WE LOVE MAN U
5000 (ကျပ်)
ဒီစာအုပ်လေးကတော့ ကမ္ဘာကျော်မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းကြီးရဲ့ ၁၉၉၈ခုနှစ်ကနေ ၂၀၁၃ခုနှစ်အထိ၁၅ရာသီအကြာ ဖြတ်သန်းမှုတွေကိုရေးသားပြုစုထားတာဖြစ်ပြီး ဘောလုံးရာသီတစ်ခုချင်းစီအလိုက်ယူနိုက်တက်အသင်းရဲ့ ခြေစွမ်းနိမ့်၊ မြင့်၊ တက်ကျတွေ၊ ကျရှုံးခဲ့ရတဲ့အကြောင်းအရင်းတွေ၊ကစားသမားအပြောင်းအရွှေ့ဇာတ်လမ်းတွေနဲ့ နှစ်အလိုက် ထိပ်တန်းဂိုးသွင်းရှင်တွေကိုလည်း စာရေးသူကစိတ်ဝင်စားဖွယ် ဆွဲထုတ်ပြသပေးထားပါတယ်။ထို့အပြင် မန်ယူ Fan ပရိတ်သတ်တွေချစ်ခင်၊နှစ်သက် စွဲလန်းခဲ့ရတဲ့ဒေးဗစ်ဘက်ခမ်း၊ဝိန်းရူနီ၊ခရစ္စတီယာနို ရော်နယ်ဒို တို့လိုဘောလုံးမင်းသားတွေနဲ့အခြားဂန္ထဝင် ကစားသမားတွေရဲ့တည်ကြည်ခန့်ငြားတဲ့ ကာလာစုံရုပ်ပုံတွေကိုလည်း အမှတ်တရအမြဲသိမ်းဆည်းထားနိုင်ရန်ဝေဝေဆာဆာထည့်သွင်းပေးထားပါတယ်။
ဒီစာအုပ်လေးဟာမန်ယူရဲ့ ပရိတ်သတ်လူငယ်တွေအတွက် လွန်ခဲ့သောနှစ်ပေါင်းများစွာက ယူနိုင်တက်အသင်းရဲ့ ရွှေရောင်နေ့ရက်တွေကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာဖြစ်သလိုလူကြီး ပရိတ်သတ်တွေအတွက် လည်းလွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ဝန်းကျင်လောက်ကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ နောက်တစ်ခေါက်ပြန်ရောက်သွားသလို လွမ်းဆွတ်ခံစားရစေမှာလည်း ဖြစ်ပါတယ်။အကယ်၍..သင်ချစ်ခင်ရတဲ့ သူတွေထဲကမန်ယူအမာခံ Fan တွေရှိခဲ့မယ်ဆိုရင် ယခု We Love MAN U စာအုပ်လေးထက်ပိုကောင်းတဲ့ လက်ဆောင်မရှိဘူးလို့ပဲ အကြံပေးချင်ပါတယ်။
စာရေးသူအမှာစာမှ ကောက်နှုတ်ထားပါသည်
စာမျက်နှာ | 165 |
---|---|
စာအုပ်အရွယ်အစား | 5.2 × 0.2 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | လရိပ်လင်းစာပေ ၊2022 မေလ (ပထမအကြိမ်) |
26 in stock (can be backordered)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ