ဦးအောင်သင်းကိုမော့ကြည့်ခြင်း
6000 (ကျပ်)
အောက်တိုဘာ ၂၀ ရက်နေ့ဟာ ဆရာလူခါးရဲ့ မွေးနေ့ဖြစ်ပါတယ် .. အောက်တိုဘာ ၂၅ ရက်နေ့ကတော့ ဆရာကြီး( ဦး)အောင်သင်း ကွယ်လွန်ခဲ့တာ ၈ နှစ်ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ် .. ငယ်ငယ်ကတည်းက စာတွေ လျှောက်ဖတ်ဖြစ်တာဆိုပေမယ့် ကြီးလာတော့ စာအုပ်တွေ တောက်လျှောက်ဖတ်ဖြစ်လာတာ ဆရာကြီး(ဦး)အောင်သင်းရဲ့ စာတွေကြောင့်ပဲ ဖြစ်ပါတယ် .. မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ကို ဖတ်ပြီးတဲ့နောက်မှာ ဆရာအောင်သင်း ထွက်သမျှ စာအုပ်အကုန်လုံးကို ၀ယ်ပီးဖတ်တဲ့အထိ ဆရာကြီးရဲ့ စာပေဩဇာဟာ ကျွန်တော့်အပေါ်မှာ သက်ရောက်ခဲ့ပါတယ် .. စာပေလူကြမ်းမင်းသားကြီး (ဦး)အောင်သင်းနဲ့ မတွေ့ချင်လို့ ရှောင်ပြေးခဲ့ဖူးသူတစ်ယောက်ရှိပါတယ် .. အဲ့တာဟာ ဆရာလူခါး ဖြစ်လာမယ့် ကျောင်းသားလေးတစ်ယောက်ပါ .. အခုအချိန်မှာတော့ စာရေးချင်စိတ်ပျောက်နေသည့်အခါ ၊ ပျင်းနေသည့်အခါတိုင်း ဆရာကြီး(ဦး)အောင်သင်းနဲ့ နောက်ဆုံးအကြိမ် တွေ့ဆုံစဉ်က ဆရာကြီး ပြောခဲ့သည့် အသံဖိုင်ကို ပြန်နားထောင်ရင်း အားမွေးပြုပြင်ရပါတယ်လို့ ဆရာလူခါးက ဒီစာအုပ်ထဲမှာ ရေးထားတာကို တွေ့ရပါတယ် .. ဒီစာအုပ်ထဲမှာ ” စာပေနဲ့ပတ်သက်ပြီး တန်ဖိုးရှိတဲ့ အကြောင်းအရာတွေ ၊ အတွေ့အကြုံတွေ ၊ အတွေးအမြင်တွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း တ၀ကြီး ဖတ်ရှုရမယ့် အမျိုးသားစာပေဆုရ ဆရာလူခါးရဲ့ ဦးအောင်သင်ကို မော့ကြည့်ခြင်း ခေါင်းစဉ်နဲ့ စကားပြေ အရေးအသားများ ( ၂၁ပုဒ် ) ပါရှိပါတယ် .. ကျွန်တော်တို့သိတဲ့ ဆရာညီမင်းညို ၊ ဆရာဇေဦးယျာ ၊ ဆရာမခင်သန္တာ ၊ ဆရာကြယ်လွဲမိုး အစရှိတဲ့ ဆရာတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကိုလည်း တွေ့မြင်နိုင်ပါတယ် …။
စာမျက်နှာ | 183 |
---|---|
စာအုပ်အရွယ်အစား | 5.5× 0.4×8.1 inches |
ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2022 အောက်တိုဘာလ (ပထမအကြိမ်) |
16 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ