မနက်ဖြန်မှာအသင့်ရှိနေပါစေ

( 1 မှတ်ချက်)

4000 (ကျပ်)

ကျွန်မသည် အသက်ဆယ့်ရှစ်နှစ်အရွယ်တွင် အိမ်ထောင်ကျခဲ့သဖြင့် ငယ်ရွယ်လွန်းသည့်အချိန်တွင် လူမှု့ဒုက္ခမျိုးစုံ တွေကြုံရင်ဆိုင်ခဲ့ရပြီး ဘဝ၏အခက်အခဲများ၊ လောကဓံပေါင်းစုံများ ရိုက်ခတ်ခံခဲ့ရပါသည်။ ကျွန်မဖြတ်သန်းခဲ့ရသော ခရီးလမ်းများ ကြမ်းတမ်းခဲ့သကဲ့သို့ မောပန်းမှုများလည်း ရှိခဲ့ရပါသည်။ အခက်အခဲ ဒုက္ခပေါင်းစုံသည် ကျွန်မ၏ဘဝအတွေ့အကြုံ ဖြစ်စေခဲ့ပြီး လောကဓံတရားအပေါ် မည်ကဲ့သို့ ရင်ဆိုင်ဖြတ်သန်းမလဲဟု အမြဲတမ်း တွေးတောသုံးသပ်ခဲ့ရပါသည်။ လက်ရှိအချိန်တွင် ဘဝ၏အနှစ်သာရများ၊ တန်ဖိုးများအား အမြင့်ဆုံး နားလည်သိရှိခဲ့ပါသည်။ ဤအသိတရားများဖြင့် ရေးသားထားသော ‘မနက်ဖြန်မှာ အသင့်ရှိနေပါစေ’ (စိတ်ခွန်အားဖြည့်စာစုများ) ကို ထုဆစ်ရေးသားနိုင်ခဲ့ပါသည်။ လူသားတွေဖြစ်သည့်အတွက် ဘဝမှာ အောင်မြင်စွာ၊ ပျော်ရွင်စွာ ဖြတ်သန်းနေထိုင်ဖို့ ဆိုတာကတော့ ကိုယ့်အတွေးအခေါ်၊ ကိုယ်ပိုင်ဉာဏ်ပညာကသာ ဆုံးဖြတ်ပေးနိုင်ပါလိမ့်မည်။ ဘဝအောင်မြင်ရေးအတွက် အထောက်အပံ့ နည်းလမ်းကောင်းများဖြစ်သည့် ကိုယ်ရည်ကိုယ်သွေးတိုးတက်မှု့၊ အကောင်းမြင်စိတ်ထားတက်မှု့၊ ကိုယ်ချင်းစာနာ နားလည်ပေးနိုင်မှု့၊ ပျော်ရွင်မှု့ စတဲ့ အရည်အသွေးတွေကို ကျွန်မရေးသားထားတဲ့ ‘မနက်ဖြန်မှာ အသင့်ရှိနေပါစေ’ ( စိတ်ခွန်အားဖြည့်စာစုများ) စာအုပ်လေးက ဖော်ဆောင်လမ်းပြပေးပါလိမ့်မယ်။ ကျွန်မတို့ရဲ့ ပြိုလဲနေသော စိတ်များ၊ နာကျင်နေသော ဒဏ်ရာများ၊ မှောင်မိုက်ပြီး လမ်းပျောက်နေသော ခံစားချက်များကို သည်စာအုပ်လေးထဲက ရရှိသည့် ခွန်အားများနှင့် အမှန်တကယ် ကျော်လွှား အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်မိပါသည်။

စာမျက်နှာ

119

စာအုပ်အရွယ်အစား

5.6 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

မိုးကောင်းမြေစာပေ၊ 2023 မတ်လ (ပထမအကြိမ်)

6 in stock

မနက်ဖြန်မှာအသင့်ရှိနေပါစေ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Swan Arr Kyaw Zan

    ဘဝခရီးလမ်းကိုလျှောက်နေကြရာမှာ အမှုမဲ့အမှတ်မဲ့ ဖြတ်သန်းနေကြတဲ့အတွက် လူတွေဟာ ပြဿနာမျိုးစုံတွေနဲ့ အဆင်မပြေဖြစ်နေတာတွေ တနင့်တပိုး ကြုံနေရတယ်ဆိုတာ မဆန်းပါဘူး။

    အပြင်လက်တွေ့အဖြစ်အပျက်တွေ၊ ဘဝရဲ့အခက်အခဲပြဿနာတွေကြောင့် မိမိကိုယ်တိုင် အပျက်ဘက်ကိုမရောက်မိဖို့၊ ရခဲလှတဲ့လူ့ဘဝကို မှန်မှန်ကန်ကန် ဟန်ချက်ညီညီအသုံးချတတ်ဖို့ စာစု ၄၀ နီးပါး ရေးပြထားတဲ့ စာအုပ်ပါ။

    အခုစာအုပ်က ဆရာတော်ဦးဇောတိကရဲ့ ဆုံးမစကားတစ်ခုနှစ်ခုရေးပြထားတာကလွဲလို့ စကားပုံတွေ၊ ဒဿနတွေ၊ ပုံပြင်ဇာတ်လမ်းနဲ့ ဥပမာပေးပြီးရေးပြထားတာမဟုတ်ဘူး။ ဘာအဖွဲ့အနွဲ့တစ်ခုမှလည်း မပါဘူး။ ရေးပုံက နှင်းအေးလူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ လက်တွေ့အဖြစ်အပျက်တွေကို သင်ခန်းစာယူဖို့ ရေးပြထားတာ။

    အခက်အခဲဒုက္ခတွေ၊ သောကတွေ၊ ပြဿနာတွေကို မိမိ(စာရေးသူ)ရဲ့ စိတ်နှလုံးသားထဲကို အထည့်မခံလိုတဲ့စိတ်နဲ့ ရေးပြထားတဲ့ စာစုတွေဖြစ်ပါတယ်။

    ဆရာဇော်ဂျီရဲ့ “သင်သေသွားသော်” ကဗျာကို အလွတ်ရအောင် ကျက်ထားဖို့ ဒီစာအုပ်ထဲမှာ ရေးပြထားတာမို့ လူသားတွေအတွက် တကယ်ထိမိပါတယ်။ စာရေးချင်တဲ့သူတွေအတွက် စာရေးတာမှာ နည်းမှန်လမ်းမှန်ဖြစ်ဖို့ နည်းနည်းပါးပါးလေး ထည့်ရေးပြထားတယ်။

    ဒီစာအုပ်ဟာ ကျနော့်အကြိုက်တော့မဟုတ်ပေမယ့် အပြင်လက်တွေ့ဘဝနဲ့ နီးစပ်တယ်။ အရေးအသားကြီးက အရမ်းကြီး Struggle အဖြစ်ဆုံးလို့ ခံစားမိတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နှင်းအေးလူ စာအုပ်များ