ကမ္ဘာကိုကိုင်လှုပ်သူ

( 0 မှတ်ချက်)

7000 (ကျပ်)

ကမ္ဘာကျော်စာရေးဆရာကြီး ဆာဟင်နရီရိုက်ဒါဟတ်ဂတ်၏ စာအုပ်ဖြစ်ပြီး ဆရာကြီးဒဂုန်ရွှေမျှား၏ ဘာသာပြန် လက်ရာကောင်းတစ်အုပ် ဖြစ်သည်။ စာအုပ်၏ဇာတ်လမ်းမှာ အင်္ဂလန်နိုင်ငံ ဒီဗွန်ရှိုင်းယားနယ်သား အာဗူနော့ တစ်ယောက် ပညာရေး၊ စီးပွားရေး အားလုံး အဆင်ပြေချောမွေ့စွာ နေထိုင်ရပြီးနောက် နေတာလီဆိုသော အမျိုးသမီးလေး တွေ့ဆုံလက်ထပ်ပြီး နေတာလီ ဆုံးပါးသွားတဲ့အခါ အထီးကျန်ဆန်ဖြစ်နေရာမှ သူငယ်ချင်းများ ဖြစ်သော တရားဟောဆရာ ဗက်စတင်၊ ဆရာဝန် ဗစ်ကလီတို့နှင့်အတူ သြစတေးလျတိုက်သို့ ခရီးထွက်ခဲ့ကြရာမှ သင်္ဘောပျက်ပြီး အိုရိုဖီနာလူရိုင်းမျိုးနွယ်စု နေထိုင်သော ကျွန်းသို့ ရောက်သွားခဲ့သည်။ ထိုကျွန်းတွင် လူရိုင်းတို့ ကိုးကွယ်သော အိုရိုအမည်ရ နတ်ရုပ်ကြီးကို ဗက်စတင်က မီးရှို့ရာမှ ကျွန်း၏အလယ်ရှိ ရေအိုင်ကြီးတစ်ဖက်သို့ ထွက်ပြေးခဲ့ရသည်။ ထိုရေအိုင်တစ်ဖက် ကျောက်ဂူကြီးအတွင်းသို့ စူးစမ်းသွားရောက်စဉ် ထူးဆန်းသော ယာဉ်ပျံကြီးနှင့်တကွ အဘိုးအိုတစ်ယောက်နှင့် မိန်းမပျိုလေးတစ်ယောက်တို့၏ မှန်ခေါင်းများကို တွေ့ရှိရပြီး စမ်းသပ်ကြည့်သောအခါ အသက်ရှိသေးကြောင်း သိရှိရသဖြင့် မှန်ခေါင်းကို ဖွင့်ကာ အသက်ရှင်ရန် ကြိုးစားခဲ့လေ သည်။ အဘိုးအိုအမည်မှာ အိုရိုဖြစ်ပြီး မိန်းမပျိုလေး၏ အမည်မှာ အီဗာဖြစ်ကာ သူတို့သည် ရှေးဟောင်းမျိုးနွယ်စု ၏ ဘုရင်နှင့် သမီးတော် ဖြစ်ကြောင်း သိလိုက်ရလေသည်။ အိုရို၏ ထူးဆန်းပုံများနှင့် မြေအောက်ကမ္ဘာကြီးသို့ ရောက်ရှိသွားခဲ့ပုံများ၊ အိုရို၏ အကြံအစည်များကို သိရှိသွားပြီး အာဗူနော့၊ ဗက်စတင်၊ ဗစ်ကလီနှင့် အီဗာတို့ ဘယ်လိုကယ်တင်ကြမလဲဆိုတာ ဆရာကြီးဒဂုန်ရွှေမျှား၏ လက်ရာ ‘ကမ္ဘာကိုကိုင်လှုပ်သူ’ စာအုပ်လေးထဲမှာ ဖတ်ရှုကြည့်လိုက်ကြရအောင်။

စာမျက်နှာ

389

စာအုပ်အရွယ်အစား

5.4 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဆုပြည့်စုံထွန်းစာပေ၊ 2022 မေလ(တတိယအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကမ္ဘာကိုကိုင်လှုပ်သူ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ဒဂုန်ရွှေမျှား စာအုပ်များ