ဦးသန့်

( 0 မှတ်ချက်)

3000 (ကျပ်)

မဟာသရေစည်သူ ဦးသန့် (၂၂ ဇန်နဝါရီ ၁၉၀၉ – ၂၅ နိုဝင်ဘာ ၁၉၇၄) သည် မြန်မာနိုင်ငံသား သံတမန်တစ်ဦးဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ကာ ၁၉၆၁ မှ ၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး ၁၉၆၁ ခုနှစ် စက်တင်ဘာလအတွင်း လေယာဉ်ပျက်ကျ သေဆုံးပြီးနောက်ပိုင်း ၎င်း၏ နေရာတွင် အရွေးချယ်ခံခဲ့ရခြင်း ဖြစ်ကာ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ဥရောပသားမဟုတ်သူများထဲမှ ပထမဆုံးထမ်းဆောင်သူလည်း ဖြစ်သည်။ အာရှတွင် ပထမဦးဆုံး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သည်။ ဦးသန့်အား ၎င်းမွေးဖွားရာ ပန်းတနော်မြို့ကို ရည်စူး၍ ပန်းတနော် ဦးသန့် ဟု အမည်တွင်ခဲ့သည်။

ယခုစာအုပ်လေးမှာ *မြန်မာ့နိုင်ငံရေးခေါင်းဆောင်များအတ္ထုပ္ပတ္တိစာစဉ်* ဟု အမည်ပေးထားပြီး မြန်မာ့နိုင်ငံရေးသမိုင်းမှ ထင်ရှားကျော်ကြားသူ ခေါင်းဆောင်များအကြောင်းကို လူငယ်မျိုးဆက်သစ်တို့ အချိန်တစ်ခဏအတွင်း ပြည့်ပြည့်စုံစုံလေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်ထုတ်ဝေထားခြင်းဖြစ်ကြောင်း အမှာစာတွင်ဖော်ပြထားပါသည်။

စာမျက်နှာ

136

စာအုပ်အရွယ်အစား

5.8 x 0.9 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2020 ဧပြီလ (ပ-အကြိမ်)

7 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဦးသန့်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

အောင်ချိုချိုကျော် စာအုပ်များ