ဝေဝေ၏ဝါဒ (Pre-Order)
2500 (ကျပ်)
နာမည်အကြီးဆုံး သြဇာအရှိဆုံး တရုတ် ခေတ်ပြိုင်အနုပညာရှင် အိုက်ဝေဝေ ရဲ့ အတွေးအခေါ် စာအုပ်
တရုတ်ပြည်သည်1978မှစတင်ကာဆိုရှယ်လစ်စီးပွားရေးမှဈေးကွက်စီးပွားရေးသို့ပြောင်းလဲခဲ့ကာနှစ်စဉ်ဂျီဒီပီ6%နှင့်အထက်တိုးတက်လာကာယခုဆိုလျှင်ကမ္ဘာ့စီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်လာသည်။သို့သော်ဖြေရှင်းရမည့်ပြဿနာများစွာရှိနေဆဲဖြစ်သည်။တစ်နိုင်ငံလုံးအနေဖြင့်သာကမ္ဘာ့စီးပွားရေးပထမနိုင်ငံဖြစ်နေဖြင့်နေသော်လည်းတစ်ဦးချင်းဝင်ငွေမှာများစွာနိမ့်ကျနေဆဲဖြစ်သည်။ထို့ပြင်နိုင်ငံသားများမှာတိုင်းပြည်၏အရေးကိုဆုံးဖြတ်ရာတွင်ပါဝင်ခွင့်မရကြ။လွတ်လပ်စွာဖော်ပြခွင့်လည်းမရှိ။လူတိုင်းသည်လွတ်လပ်စွာဖော်ပြခွင့်ဖြင့်သာလျှင်တိုင်းပြည်၏အမှားများ၊ဖြစ်သင့်သည်များ၊အစရှိသောဆွေးနွေးမှုများကိုလုပ်နိုင်ပြီးပါဝင်ခွင့်ရကြမည်ဖြစ်သည်။ဝေဝေသည်တရုတ်အစိုးရသည်းခံနိုင်လောက်သည့်အနုပညာ၊စာပေအစရှိသည်များကိုလုပ်လျက်မိမိ၏စိတ်ကိုမဖော်ပြဘဲကောင်းစွာကြီးပွားနိုင်လေသည်။သို့သော်၎င်းမှာခန္ဓာကိုယ်ကိုရောင်းစားမှုဖြစ်သည်။သို့သော်ဝေဝေမှာခန္ဓာကိုယ်ကိုမရောင်းစား။တိုင်းပြည်တိုးတက်ဖို့အခရာဖြစ်သောလွတ်လပ်စွာဖော်ပြခွင့်အတွက်ရှေ့ဆုံးတန်းမှတိုက်ပွဲဝင်နေသည်။ယခုစာအုပ်တွင်လွတ်လပ်စွာဖော်ပြခွင့်၊အနုပညာနှင့်နီတိအစရှိသောအရေးများတွင်ဝေဝေ၏အမြင်ကိုတင်ပြထားသည်။
စာအုပ်ထွက်မည့်ရက် | 20.1.2021 |
---|---|
စာမျက်နှာ | 108 |
ပုံနှိပ်မှတ်တမ်း | ကွမ်းခြံလမ်းစာပေ၊ 2021 ဇန်နဝါရီလ၊ (ပ-ကြိမ်) |
PRE-ORDER လက်ဆောင် | 💚 ဝေဝေ၏ဝါဒ စာအုပ်လေးကို ကြိုတင်အမှာဦးသူ (၅၀)အတွက် တန်ဖိုးး ၂၅၀၀ တန် လေဒီဂါဂါ အတ္ထုပ္ပတ္တိ စာအုပ်လေးကို Buy One Get Free လက်ဆောင်ထည့်သွင်းပေးပါမယ်💚 |
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ