ဘော့မာလေ (သို့မဟုတ်) ရက်ဂေးဂီတကိုကမ္ဘာကျော်စေခဲ့သူ

( 0 မှတ်ချက်)

4000 (ကျပ်)

ယခုစာအုပ်မှာ ကျေးလက်ကောင်လေးဘဝမှ ကမ္ဘာကျော်ရက်ဂေးဂီတ၏ ပဲ့ကိုင်ရှင်ဖြစ်ခဲ့သည့် ဘော့မာလေ၏ ဘဝဖြတ်သန်းမှုကို ဖတ်ရှုရမှာဖြစ်ပါတယ်။
” ရောဘတ်နက်စတာမာလေ (ဘော့မာလေ) ဟာ တတိယကမ္ဘာနိုင်ငံတစ်နိုင်ငံကပေါ်ထွက်လာတဲ့ ထူးခြားတဲ့ တစ်ဦးတည်းသော စူပါစတားတစ်ယောက်လို့ဆိုရမယ်။ နိမ့်ကျနွမ်းပါးတဲ့ ဘဝအခြေအနေကနေ ဂီတနဲ့ ကမ္ဘာကို လွှမ်းမိုးနိုင်ခဲ့ပြီး ၁၉၇၆ မှာ သူ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားခံရလို့ ဂျမေကာကလွန်မြောက်ခဲ့ရတာလဲ နိုင်ငံရေးအရ ထင်ရှားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ သူရဲ့ ဂီတလွှမ်းမိုးနိုင်မှုကလည်း ယနေပတိုင်တည်ရှိဆဲဖြစ်ပါတယ်။ ဘော့ကို ဟောလိဝုဒ်ဂုဏ်ပြုခန်းမက ဂုဏ်ပြုခဲ့သလို ရော့အင်ရိုး ဂုဏ်ပြုခန်းမကလည်း စတားတစ်ယောက်အဖြစ် သတ်မှတ်ခဲ့တယ်။ တစ်သက်တာ ဂရမ်မီဂီတဆုနဲ့ ဂျမေကာနိုင်ငံရဲ့ ဂုဏ်ထူးဆောင်ဆုတွေလည်းရခဲ့တယ်။ တခြားဆုတွေထက် ပိုပြီးစစ်မှန်တဲ့ဂုဏ်ပြုခံရမှုကတော့ အချိန်နှင့် တစ်ပြေးညီ အံဝင်နေသေးတဲ့ သူရဲ့ သီချင်းတွေပါပဲ ။ ဘော့နဲ့ဝေလာတီးဝိုင်းရဲ့ သီချင်းတွေဟာ ဒီနေ့ထိ အရေးပါခေတ်မီပြီး လူကြိုက်များဆဲ ဖြစ်ပါတယ်။”
စာအုပ်အကြောင်းအရာပါ ကောက်နှုတ်ချက်ဖြစ်ပါတယ်။

စာမျက်နှာ

204

စာအုပ်အရွယ်အစား

5.3 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

အိပ်မက်အသစ်စာပေ၊ 2018 နိုဝင်ဘာလ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဘော့မာလေ (သို့မဟုတ်) ရက်ဂေးဂီတကိုကမ္ဘာကျော်စေခဲ့သူ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ထင်မင်းလူ စာအုပ်များ