အလယ်ရက်ကဗုဒ္ဓဟူး

( 0 မှတ်ချက်)

8500 (ကျပ်)

အမျိုးသမီးတွေဟာ သမီးဖြစ်ခဲ့ကြတယ်၊ တချို့ကတော့ အမေ ဖြစ်လာကြတယ်၊ အမေအဖြစ်၊ သမီးအဖြစ်၊ ဇနီးအဖြစ်ရော သုံးနေရာလုံးမှာ ပခုံးပေါ် ပစ်တင်လိုက်ကြတဲ့ တာဝန်တွေနဲ့ မလူးသာ မလွန့်သာဖြစ်နေရတဲ့ အမျိုးသမီးတွေလဲ အများကြီးပါ။

 

  • ဒီ စာအုပ်မှာ မြို့ပြမိခင်တွေရဲ့ ဝေဒနာကို မြင်ရမယ်၊ ‘ကြွေးဟောင်းကိုလည်း ဆပ်ရ၊ ကြွေးသစ်လည်း ချ’ ကြရရင်း လူမှု အစဥ်အလာ ဘောင်သွင်းမှုတွေကြားကနေ ခေတ်ရေစီးကြောင်းကိုပါ အမောတကောလိုက်နေရတဲ့ သမီးတွေရဲ့ သောကကိုလည်း နာကြားရမယ်၊ လမ်းလျှောက်ရင်း လမ်းပျောက်ရတဲ့ သက်လတ်ပိုင်း အမျိုးသမီးတွေရဲ့ ငိုညည်းသံကိုလည်း ဖတ်ရပါလိမ့်မယ်။

 

  • ဇာတ်လမ်းကို ‘မိုးမိုးဝါ ရေထဲ မျောသွားလို့တဲ့’ ဆိုတဲ့ လူ​သေ မှုတစ်ခုနဲ့ စဖွင့်ထားပါတယ်။ အဲဒီ မိုးမိုးဝါ ဇာတ်ကောင်ကို အကြောင်းပြုပြီး သူနဲ့ ဆက်စပ်နေတဲ့ ကျန်အမျိုးသမီး သုံးယောက်ရဲ့ ဘဝအထွေထွေကို ကြိုးတစ်မျှင်ချင်းစီ ဆွဲထုတ်ပြပါတယ်။ ဆွဲယူလာခဲ့တဲ့ အဲဒီကြိုးမျှင်တွေကိုပဲ ပြန်ကျစ် ရစ်သိုင်းပြီး စာဖတ်သူတွေကို ဇာတ်လမ်းအဆုံးထိ တငြိမ့်ငြိမ့် ခေါ်ဆောင်သွားပါတော့တယ်။

 

  • ဒီစာအုပ်က အနည်းငယ်လျှို့ဝှက်သည်းဖို ဆန်ပါတယ်။ စာရေးသူဟာ စာဖတ်သူကို အဖြေမပေးဘဲ လွတ်လပ်စွာ တွေးခွင့်ပြုထားတာတွေ ရှိပါတယ်။ ကွယ်လွန်သွားတဲ့ မိုးမိုးဝါ သက်ရှိလောကဆီကို ကြားခံကတစ်ဆင့် ပြန်လာတယ်ဆိုတာ တကယ်လား၊ စိတ်ထင်ယောင် ထင်မှားနဲ့ ဖန်တီးထားမှုတခုလား။ အမျိုးသမီး သုံးယောက်ထဲက တစ်ယောက်ကိုသာ တစ်စုံတစ်ရာအတွက် ရွေးချယ်ပေးရမယ်ဆိုရင် ဘယ်သူဖြစ်မှာလဲ။ ပြီးတော့ မပြေလည်တဲ့ ဘဝပုစ္ဆာကိုယ်စီနဲ့ အဲဒီ အမျိုးသမီး သုံးယောက်ဟာ ဇာတ်လမ်းအဆုံးမှာ ဖြေဆေးရသွားကြသလား။

 

  • ဒါတွေကို စာဖတ်သူတွေရဲ့ စိတ်ကူးအတွက် နေရာချန်လှပ်ထားပါတယ်။ ပြီးတော့ ဇာတ်လမ်းတည်နေရာဌာန၊ မြို့ရွာ၊ မြစ်၊ ဘာတစ်ခုကိုမှ နာမည်မတပ်ထားပါဘူး။

 

  • ဒါပေမဲ့ စာရေးသူက စာဖတ်သူတွေကို တစ်ခုတော့ မေးခွန်းထုတ်ထားတယ်။ “စည်းကျော်တဲ့သူ ရှိလား” တဲ့။ဟုတ်ကဲ့၊ အဲဒါ ‘အလယ်ရက်က ဗုဒ္ဓဟူး’ ပါပဲ။
စာမျက်နှာ

236

စာအုပ်အရွယ်အစား

5.3 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2024 ဧပြီလ၊ (ပထမအကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အလယ်ရက်ကဗုဒ္ဓဟူး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

သော်တာအေးလဲ့ စာအုပ်များ