တီရှပ်မြစ်
5500 (ကျပ်)
လင်းခါးရဲ့ အက်ဆေး ၂၆ပုဒ်ကို စုစည်းထုတ်ဝေတဲ့ စိတ်ဝင်စားဖွယ်ရာ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းတွေနဲ့ လူငယ်တွေရဲ့ စိတ်တွေကို မျှဝေမယ့် စာအုပ်တစ်အုပ်ကို စာဖတ်ပရိသတ်တွေ ဖတ်ရှုကြရမှာပါ။ဒီအက်ဆေးတွေကို ပိတောက်ပွင့်သစ် မဂ္ဂဇင်းနဲ့ မိုးမခမဂ္ဂဇင်း၊ Daily Eleven သတင်းစာ စာစောင်တွေမှာ ဖော်ပြခဲ့ဖူးပြီး “အာကာသထဲက ကြယ်များ”၊ “ကျောပေါက်သရဲ”၊ “အိပ်မက်ထဲက အိမ်”၊ “လွမ်းမောရသော မြို့စွန်နေပူကုန်းများ”၊ “ရေသေအိုင်ရောက် အမှတ်တရ”၊ “နောက်ကျသူများ”၊ “တီရှပ်မြစ်” စတဲ့အက်ဆေးတွေ ပါဝင်ပါတယ်။ပထမအကြိမ် ထုတ်ဝေစဥ်က “ရှေးဟောင်းမျောက်မ”အမည်နဲ့ ထုတ်ဝေခဲ့ပြီး ယခုအကြိမ်မှာတော့ “တီရှပ်မြစ်” အမည်နဲ့ ထပ်မံထုတ်ဝေတာ ဖြစ်ပါတယ်။
စာမျက်နှာ | 160 |
---|---|
စာအုပ်အရွယ်အစား | 5.4 x 0.3 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2023 ဖေဖော်ဝါရီလ (ဒုတိယအကြိမ်) |
5 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ