်နားလည်သဘောပေါက်စေပြီး လွတ်မြောက်ရာလမ်းကြောင်းအထိ ကိုယ်တိုင်ရှာတွေ့နိုင်လာမှာဖြစ်ကြောင်း ဆက်စပ်ပြထားပါတယ်
လူတွေက များသောအားဖြင့် တဒင်္ဂစိတ်ချမ်းသာဖို့သာ တရားရှုမှတ်ဖြစ်ကြပြီး လမ်းတစ်ဝက်နဲ့တင်ကျေနပ်လှည့်ပြန်ပြီး အဆုံးစွန်လွတ်မြောက်ရာလမ်းကြောင်းထိ ဆက်မလျှောက်လေ့ရှိကြောင်းလည်း သတိထားပြသွားပါတယ်
အနည်းဆုံး တရားရှုမှတ်သူများလာတဲ့အခါ သမာဓိတည်ကြည်တဲ့သူတွေများလာပြီး လောကလူ့ဘောင်မှာ အတ္တတွေလျော့နည်းသွားမှာဖြစ်လို့ ငြိမ်းချမ်းမှုတွေပိုရလာမှာဖြစ်ကြောင်း ထောက်ပြထားပါတယ်
အနှစ်ချုပ်မှာစာရေးသူက “ကျွန်တော်တို့ဟာ တိရစ္ဆာန်ထက် တစ်ဆင့်သာတဲ့သတ္တဝါတွေပါ။ လူ့အသိဉာဏ် လူ့ဦးနှောက်နဲ့ အမှားအမှန် အကောင်းအဆိုးကို ဝေဖန်သုံးသပ်နိုင်ဖို့အတွက် လက်တွေ့ကြိုးစားစမ်းသပ်ကြည့်ပါလို့သာ” ဆိုပြီး နိဂုံးချုပ်ရင်း ဗုဒ္ဓအနှစ်သာရတွေကို ကိုယ်တိုင်မြည်းစမ်းကြည့်ဖို့တိုက်တွန်းထားပါတယ်
ဒီစာအုပ်လေးဖတ်ပြီးတဲ့အခါတော့ ကိုယ့်ကိုယ်ကိုယ်အပြန်ပြန်အလှန်လှန်ဆန်းစစ်မိပြီး Buddhism ဆိုတာ ကိုးကွယ်ယုံကြည်မှုတစ်ခုဆိုတာထက် သံသရာလမ်းကြောင်းပေါ်လျှောက်ရင်း လမ်းပျောက်မသွားအောင် သဘာဝဓမ္မပကတိမှန်ကန်မှုတွေကို ကိုယ်တိုင်သိရှိလာအောင် ဉာဏ်အလင်းဖွင့်ပေးထားတဲ့လမ်းညွှန်မှုတစ်ခုလို့ မြင်လာမိတယ်
ဗုဒ္ဓဝါဒဘာကြောင့်မှန်သလဲဆိုတဲ့အဖြေကို စာဖတ်ပြီးအဆုံးမှာ ကိုယ်တိုင်ဆင်ခြင်မိသွားနိုင်အောင် စာရေးသူက သေချာညွှန်ပြသွားတာမို့ တကယ့်ကိုအနှစ်ရှိတဲ့စာအုပ်လေးပါ
Myint Myat –
ဗုဒ္ဓဝါဒဘာကြောင့်မှန်သလဲ
ဒီစာအုပ်ဟာအတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့စာအုပ်လေးပါ။ဘာလို့လဲဆိုတော့NewYork Timeရဲ့Bestsellerစာအုပ်လဲဖြစ်တယ်။ပြီးတော့ဘာသာရေးစာအုပ်တွေထဲမှာအတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့စာအုပ်လို့ကျွန်တော့်မှတ်ချက်ပေးချင်ပါတယ်။ပြီးတော့ဗုဒ္ဓဘာသာကိုကိုးကွယ်ကြသူမြန်မာပြည်သူပြည်သားများနဲ့ကမ္ဘာပေါ်မှာရှိကြတဲ့ဗုဒ္ဓဘာသာကိုကိုးကွယ်ကြသူတွေဖတ်သင့်တဲ့စာအုပ်တအုပ်လို့ညွှန်းဆိုချင်ပါတယ်။ဘာလို့ဒီလိုကျွန်တော်ပြောရသလဲဆိုတာအကြောင်းရှိပါတယ်။မူရင်းစာရေးဆရာRobert Wrightဟာသူကြုံတွေ့ခဲ့ရတဲ့အနေအထား၊သူကျင့်ကြံခဲ့တဲ့ဝိပဿနာတရားရဲ့အကျိုးကျေးဇူးတွေနဲ့သိပ္ပံပညာအမြင်၊စိတ်ပညာလေ့လာချက်၊အာရုံကြောသိပ္ပံပညာတွေနဲ့တိုက်ဆိုင်စစ်ဆေးထားမှုတွေကိုအကျိုးရှိရှိနဲ့ဖတ်နိုင်မယ်။လက်တွေ့အသုံးချနိုင်မယ်လို့လဲယူဆပါတယ်။ပြီးတော့စာအုပ်ထဲကဥပမာလေးတွေဟာလဲရိုးရှင်းလွယ်ကူတဲ့အတွက်စာဖတ်သူတိုင်းလဲနားလည်နိုင်ပါတယ်။ပြီးတော့ဆရာညီညီနို်ငရဲ့ဘာသာပြန်လက်ရာဟာလဲအတော်လေးဖတ်လို့ကောင်းတဲ့အတွက်ဒီစာအုပ်လေးဟာကျွန်တော်အကြိုက်ဆုံးစာအုပ်လေးလို့လဲညွှန်းဆိုချင်သလိုဖတ်သင့်တဲ့စာအုပ်လေးလို့လဲညွှန်းဆိုချင်ပါတယ်။
Myint Myat –
#BookReview
#PannSattLannBooks
#Why Buddhism is True?
ဒီစာအုပ်လေးရဲ့နာမည်အစကWhy Buddhism is Trueဆိုတော့စိတ်ဝင်စားစရာခေါင်းစဥ်ပါ။ဗုဒ္ဓရဲ့ဝါဒတွေချည်းပဲဟောပြောထားတာမဟုတ်ပါဘူး။ဗုဒ္ဓဘါသာရဲ့အခြေခံသဘောတရားတွေ၊ဗုဒ္ဓသါသနာတော်ရဲ့အဆီအနှစ်တွေရဲ့မြစ်ဖျားခံရာအစလို့ပြောရင်တောင်ရပါတယ်။ဘာလို့လဲဆိုတော့ဗုဒ္ဓရဲ့အခြေခံသဘောတရားအားလုံးကလူ့လောကနဲ့အကိုက်ညီဆုံးဖြစ်နေတာကိုထူးထူးခြားခြားတွေ့ခဲ့ရပါတယ်။အလွယ်ကူဆုံးပြောရရင်လူ့ကျင့်ဝတ်တွေကိုဗုဒ္ဓပြဌာန်းပေးခဲ့တာတွေဟာအခုချိန်မှာအကိုက်ညီဆုံးလို့ဝန်ခံရမှာပဲဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာဗုဒ္ဓဘါသာရဲ့အခြေခံလုပ်ငန်းစဥ်ဖြစ်တဲ့ဝိပဿနာနဲ့ကမ္မဌာန်းတရားတွေရှုမှတ်မှုတွေကိုသိပ္ပံပညာနဲ့တိုက်ဆိုင်စစ်ဆေးကြည့်ရာမှာအတော်များများဟာသိပ္ပံပညာနဲ့ထပ်တူကျနေတာကိုအံ့ဩဖွယ်တွေ့ရှိခဲ့ရပုံကိုမူရင်းစာရေးဆရာRobert Wrightကဖော်ပြထားပါတယ်။ဒီတော့Robert Wrightကိုယ်တိုင်ဝိပဿနာနဲ့ကမ္မဌာန်းကျင့်စဥ်တွေကိုသူကျင့်ကြံကြည့်တဲ့အခါမှာသူ့စိတ်မှာငြိမ်းချမ်းမှုကိုခံစားလာခဲ့ရတာတွေကိုပါစိတ်ဝင်စားဖွယ်ရေးသားထားပါတယ်။ပြီးတော့တော်တော်များများသိချင်ကြတဲ့ဗုဒ္ဓဘါသာထဲမှာအမြတ်ဆုံးဆုဒါမှမဟုတ်နေရာလို့ပဲပြောရမယ်ထင်ပါတယ်။နိဗ္ဗာန်အကြောင်းကိုအကျယ်တဝင့်ရှင်းလင်းပေးထားပါတယ်။နိဗ္ဗာန်ဆိုတာဒေါသ၊လောဘ၊မောဟတွေကင်းစင်မှရမယ်။ကိလေသာ၊စွဲလမ်းတပ်မက်မှုတွေကင်းစင်မှသာနိဗ္ဗာန်ဆိုတဲ့အရာကိုရရှိမယ်ဆိုတာကိုဖော်ပြထားပါတယ်။ဒီအချက်တွေတစ်ချက်ချင်းကိုပြန်လည်ထောက်ကြည့်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ဗုဒ္ဓသါသနာကျင့်စဥ်တွေသည်ကျင့်ကြံမှသာချမ်းသာမှုကိုရမယ်ဆိုတာထင်ရှားပါတယ်။ဒီအချက်တွေကိုတစ်ချက်ချင်းစာရေးသူကရေးပြသွားတဲ့အတွက်ကိုယ့်ဗုဒ္ဓဘါသာသည်ကိုးကွယ်ရာတစ်ခုထက်ပိုပါလားဆိုတာကိုရှင်းရှင်းလင်းလင်းပဲသိခွင့်ရခဲ့ပါတယိ။ပြီးတော့ဗုဒ္ဓဘါသာကိုသိပ္ပံပညာနဲ့တွဲဖက်လေ့လာနေကြတဲ့သူတွေအတွက်လဲဒီစာအုပ်ကလမ်းစဖြစ်မယ်လို့ယုံကြည်ပါတယ်။ပြီးတော့ဗုဒ္ဓဘါသာရဲ့လမ်းစဥ်တွေဖြစ်တဲ့ဝိပဿနာနဲ့ကမ္မဌာန်းရဲ့သဘောတရားတွေကိုလဲနားလည်အောင်ရှင်းလင်းတဲ့ဥပမာတွေနဲ့ရေးပေးထားပါတယ်။ပြီးတော့ဘာသာပြန်သူဆရာညီညီနိုင်ရဲ့ဘာသာပြန်စွမ်းရည်ကလဲအတော်လေးကောင်းတဲ့အတွက်ဖတ်ရင်းဖတ်ရင်းနဲ့ကိုစိတ်ဝင်စားလာစေပါတယ်။
ဒါကြောင့်ဒီဗုဒ္ဓဝါဒဘာကြောင့်မှန်သလဲစာအုပ်သည်ရှိသင့်ရှိထိုက်သောစာအုပ်၊ဝယ်သင့်ဝယ်ထိုက်သောစာအုပ်လို့Reviewပေးချင်ပါတယ်ခင်ဗျာ။ပန်းဆက်လမ်းစာပေလဲဒီ့ထက်မကပိုမိုကောင်းမွန်သောစာအုပ်များထုတ်ဝေနိုင်ပါစေ။