ထောင်မင်းသားဦးဘိုးထော်
6000 (ကျပ်)
ဦးဖိုးထော်မှာ ငယ်စဉ်ကပင် စာပေကျမ်းဂန်များကိုလည်းကောင်း၊ ဗဟုသုတအစရှိသော အတွေးအမြင်များခြင်း၌လည်းကောင်းများစွာ ဝါသနာပါရှိသည့်အတိုင်း လူဆိုးလူမိုက် သူခိုးဓားပြတောပုန်းများအကြောင်းကို တတ်နိုင်သမျှ မေးမြန်းပြီး ၎င်းတို့၏ အပြုအမူ၊ ခိုးဝှက်ပုံ၊ တိုက်ခိုက်လုယက်ပုံများကို အသေအချာ ရေးသားမှတ်ထားလေ့ရှိသည်ဖြစ်ရာ ဤကဲ့သို့ ပြုလုပ်ခြင်းမှာလည်း မည်သူ၏အတွက်မျှ မဟုတ်မူ၍ မိမိ၏ဝါသနာအလိုဆန္ဒအတိုင်း ပြုလုပ်ခြင်းမျှသာဖြစ်လေသည်။ ဤကဲ့သို့ ပြုလုပ်ခြင်းကိုလည်း မည်သူတစ်စုံတစ်ယောက်မျှမသိမူ၍ များစွာပင် ကျပ်တည်းခဲယဉ်းစွာ ပြုလုပ်ရလေသည်။ လူတို့မည်သည် မိမိတို့ပြုလုပ်ခဲ့သော မကောင်းမှုများကိုလည်းကောင်း၊တစ်သက်တာပတ်လုံး မိမိတို့ လျှို့ဝှက်၍လာသော အရာများကိုလည်းကောင်း၊ မိမိတို့သေရမည့်ဆဲဆဲ၌ အလုံးစုံဖွင့်၍ ပြောဆိုခဲ့တတ်ကြရကား ဦးဘိုးထော်မှာ “ကြိုး”ပေးသောအပြစ်ဒဏ်ကို ခံရရှာသူများထံမှ ၎င်းတို့၏ မှန်ကန်သော အဖြစ်အပျက်ကို များစွာရရှိလေသည်။
အချို့သူများမှာ မဟုတ်မမှန်ဘဲနှင့်သော်လည်းကောင်း၊ လူမှား၍သော်လည်းကောင်း၊ မတရားသက်သေခံချက်ဖြင့်သော်လည်းကောင်း၊ အသက်ဆုံးရှုံးခြင်းကို ခံကြရှာလေကုန်၏။ အချို့သူများမှာ သေစားသေစေအပြစ်ဒဏ်ကို ကြောက်ရွံ့သဖြင့် “ဘူးကွယ်”၍နေသောသူများပင်လျှင် ဦးဘိုးထော်က ဟုတ်မှန်သည့်အတိုင်းပြောပြရန် တိတ်တဆိတ်တောင်းပန်သောအခါ အစိုးရကို ဖွင့်၍ မပြောသော်လည်း ဦးဘိုးထော်ကို ဖွင့်၍ပြောတတ်ကြလေရာ အောက်ပါအတ္ထုပ္ပတ္တိအဖြစ်အပျက်များသည် မိမိ၏မိန်းမကိုလည်းကောင်း၊ အခြားမိန်းမတစ်ယောက်ကိုလည်းကောင်း ထိုမိန်းမနှစ်ယောက်ကို ရက်စက်စွာသတ်ဖြတ်မှုနှင့် မြင်းခြံထောင်၌ ကြိုးပေးခံရသူ “မောင်ပေါက်ကျော်” ဆို သူ၏အတ္ထုပ္ပတ္တိဖြစ်သဖြင့် ၎င်းအကြောင်းအရာများကိုဦးဘိုးထော်မှတ်သားထားရှိသည့်အတိုင်း ရေးသားထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
စာမျက်နှာ | 608 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 1 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | Quality၊ 2014 နိုဝင်ဘာလ၊ (ပဉ္စမ-ကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ