လက်ဆောင်မွန် (Pre-Order)

( 1 မှတ်ချက်)

2000 (ကျပ်)

လက်ဆောင်မွန် ( The Present ) ကို ရေးသားသည့် စပင်ဆာ ဂျွန်ဆင် ( Spencer Johnson ) သည် လူကြိုက်များ၊ ရောင်း အကောင်းဆုံး အတွေးအမြင် စာအုပ်များရေးသားပြုစုခဲ့သူဖြစ်၏။
ဘာတွေ လက်ဆောင်ပေးထားပါသလဲ။
သူပေးသွားသည့် လက်ဆောင်မွန်မှာ သင့်ဘဝကို အဓိပ္ပာယ်ရှိသော ဘဝနှင့် နေပျော်သော ဘဝတစ်ခုဖြစ်လာအောင် ဖန်တီးဖို့ဖြစ်၏။ ထိုသို့ ဖန်တီး ရာ၌ ကျွန်တော်တို့ နေထိုင်ကျင့်ကြံသင့်သည့် ကျင့်စဉ်များကို ဖော်ပြသွားသည်။ ကျွန်တော်တို့ နေထိုင်ကျင့်ကြံသင့်သည့် ကျင့်စဉ်များဆိုလို့ ကြီးကြီးကျယ်ကျယ် ခက်ခက်ခဲခဲကျင့်စဉ်များဟု မထင်လိုက်ပါနှင့်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်အများစု သိနေပြီးသား၊ ကြားဖူးပြီးသား ကျင့်စဉ်များဖြစ်ကြောင်း တွေ့ရပါမည်။ တစ်နည်းဆိုရသော် ကျွန်တော်တို့ ကြားဖူးနားဝရှိသော်လည်း လက်တွေ့ကျင့်သုံးဖို့ ပျက်ကွက်နေသည့်၊ ကျွန်တော် တို့ မျက်စိလျှမ်းနေသည့် ကျင့်စဉ်များဖြစ်ကြောင်း တွေ့ရပါမည်။ တကယ် လက်တွေ့ကျင့်သုံးလျှင် တကယ်အကျိုးထူးများရစေမည့် ကျင့်စဉ်များလည်း ဖြစ်ပါသည်။
စပင်ဆာဂျွန်ဆင်က သူ့စာအုပ်တိုင်းတွင် စကားလုံးတွေ သိပ်အများကြီးမရေးဘဲ ခပ်ကျဲကျဲနှင့် ထိမိအောင် တင်ပြလေ့ရှိ၏။ ယခု ဤ စာအုပ်တွင် စကားပြောခန်းများပါသည်။ စကားပြောများလျှင် ဆက်တိုက်ရေး မည့်အစား အပိုဒ်များ ခွဲရေးသည်။ တစ်ခါတစ်ရံ အပိုဒ်လိုက်ပင် မဟုတ်ဘဲ တစ်ကြောင်းချင်းခွဲရေးသွားသည်။ သူတင်ပြလိုသည့် အတွေးများရောထွေး မသွား ဘဲ ရှင်းလင်းထိရောက်စွာ နားထဲဝင်စေလိုသည့်သဘောဟု ယူဆ ပါသည်။ ကျွန်တော်ဘာသာပြန်ရာတွင်လည်း သူ့မူရင်းဟန်အတိုင်း ဘာသာပြန်ထား ပါသည်။ စာကြောင်းများကို ကျွန်တော့်သဘောအတိုင်း တမင်ခွဲထုတ်ပြီး စာမျက်နှာဆွဲဆန့်ထားခြင်းမဟုတ်ကြောင်း ကြိုတင်အသိပေး မေတ္တာရပ်ခံအပ် ပါသည်။

စာအုပ်ထွက်မည့်ရက်

11.12.2020

စာမျက်နှာ

95

စာအုပ်အရွယ်အစား

5.1 x 0.3 x 8 inches

ပုံနှိပ်မှတ်တမ်း

ကိုနေမန်း စာပေ၊ 2013

လက်ဆောင်မွန် (Pre-Order) အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Ei Ei

    စာရေးဆရာမြတ်ငြိမ်းဘာသာပြန်ဆိုရေးသားတဲ့စာအုပ်ကိုညွှန်းချင်မိပါတယ်။” စာအုပ်ထဲကပေးချင်သောအရာကလုပ်ငန်းခွင်ထဲမှာသာမကမိမိဘဝကိုလျှောက်လှမ်းရာမှာပါအသုံးဝင်ပါတယ်။အချက်လေးသုံးချက်နဲ့ကောက်နုတ်တင်ပြပါမယ်။
    ၁။လက်ရှိပစ္စပ္ပုန်ကိုကောင်းမွန်အောင်ကြိုးစားပီးတစ်စိုက်မတ်မတ်အာရုံပျံလွင့်ခြင်းမရှိလုပ်ဆောင်ရမည်။
    ၂။အတိတ်ကပြုလုပ်ခဲ့သောအမှား(အရာ)တွေအတွက်သင်ခန်းစာယူပီးပစ္စပ္ပုန်ကာလကိုတိုးတတ်အောင်လုပ်ဆောင်နိုင်ရမည်။
    ၃။အနာဂတ်အတွက်ကောင်းမွန်သင့်တော်မဲ့ရည်မှန်းချက်ပန်းတိုင်ကိုထားရမယ်။
    စာအုပ်ထဲကကောက်နုတ်ချက်လေးဖြစ်ပါတယ်။ဒီထက်ပိုမိုစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာများပါဝင်သောကြောင့်ဖတ်ကြည့်ဖို့ညွှန်းချင်ပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မြတ်ငြိမ်း စာအုပ်များ