သေချင်နေပေမဲ့ တော့ပိုကီလေးတော့ စားချင်သေးတယ်

( 0 မှတ်ချက်)

6000 (ကျပ်)

I Want to Die But I Want to Eat Tteokpokki ကို ဆရာလင်းခန့်က ‘ သေချင်နေပေမဲ့ တော့ပိုကီလေးတော့ စားချင်သေးတယ် ‘ လို့ ဘာသာပြန်ထားပါတယ်။

တောင်ကိုရီးယားမှာ ထုတ်ဝေပြီးတာနဲ့ Best Seller တန်းဝင်သွားတဲ့ စာရေးဆရာမ Baek Se-hee ရဲ့ Self Help စာအုပ်ပါ။

ဘတ်ဆယ်ဟီး(Baek Se-hee) ဟာ psychiatrist နဲ့ counselling ယူပြီး သူကိုယ်တိုင် ခံစားနေရတဲ့ depression ကို လျော့ကျပျောက်ကင်းအောင် ကုထုံးယူခဲ့တဲ့ အတွေ့အကြုံကို မျှ‌ဝေထားပါတယ်။

depression ဆိုတာ မွေးကတည်းက လူတိုင်း ခံစားဖူးတဲ့ အရာဖြစ်ပြီး အပျော့နဲ့ အပြင်း ပမာဏပဲ ကွာခြားတာပါ။ depression ဟာ အသက်ကြီးလာတာနဲ့အမျှခံစားရတဲ့ ပမာဏကြီးလာသလို ဆင်းရဲချမ်းသာမရွေး အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ဆိုးဝါးတတ်တာမို့ ပေါ့ဆ လစ်လျူရှု ထားလို့ မရပါဘူး။ နို့စို့အရွယ်မှာလည်း infant depression ရှိသလို ကစားခုန်စားတဲ့ အရွယ်မှာလည်း အားကျသိမ်ငယ်ခြင်းဆိုတဲ့ child depression ရှိပါတယ်။ သစ်ရွက်လှုပ်တာနဲ့ ရင်ခုန်တတ်တဲ့ အရွယ်မှာလည်း teenage depression ရှိသလို စီးပွားရှာရတဲ့ လူလတ်ပိုင်းအရွယ်မှာလည်း midlife crisis ကြောင့် မိမိကိုယ်ကိုယ် suicide လုပ်မိတဲ့အထိ ပြင်းထန်တဲ့ severe depression အမျိုးအစားတွေ ရှိပါတယ်။ depression ဟာ မင်းသားမို့၊ မင်းသမီးမို့၊ အဆိုတော်မို့ဆိုပြီးတော့ လူကောင်းလူဆိုး ခွဲခြားချန်ရစ်မထားတတ်တာကို အကြွေစောခဲ့ကြတဲ့ Leslie Cheung၊ Chester Bennington တို့သာမက Mulan ရုပ်ရှင်ရဲ့ အသံသရုပ်ဆောင် Coco Lee က လောလောလတ်လတ် သက်သေပြထားတယ်။

ဒီတော့ ကျနော်တို့အနေနဲ့ တစ်နေ့တစ်နေ့ ဆောင်ရွက်စရာ များပြားလှတဲ့ ကိစ္စများမြောင် လူတို့ဘောင်မှာ အလစ်၀င်ရောက် ချောင်းမြောင်းတိုက်ခိုက်မယ့် depression ဆိုတဲ့ သတ္တဝါဆိုးကြီးကိုလည်း မေ့ထားလို့ မရပါဘူး။ depression ဟာ အချက်မပေး အသံမပြုဘဲ ကိုယ့်စိတ်ထဲကို ၀င်ရောက်ကိန်းအောင်းနေပြီး ကာလရှည်တော့မှ ဘွားခနဲ တိုက်ခိုက်တတ်တဲ့ သဘာ၀ရှိတယ်။ ကိုယ့်စိတ်မှာ depression ရှိနေ၊ မနေ၊ ရှိနေရင်လည်း ကြီး၊ မကြီး ဆန်းစစ်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ဒီဘက်ခေတ်မှာ ကျွမ်းကျင်တဲ့ psychiatrist တွေ၊ psychologist တွေ နဲ့ counselling room တွေ အရေးတကြီး လိုအပ်လာတာပါပဲ။

ဘတ်ဆယ်ဟီးဟာ ဒီစာအုပ်ကို လွယ်လွယ်ရေးနိုင်ခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ့ ဘ၀မှန် personal life ကို ချပြရသလို သူ့မှာ ရှိနေတဲ့ dark side တွေကိုပါ လှစ်ဟဖော်ပြရတဲ့အတွက် နောက်တစ်ခါ ဒီလိုစာအုပ်မျိုး ရေးဖြစ်မှာ မဟုတ်ဘူးလို့ ၀န်ခံထားပါတယ်။

ဆယ်ဟီးက ချောမောလှပတဲ့ ရုပ်ရှင်မင်းသမီးလည်း မဟုတ်သလို ချမ်းသာတဲ့ ဆယ်လီလည်း မဟုတ်ပါဘူး။ စာအုပ်ထုတ်ဝေရေးတိုက်ကြီးတစ်ခုရဲ့ digital marketing ဌာနက သာမန်ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ အချစ်ရေးက စိတ်ကူးယဉ်ဇာတ်လမ်း မဆန်သလို လူမှုရေးကလည်း သူများတွေထက် ထူးမနေပါဘူး။ သူဟာ ခင်ဗျားတို့ ကျနော်တို့လိုပဲ ဘ၀ကို ရိုးရှင်းစွာ ဖြတ်သန်းရင်း နေ့စဥ်ကြုံရတဲ့ ပုံမှန်ခံစားချက်တွေကနေ depression အဖြစ် တစ်စတစ်စကူးပြောင်းလာတာကို တွေ့ရပါလိမ့်မယ်။ အစက depression ဟာ ပေါ်လိုက် ပျောက်လိုက် ဖြစ်ရာကနေ persistent depressive disorder လို့ ခေါ်တဲ့ long-term depression ဖြစ်လာတဲ့အခါ ဆယ်ဟီးရဲ့ ဘ၀နဲ့ နေထိုင်မှုကိုပါ နှောင့်ယှက်လာတော့တယ်။ ခေတ်လူငယ်လည်း ဖြစ်၊ ကျန်းမာရေးအသိလည်း ရှိပေမယ့် ဆယ်ဟီးလည်း စစချင်းမှာ psychiatrist တွေ့ဖို့ အဆင်သင့် ဖြစ်နေခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ရင်ဆိုင်သင့်တာကို ရင်ဆိုင်ရဲတဲ့ သတ္တိကို မွေးပြီး တွေ့သင့်တွေ့ထိုက်သူကို အားတင်းပြီး တွေ့ဆုံလိုက်ပါတော့တယ်။

ဆယ်ဟီးက psychiatrist နဲ့ အပြန်အလှန် ဆွေးနွေးခဲ့တဲ့ therapy session တွေကို အသံဖမ်းစက်နဲ့ recording ဖမ်းယူခွင့်ပြုဖို့၊ ဒီစာအုပ်ကို ထုတ်‌ဝေတဲ့အခါမှာလည်း အဲဒီအတိုင်း ပြန်လည်ဖော်ပြခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် ဒီစာအုပ်ဟာ မိမိရဲ့ စိတ်ကျန်းမာရေးကို psychiatrist နဲ့ တွေ့ဆုံဖြေရှင်းချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မတွေ့ရသေးတဲ့သူတွေအတွက် စာဖတ်သူကို ဆယ်ဟီးနေရာကနေ psychiatrist တစ်ယောက်နဲ့ ကုထုံးယူရသလိုမျိုး ဖတ်ရပါမယ်။

စာမျက်နှာ

163

စာအုပ်အရွယ်အစား

5.3 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2023 ဩဂုတ်လ (ပထမ-ကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သေချင်နေပေမဲ့ တော့ပိုကီလေးတော့ စားချင်သေးတယ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

လင်းခန့် စာအုပ်များ