ဆက်ရန်ရှိသေးသည် ( ဆဌမအကြိမ်ထုတ်)

( 0 မှတ်ချက်)

4000 (ကျပ်)

ချမ်းသာဟာ.. အင်မတန်လူဆန်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူ့ဘဝဟာ အရာရာ အပြစ်ကင်းစင်ပြီး.. နေသားတကျတည်ငြိမ်နေတဲ့.. ဘဝမဟုတ်ပါဘူး။ စိတ်အားဖြင့်လည်းကောင်း၊ ကိုယ်အားဖြင့်လည်းကောင်း၊ အမြဲလှုပ်ခတ်နေသော ဘဝမျိုးပါ…။ ဒါကြောင့် သူ့ကို ဖန်တီးရေးဖွဲ့တာဟာ လုံးဝပျင်းစရာ မကောင်းခဲ့ပါဘူး။
ကျွန်မသူ့ကို ဇာတ်ကောင်တစ်ကောာင်အဖြစ် အသက်သွင်းမွေးမြူဖို့ စိတ်အားထက်သန်ခဲ့တာက… ကျွန်မတို့ သူသူငါငါ လူသတ္တဝါတွေစိတ်ထဲမှာ တိတ်တခိုးကျူးလွန်နေမိတတ်ကြတဲ့ အမှားတွေကို သူက ပေါ်ပေါ်တင်တင် မှားယွင်းပြရဲခဲ့သူမို့ပါ။ ပြီးတော့ ဝန်ခံတယ်.. ပြုပြင်တယ်.. ရှေ့ဆက်တယ်.. သူဟာ အပြစ်အနာအဆာတွေရှိတဲ့ ဇာတ်ကောင်ပါ…။ သူ့မှာ အမှားတွေ ရှိတယ်ဆိုရင် သူ့အမှားတွေက သင်ခန်းစာယူလိုက်ဖို့ပါပဲ။ ကိုယ်လည်း သူ့လို မှားခဲ့တယ်ဆိုရင် ပြန်ပြငို့ သူ့ဆီက ခွန်အားယူကြည့်ပါ…
စာဖတ်သူတွေအနေနဲ့ အမျိုးစုံ ဝိဝါဒကွဲပြားနိုင်ပေမဲ့… ဒါဟာ ဝတ္ထုစာအုပ်လို့တော့ သဘောပေါက်နားလည်းပေးစေချင်ပါတယ်။ perfect ဖြစ်တဲ့ ဇာတ်ကောင်တွေချည်းပဲဆိုရင် ဒီဝတ္ထုလည်း ဖြစ်လာစရာအကြောင်းမရှိပါဘူး။
#မွန်ဟော်စီ

စာမျက်နှာ

176

စာအုပ်အရွယ်အစား

5.3 x 0.4 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ စက်တင်ဘာလ (ဆဌမအကြိမ်ထုတ်မူ)

144 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဆက်ရန်ရှိသေးသည် ( ဆဌမအကြိမ်ထုတ်)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မွန်ဟော်စီ စာအုပ်များ