ပင်လယ်ဘေးကရွာကလေး

( 0 မှတ်ချက်)

6000 (ကျပ်)

ဖွေးဖွေးဘာသာပြန်သည့်စာအုပ်က အိန္ဒိယစာရေးဆရာမ အနီတာဒေဆိုင်း Anita Desai ၏၀တ္ထု The Village by the Sea (1982) ဖြစ်သည်။ ဒီစာရေးဆရာမက မြန်မာစာဖတ်ပရိသတ်နှင့်စိမ်းသည်။ သူ့စာအုပ်ဘာသာပြန် ကျွန်တော်အရင်ကမတွေ့ဖူးခဲ့ ကျွန်တော်မသိတာဖြစ်နိုင်ပါတယ်။ ဖွေးဖွေး ဒီစာအုပ်လာပေးချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်ဖတ်နေတဲ့ စာအုပ်က အနီတာဒေဆိုင်းရဲ့ In Custody (1984)ဖြစ်နေသည်။ အနီတာဒေဆိုင်းကို 1937 ခုနှစ် ဇွန်လ 24 ရက်တွင် အိန္ဒိယနိုင်ငံမစ်ဆိုရီနယ်၌မွေးသည်။ အဖေက ဘင်္ဂါလီစီးပွားရေးသမား ၊အမေက ဂျာမန်လူမျိုး၊ စစ်ကြီးမဖြစ်ခင်ကာလ သူ့အဖေဂျာမနီကိုပညာတော်သင်သွားရင်း သူ့အမေနှင့်တွေ့ခဲ့ကြသည်။ အနီတာက ၇ နှစ်သမီးအရွယ်ကတည်းက စာစရေးသည်။ အသက် ၉ နှစ်အရမှာ သူ့ပထမဦးဆုံး၀တ္ထုတိုလေးရေးသားပြီးစီးခဲ့သည်။ ၁၉၆၃ ခုမှာ သူ့ပထမဦးဆုံး၀တ္ထုဖြစ်သည့် Cry The Peacock ကိုထုတ်ဝေနိုင်ခဲ့သည်။ သူ့စာအုပ်တွေက ဘွတ်ကာစာပေဆုဆန်ခါတင်စာရင်း၌ ၃ ကြိမ်တိုင်တိုင်ပါဝင်ခဲ့သည်။ သူ့၀တ္ထု Fire on the mountain (1978) အတွက် ဆဟိတျအကယ်ဒမီခေါ် အိန္ဒိယအမျိုးသားစာပေအကယ်ဒမီက ဆဟိကျအကယ်ဒမီဆု သူ့ကိုချီးမြင့်သည်။ ယခုဖွေးဖွေးဘာသာပြန်ဆိုသည့် ပင်လယ်ဘေးကရွာကလေး က1983 ခုနှစ်၌ ဂါးဒီးယန်းကလေးစာပေ(ရသ)ဆုကိုရရှိသည်။ ဤစာပေဆုကို ဗြိတိသျှ ကလေးစာပေရေးသားသူများအဖွဲ့က တစ်သက်တာစာပေဆုအဖြစ်ရွေးချယ်ချီးမြှင့်ထားခြင်းစာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

291

စာအုပ်အရွယ်အစား

5.4 x 0.6 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ဓူဝံစာပေ၊ 2022 နိုဝင်ဘာလ (ပထမအကြိမ်)

Out of stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပင်လယ်ဘေးကရွာကလေး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ရှင်မင်းဖွေး စာအုပ်များ