ကြောင်တေလေရဲ့ခရီးသွားမှတ်တမ်း

( 3 မှတ်ချက်)

7000 (ကျပ်)

ဒီစာအုပ်ဟာ ဂျပန်နိုင်ငံမှာ ၂၀၁၂ တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီး ဘာသာပေါင်းများစွာ ပြန်ဆိုခံထားရပါတယ်။ ဂျပန်နိုင်ငံတွင်သာမက တခြားနိုင်ငံများတွင်ပါ ရောင်းအားအကောင်းဆုံး စာရင်းဝင်ခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ ရုပ်ရှင်အဖြစ် ၂၀၁၈ ခုနှစ်က ပြန်လည်ရိုက်ကူးခဲ့ရာ အောင်မြင်ကျော်ကြားခဲ့ပါသေးတယ်။

အင်မတန်ဉာဏ်ကောင်းတဲ့ လမ်းဘေးကြောင်လေးတစ်ကောင်ဟာ ကံကြမ္မာအလှည့်အပြောင်း တစ်ခုကြောင့် လူတစ်ယောက်ဆီမှာ မွေးစားခံလိုက်ရပါတယ်။ ငါးနှစ်ကြာပြီးတဲ့အခါ ပိုင်ရှင်ဖြစ်သူက သူ့ကြောင်လေးကို ဆက်မွေးလို့ မဖြစ်တော့တဲ့ အကြောင်းတစ်ရပ် ပေါ်လာပါတော့တယ်။ အဲဒါနဲ့ သူက ကြောင်လေးကို ခေါ်ပြီး စိတ်ချလက်ချ အပ်နှံထားလို့ရမယ့် သူငယ်ချင်းတွေဆီ ဗင်ကားနဲ့ ဂျပန်နိုင်ငံအနှံ့ ခရီးနှင်ပါတော့တယ်။ သူ့သခင်က ဘာကြောင့်စွန့်ပစ်လဲဆိုတာ ကြောင်လေးခမျာ မသိရှာပါဘူး။ သူ့သခင်ကလည်း မပြောပြပါဘူး။

ကြောင်တစ်ကောင်နဲ့ လူတစ်ယောက်ကြားက ချစ်ခြင်းမေတ္တာ၊ သစ္စာတရားနဲ့ သံယောဇဉ်ကို အံ့ဖွယ်သရဲ ပုံဖော်ထားတဲ့ ဒီစာအုပ်ဟာ ဖတ်ပြီးသူတိုင်းရဲ့ရင်ထဲမှာ အစဉ်ထာဝရ ကျန်ရှိနေမှာပဲ ဖြစ်ပါတယ်။ စာအုပ်ကောင်းတွေကို ကြိုက်နှစ်သက်သူတိုင်း၊ တိရိစ္ဆာန်ချစ်သူတိုင်း လက်ကမချနိုင်အောင် ဖတ်ရှုရပါလိမ့်မယ်။

စာမျက်နှာ

236

စာအုပ်အရွယ်အစား

5.2 × 0.3 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ၊ 2023 မတ်လ၊ (တတိယ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

29.3.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 7000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

10 in stock

ကြောင်တေလေရဲ့ခရီးသွားမှတ်တမ်း အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Aye Mya Mya Naing

    မိဘမဲ့ကောင်လေး ဆာတိုရူ နဲ့ ကြောင်လည်လေး နာနာ တို့ကြားကသံယောဇဉ် ကို ပုံဖော်ထားတဲ့ ချစ်စဖွယ် ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဆာတိုရူဟာ နာနာ့ကိုဆက်မွေးဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေ ရောက်လာတာကြောင့် နာနာ့ကို ဆက်မွေးထားပေးနိုင်မယ့် သူ့သူငယ်ချင်းတွေဆီ တစ်အိမ်ပြီး တစ်အိမ်ရွေးချယ်ဆက်သွယ် ခရီးထွက်ရင်း ဆာတိုရူ ရဲ့ ငယ်ဘဝကို နောက်ကြောင်းပြန်ထည့်ရေးထားတဲ့ အရေးအသားလေးက ဝတ္ထုကိုပိုမိုအသက်ဝင် သွက်လက်သွားစေပါတယ်။ တကယ်တော့ နာနာ ကိုယ်တိုင်က ဆာတိုရူနဲ့ မခွဲနိုင်လို့ ဘယ်အိမ်မှာမှမနေခဲ့ရအောင် အဆင်မပြေမှုတွေ ဖန်တီးခဲ့တာကိုတော့ ဆာတိုရူ မသိရှာပါဘူး။
    ဒီစာအုပ်လေးမှာ ဆာတိုရူ ရဲ့ အကောင်းမြင်စိတ်၊ လောကဓံကို ကြံ့ကြံ့ခံပြီး အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်နိုင်တဲ့ စိတ်ဓါတ်လေးကို အတုယူဖွယ် တွေ့မြင်ရပါတယ်။တစ်ဖက်မှာလည်း ကြောင်ကလေးတွေဟာ ခပ်ချေချေနေတတ်ပေမယ့် အရာအားလုံးကို သိတတ်နားလည်ပြီး သခင်အပေါ်သံယောဇဉ်တွယ်တတ်ပုံကို ကြောင်ကလေးနေရာက သဘာဝကျကျ ခံစားရေးဖွဲ့ထားတာကိုလည်း လေးစားဖွယ်တွေ့မြင်ရပါတယ်။
    ဆာတိုရူက သူသိပ်ချစ်တဲ့ကြောင်လေးကို ဘာလို့ ဆက်မမွေးထားနိုင်တော့တာလဲဆိုတာကိုတော့ စာအုပ်လေးကိုဖတ်ကြည့် ခံစားရင်း ဆာတိုရူ နဲ့ နာနာ တို့ရဲ့ ဘဝတွေထဲ စီးမျောခံစားကြည့်ကြရအောင်နော်

  2. yehtet aung

    ကြောင်တေလေရဲ့ ခရီးသွားမှတ်တမ်း
    မျိုးဇော်ဝင်း(မြန်မာပြန်)

    အရင်ဆုံး ဒီစာအုပ်တင်မက ဆရာ မျိုးဇော်ဝင်းရဲ့ ကြောင်တွေမရှိတဲ့ ကမ္ဘာ ဆိုတဲ့ စာအုပ်လေးကိုပါ ဖတ်စေချင်ပါတယ်။

    မိဘနှစ်ဦးစလုံး ငယ်ငယ်ထဲက ဆုံးပါးခဲ့ရပြီး အရွယ်မရောက်ခင်ထိ အဒေါ်ဖြစ်သူနဲ့ နေကာ အရွယ်ရောက်တော့ တစ်ယောက်ထဲ နေတဲ့ ဆာတိုရူ နဲ့ လမ်းဘေးမှာ ဖြစ်သလိုနေပြီး ကားတိုက်ခံရတော့ ဆာတိုရူရဲ့ မွေးစားခြင်းခံရပြီး ဉာဏ်ကောင်းတဲ့ ကြောင်လေး နာနာ။

    ဆာတိုရူက နာနာကို နှစ်တွေကြာ မွေးစားပြီးမှ အချိန်တစ်ခုရောက်တော့ နာနာကို မွေးစားဖို့ ဟိုးအရင်တုန်းက သူငယ်ချင်းတွေ မိတ်ဆွေဆီ ပြန်ဆက်သွယ်ပြီး နာနာ့ကို လိုက်ပို့ တစ်ခု ပြီး တစ်ခု အဆင်မပြေတာနဲ့ နာနာ့ကို ပြန်ခေါ်လာ၊ နောက်ဆုံး ဆာတိုရူရဲ့ အဒေါ်က နာနာ့ကို မွေးစားဖို့ လက်ခံခဲ့ကာ၊ နာနာကို သူများဆီ မွေးစားစေတဲ့ အကြောင်းအရင်းက ဆာတိုရူဆီမှာ ရောဂါခံစားနေရပြီး အဲ့ရောဂါကြောင့် ကြာရှည်စွာ အသက်မရှင်နိုင်တော့သည့်အတွက် နာနာ့ကို မွေးမာ့်သူကို လိုက်ရှာနေရတာဖြစ်ကြောင်း ၊ နာနာကလည်း နောက်ဆုံးအချိန်ထိ ဆာတိုရူဘေးမှာပဲ နေထိုင်သွားမယ့် ကြောင်လေး ဖြစ်ကြောင်းကို ဆရာမျိုးဇော်ဝင်းရဲ့ ဘာသာပြန်မှု က စာဖတ်တဲ့သူ ရင်ထဲထိ ပြီး တကယ် မျက်ရည်ကျစေတဲ့ ဇာတ်လမ်းလေး တစ်ပုဒ် ဖြစ်ပါတယ်။

    ကြောင်ချစ်တဲ့သူတွေသာမက မချစ်တဲ့သူတွေပါ ဖတ်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

  3. Thaung Min Tin (verified owner)

    တိရစ္ဆာန်ချစ်သူ(ကြောင်ချစ်သူ)တွေဖတ်ချင်မည့်စာအုပ်လို့ထင်ပါတယ်၊၊ ကြောင်လေးတစ်ကောင်နဲ့သူ့သခင်တို့ကြားကသံယောဇဥ်၊ချစ်ခြင်းမေတ္တာ အကြောင်းပါ၊၊ မူရင်းစာရေးဆရာရဲ့အရေးအသားကောင်းခြင်း၊ဆရာမျိုးဇော်ဝင်းရဲ့ဘာသာပြန်ကောင်းခြင်းတွေကြောင့် တိရစ္ဆာန်ချစ်သူတစ်ယောက်အဖို့ ပြုံးစိစိလေးနဲ့ဖတ်ရမယ့်စာအုပ်ပါ၊၊ မူရင်းစာရေးဆရာမရဲ့အရေးအသားကြောင့် စာအုပ်ထဲမှာပါတဲ့ကြောင်လေးကလည်းချစ်စရာကောင်းလွန်းပါတယ်၊၊ ဒီစာအုပ်ကိုရုပ်ရှင်လည်းပြန်ရိုက်ထားတာရှိပေမယ့် စာအုပ်ဖတ်ရတာကိုပိုကြိုက်ပါတယ်၊၊

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မျိုးဇော်ဝင်း စာအုပ်များ