လူငယ်တစ်ယောက်လျှောက်သောလမ်း

( 0 မှတ်ချက်)

4500 (ကျပ်)

ယခုစာအုပ်လေးထဲတွင် လူငယ်များအတွက် ခွန်အားဖြစ်စေရန်၊ ရည်မှန်းချက် ခိုင်မာပြတ်သားစေရန်၊ ဝါသနာနှင့် ဝမ်းရေးကို ချိန်ညှိတတ်စေရန်၊ ကိုယ်လျှောက်မည့်လမ်းကို မှန်ကန်စွာရွေးချယ်တတ်စေရန်၊ ထိုလမ်းအတွက် ဇွဲရှိစေရန်၊ လမ်းမှားများကို မလျှောက်မိစေရန် စသောအကြောင်းအရာများ ပါရှိလေသည်။ စာအုပ်၏ နေရာတစ်ခုတွင် စာရေးသူက အောက်ပါတိုင်း ညွှန်းဆိုဖော်ပြထား၏။ ယင်းမှာ — လူငယ်တစ်ယောက်အတွက် အရေးအကြီးဆုံးအချက်မှာ ကိုယ်လျှောက်မည့်လမ်းကို ကိုယ်တိုင်ရွေးချယ်နိုင်ဖို့သာ ဖြစ်သည်။ ‘လူ’ဟူ၍ဖြစ်လာပါက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရမည်။ ကိုယ်ပိုင်လမ်းကို လျှောက်နိုင်ရမည်။ ထိုကဲ့သို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန်၊ ကိုယ့်လမ်းကိုယ် လျှောက်နိုင်ရန်အတွက် လူငယ်ဘ၀ကတည်းက ကိုယ့်လမ်းကိုယ် ရွေးချယ်နိုင်ရမည်။လူငယ်ဟူသည် လောကတံခါးကို ခွန်အားဖြင့် တွန်းဖွင့်နေသူ ဖြစ်သင့်၏။

စာမျက်နှာ

132

စာအုပ်အရွယ်အစား

5.5 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

မိုးကောင်းမြေစာပေ၊ 2022 အောက်တိုဘာလ (ပထမအကြိမ်)

17 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လူငယ်တစ်ယောက်လျှောက်သောလမ်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

သုနေ စာအုပ်များ