ကမ္ဘာ့မော်ကွန်းဝင် မေတ္တာရှင်သုံးဦး
3000 (ကျပ်)
◾️ နိုက်တင်ဂေးဟာ သူ့ရဲ့ရှေ့ဆောင်လမ်းပြကြိုးပမ်းမှုတွေကြောင့် ဒီကနေ့ ကျွန်တော်တို့ခေတ်အထိ အကျိုးပြုနေဆဲပါ။ တကိုယ်ရည် သန့်ရှင်းရေးအတွက် အထူးသဖြင့် လက်တွေပုံမှန်ဆေးဖို့ လမ်းညွှန်ခဲ့သလို လူနာတွေကို အကောင်းဆုံးပြုစုစောင့်ရှောက်နိုင်ဖို့၊ ဘယ်လိုလူနာမျိုးပဲဖြစ်ဖြစ် ပြုစုစောင့်ရှောက်တဲ့အခါမှာ ကောင်းမွန်တဲ့ အလေ့အထတွေကို လိုက်နာဆောင်ရွက်ကြဖို့၊ တာဝန်ကျေပွန်မှုနဲ့ မြင့်မားတဲ့ စံတန်ဖိုးတွေ ထားရှိနိုင်ဖို့အတွက် ရှေ့ဆောင်လမ်းပြခဲ့လို့ပါပဲ။
◾️ ဟယ်လင်ကယ်လာဟာ လူသားအားလုံးရဲ့ စံထားထိုက်သူ သူရဲကောင်းတစ်ဦးဆိုရင်လည်း မမှားပါဘူး။ အမှောင်ကမ္ဘာထဲကနေ သူမ အလင်းရရှိအောင် ဖောက်ထွက်ကြိုးစားခဲ့ပြီး မဖြစ်နိုင်တဲ့အရာတွေကို ဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။ သူမဟာ လူ့သမိုင်းမှာ မော်ကွန်းထိုး စံပြုထိုက်သူစာရင်းမှာ ထိပ်ဆုံးက အမြဲပါဝင်သူတစ်ဦး ဖြစ်ပါတယ်။
◾️ မာသာထရီဆာဟာ ဆင်းရဲသားအပါအဝင် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်သူ ကလေးနဲ့ သက်ကြီးရွယ်အိုများအတွက် ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ဖို့အတွက် သူမဘ၀နဲ့ရင်းပြီး ကူညီကယ်တင်ခဲ့ပါတယ်။ သူမရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်တွေကြောင့် ၁၉၇၉ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပထမဆုံးအာရှိတိုက် အမျိုးသမီးဆုရှင်အဖြစ် ဆုရရှိခဲ့ပါတယ်။
ဒီစာအုပ်လေးဟာ ကမ္ဘာ့သမိုင်းတလျှောက် စံပြုမော်ကွန်းတင်အပ်တဲ့ မေတ္တာရှင်အမျိုးသမီးသုံးဦးဖြစ်တဲ့ နိုက်တင်ဂေး၊ ဟယ်လင်ကယ်လာနှင့် မာသာထရီဆာတို့၏ ဘ၀ဇာတ်ကြောင်းနှင့် ဆောင်ရွက်မှုများအကြောင်းကို မှတ်တမ်းတင်ရေးဖွဲ့ထားတာဖြစ်ပြီး အတ္ထုပ္ပတ္တိရှင်များ ထွန်းညှိခဲ့တဲ့ အလင်းကို စာပေမှတဆင့် ဖတ်မှတ်ခံစားရမှာဖြစ်ပါတယ်။
စာမျက်နှာ | 128 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.6 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2021 နိုဝင်ဘာလ (ပ-ကြိမ်) |
41 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ