ရူးမူရာကာမိ တိုကျိုကျဆုံးခန်း လက်ရွေးစင်၀တ္ထုတိုများ

( 0 မှတ်ချက်)

5500 (ကျပ်)

ဆရာမိုးသက်ဟန်က တိုကျိုကျဆုံးခန်း အမည်နဲ့ ဘာသာပြန်ဆိုထားတဲ့ Tokyo Decadence ဟာ Ryu Murakami ရဲ့ ဝတ္ထုတိုစာအုပ်တွေထဲက လက်ရွေးစင်ဝတ္ထုတိုတွေကို ထုတ်နုတ်ပြီး ၂၀၁၆ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ Ryu Murakami ကို ၁၉၅၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ပထမဆုံးစာအုပ်အဖြစ် ၁၉၇၆ မှာ Almost Transparent Blue ကို ထုတ်ဝေခဲ့ပြီး ယနေ့ထက်တိုင် ဝတ္ထု၊ အက်ဆေးများ ဆက်လက်ရေးသားလျက်ရှိပါတယ်။

တိုကျိုကျဆုံးခန်းစာအုပ်ထဲက တချို့ဝတ္ထုတိုတွေက ချစ်စဖွယ်၊ ကြည်နူးဖွယ်၊ ပြုံးစစဖြစ်ချင်စဖွယ်တွေဖြစ်ပေမယ့် တချို့ဝတ္ထုတိုတွေက ဂျပန်လူ့အဖွဲ့အစည်းထဲက အမှောင်ခြမ်းတွေကို နက်နက်ရှိုင်းရှိုင်း တူးဖော်ထားတာ ဖြစ်တာမို့ စာဖတ်သူတို့ရဲ့ စိတ်အာရုံထဲကို ဝင်ရောက်စိုးမိုးစေမှာပါ။ ပြောရရင် ၁၉၇၀ ခုနှစ်ကာလတွေက ဂျပန်ဟစ်ပီလှုပ်ရှားမှုအကြောင်းတွေ၊ မူး ယစ် ဆေးဝါး စွဲလမ်းမှုအကြောင်းတွေ၊ ကြမ်းရှတဲ့ လိင် ပိုင်း ဆိုင်ရာအကြောင်းတွေလိုမျိုးအပါအဝင် ဝတ္ထုတိုတွေဟာ Ryu Murakami ရဲ့ ထုံးစံအတိုင်း အရာရာကို ရဲတင်း၊ ပွင့်လင်းစွာပဲ ရေးသားထားပါတယ်။

တိုကျိုကျဆုံးခန်းနဲ့ ပတ်သက်ပြီး ဘာသာပြန်သူ ဆရာမိုးသက်ဟန်ကတော့ “မိမိအနေနဲ့ လွတ်လပ်စွာ ရေးသားဖန်တီးခွင့်ကို လက်ခံထားတဲ့အလျောက် မူရင်းအရသာနဲ့ ကင်းကွာမှုနည်းအောင် အတတ်နိုင်ဆုံး မြန်မာဘာသာသို့ ပြန်ဆိုထားတယ်” လို့ ဆိုပါတယ်။

စာမျက်နှာ

325

စာအုပ်အရွယ်အစား

5.2 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2021 နိုဝင်ဘာလ၊ (ပ-ကြိမ်)

Out of stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရူးမူရာကာမိ တိုကျိုကျဆုံးခန်း လက်ရွေးစင်၀တ္ထုတိုများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မိုးသက်ဟန် စာအုပ်များ