ကျွန်တော်တို့ဘာကြောင့်ခုန်ပေါက်နေကြတာလဲ

( 0 မှတ်ချက်)

6000 (ကျပ်)

သေးငယ်တဲ့မှားယွင်းမှုလေးတွေအပေါ်မှာ ဘာဖြစ်လို့ အကြီးအကျယ်ပေါက်ကွဲကြရတာလဲ

ကျွန်တော်အမှားတစ်ခုလုပ်မိပြီဆိုတာနဲ့ဘာကိုမှမသိတော့ပါဘူး။အားလုံးမှောင်ကျသွားပါတယ် အော်ဟစ်ပေါက်ကွဲပြီး ဘာကိုမှ မှန်ကန်အောင် မစဉ်းစား မတွေးခေါ်နိုင်တော့ပါဘူး။ဘယ်လောက်ပဲသေးငယ်တဲ့အမှားလေးဖြစ်ပါစေ ကျွန်တော့်အတွက်တော့ ကမ္ဘာကြီးတစ်ခုလုံးဗြောင်းဆန်သွားလောက်အောင်ကြီးမားတဲ့ပြဿနာကြီးတစ်ခုပါပဲ။ဥပမာအားဖြင့် ကျွန်တော်ဖန်ခွက်ထဲရေဖြည့်နေတယ်ဆိုပါစို့၊ ရေလေးတစ်စက်ဖိတ်စင်သွားတာကိုတောင် သည်းမခံနိုင်တာမျိုး ဖြစ်ပါတယ်။ ဒီကိစ္စလေးအတွက်နဲ့ ကျွန်တော်ဘာဖြစ်လို့ဒီလောက် မကျေမနပ်ဖြစ်နေရတာလဲဆိုတာ နားလည်ရခက်ကောင်းခက်နေပါလိမ့်မယ်။ကျွန်တော်ကိုယ်တိုင် ဒါဟာမဖြစ်လောက်တဲ့ကိစ္စလေးပဲ ဆိုတာသိပါတယ်။ ဒါပင်မဲ့ ကျွန်တော့်စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ဖို့အလွန်ခက်ပါတယ် ကျွန်တော်အမှားလုပ်မိပြီဆိုတာနဲ့နောက်ဆက်တွဲဖြစ်ရပ်တွေက ဆူနာမီလှိုင်းလုံကြီးတွေလို ထိန်းမနိုင်သိမ်းမရ ဆက်တိုက်ဝင်လာတာပဲဖြစ်ပါတယ်။

ဤစာအုပ်သည် စကားမပြောတက်သည့် ၁၃ နှစ်အရွယ် အော်တစ်ဇင်လက္ခဏာရှင်တစ်ဦးဖြစ်သူ NAOKI HIGA SHIDA ၏နေ့စဉ်ကြုံတွေ့ ခံစားရသည့်ဘ၀တစ်ခုတွင်းသို့ စာဖတ်သူများအားခေါ်ဆောင်သွားမည်ဖြစ်သည်။

အခုစာအုပ်လေးမှာတော့ အော်တစ်ဇင်အကြောင်းကို အော်တစ်ဇင်ရှိသူကိုယ်တိုင်ကရှင်းပြထားတာကြောင့် ပိုနားလည်လွယ်ပြီး၊ ပိုသိနားလည်စေဖို့ အကျိုးပြုမှာဖြစ်ပါတယ်။အော်တစ်ဇင်ရှိသူတွေဘက်မှာလည်း ဆက်သွယ်ပြောဆိုဖို့၊လှုမှုပေါင်းသင်းဆက်ဆံရေး တိုးတက်ဖို့ကြိုးစားနေကြတယ်ဆိုတာ သိလာရပါတယ်။အော်တစ်ဇင် ရှိသူများ၏ သိရှိခံစားနိုင်မှု (Children a dult with Autism)အကြောင်းလည်း လေ့လာခွင့်ရရှိပါမယ်…။

ဦးစည်သူဝင်း
(Master of Disability Policy and Practice,Flinders University)

Children a dult with Autism များနှင့်သူတို့၏ မိသားစုများအတွက် အင်မတန်အရေးကြီးသည့် လူ့အသိုင်းအဝိုင်းများ သတိမူ၍ ဖေးမကူညီမှုများ၊တစ်သီး တစ်ခြား ဆက်ဆံမှုများကို ရှောင်ကြဉ်၍ လူသားတိုင်းအတွက် လိုအပ်သည့် သာတူညီ မျှသည့် အခွင့်အရေးရရှိနိုင်ရန် လမ်းစဖွင့်ပေးနိုင်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

ဒေါ်ရီဝေလင်း
(Ligthouse Learning Centre)

စာမျက်နှာ

129

စာအုပ်အရွယ်အစား

5 x 8 inches

ပုံနှိပ်မှတ်တမ်း

တူဒေးစာပေ၊ 2022 မတ်လ (ပထမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကျွန်တော်တို့ဘာကြောင့်ခုန်ပေါက်နေကြတာလဲ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

အောင်ကို-တောင်ငူ စာအုပ်များ